[Zawgyi]

ျမင့္မားတဲ့ ေငြေၾကးတစ္ရပ္နဲ႔ ႏူးကမ့္ကြင္းနာမည္ကို ေရာင္းခ်ဖို႔ စီစဥ္ေနတဲ့ ဘာစီလိုနာအသင္း

စပိန္လာလီဂါထိပ္သီး ဘာစီလိုနာအသင္းအေနနဲ႔ ျမင့္မားတဲ့ ေငြေၾကးတစ္ရပ္နဲ႔ အသင္းပိုင္အိမ္ကြင္းျဖစ္တဲ့ ႏူးကမ့္ကြင္းနာမည္ကို ေရာင္းခ်ဖို႔ စီစဥ္ေနခဲ့တယ္။ ႏူးကမ့္ကြင္းနာမည္ကို ေရာင္းခ်ရာကေန ေပါင္သန္း (၂၇၀)ေလာက္အထိ ရရွိဖို႔ ဘာစီလိုနာအသင္းက ေမွ်ာ္လင့္ေနေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့တယ္။ ပရိသတ္ (၉၉,၃၅၄)ဦး ဝင္ဆံ့တဲ့ ႏူးကမ့္ကြင္းကို ဘာစီလိုနာအသင္းက (၂၀၂၂) ခုႏွစ္မွာ အႀကီးစား ျပင္ဆင္မႈေတြ ျပဳလုပ္သြားဖို႔ရွိေနၿပီး ျပင္ဆင္မႈေတြ မျပဳလုပ္ခင္မွာ အိမ္ကြင္းနာမည္ ေရာင္းခ်ရာက အက်ိဳးအျမတ္ေတြ ရရွိဖို႔ ပစ္မွတ္ထားေနခဲ့တာျဖစ္ပါတယ္။ အေစာပိုင္းက ေပါင္သန္း (၁၈၀)ေလာက္နဲ႔ ကြင္းနာမည္ေရာင္းခ်ဖို႔ စီစဥ္ခဲ့တာျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ ကြင္းနာမည္ဝယ္ယူၿပီး ရင္းႏွီးျမွပ္ႏွံမယ့္သူေတြ ရရွိမယ့္ အက်ိဳးအျမတ္ေတြကို ထည့္သြင္းတြက္ခ်က္ၿပီး ေစ်းႏႈန္းတိုးျမွင့္ခဲ့တာျဖစ္ေၾကာင္း စပိန္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

Nou-Camp-stadium-expansion-plans

Nou-Camp-stadium-expansion-plans

ဘာစီလိုနာအသင္းအေနနဲ႔ ရာသီႀကိဳေျခစမ္းခရီးစဥ္အျဖစ္ အေမရိကန္ႏိုင္ငံကို ေရာက္ရွိေနတဲ့ ကာလအတြင္း ကြင္းအမည္ေရာင္းခ်ႏိုင္ဖို႔ အေမရိကန္အေျခစိုက္ စီးပြားေရးကုမၸဏီေတြကို  အသင္းတာဝန္ရွိသူေတြက အဓိကပစ္မွတ္ထား ဆြဲေဆာင္သြားဖို႔ ရွိေနခဲ့ပါတယ္။ ႏူးကမ့္ကြင္းကို အဆင့္ျမွင့္တင္ ေျပာင္းလဲမႈေတြ ျပဳလုပ္ၿပီးရင္ ဘာစီလိုနာအသင္းအေနနဲ႔ ကြင္းနာမည္ကို ‘Barca Space’ လို႔ အမည္ေျပာင္းေပးသြားဖို႔ရွိေနေၾကာင္း စပိန္အေျခစိုက္ မီဒီယာေတြက ဟာသဆန္ဆန္ေဖာ္ျပခဲ့ၾကပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ထိပ္သီးအသင္းေတြျဖစ္တဲ့ မန္စီးတီးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔လို႔ ကြင္းနာမည္ေရာင္းခ်ခဲ့ရာကေန အက်ိဳးအျမတ္ေတြ ရွာေဖြဖို႔ ဘာစီလိုနာအသင္းက စီစဥ္ေနခဲ့တာျဖစ္ၿပီး မန္စီးတီးအသင္းက Etihad Airways နဲ႔ အာဆင္နယ္အသင္းက Fly Emirates Airways တို႔ကို အသီးသီးေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

Nou-Camp-stadium

Nou-Camp-stadium

အားကစားေလာကရဲ႕ ႀကီးက်ယ္ခမ္းနားတဲ့ ပံုရိပ္တစ္ခုျဖစ္လာဖို႔ ဘာစီလိုနာအသင္း တာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနၿပီး အခုထက္ပိုမိုတဲ့ ကြင္းျပင္ပေအာင္ျမင္မႈေတြ ရွာေဖြႏိုင္ဖို႔အတြက္ နည္းလမ္းေပါင္းစံုနဲ႔ စီစဥ္မႈေတြ ျပဳလုပ္ဖို႔ ဆႏၵရွိေနခဲ့တာပါ။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ဘာစီလိုနာအသင္းအေနနဲ႔ စပြန္ဆာအရပ္ရပ္ကေန စံခ်ိန္တင္ဝင္ေငြအျဖစ္ ေပါင္ (၁၈၇)သန္းအထိ ရရွိခဲ့ၿပီး လာလီဂါၿပိဳင္ဘက္ ရီးယဲလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ထိပ္သီး မန္ယူအသင္းတို႔ကို ေက်ာ္ျဖတ္ကာ စပြန္ဆာကေန ေငြေၾကးပမာဏအမ်ားဆံုး ရရွိတဲ့အသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

REF:The Sun
Photo:National, SoccerBible, bfmtv.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မြင့်မားတဲ့ ငွေကြေးတစ်ရပ်နဲ့ နူးကမ့်ကွင်းနာမည်ကို ရောင်းချဖို့ စီစဉ်နေတဲ့ ဘာစီလိုနာအသင်း

စပိန်လာလီဂါထိပ်သီး ဘာစီလိုနာအသင်းအနေနဲ့ မြင့်မားတဲ့ ငွေကြေးတစ်ရပ်နဲ့ အသင်းပိုင်အိမ်ကွင်းဖြစ်တဲ့ နူးကမ့်ကွင်းနာမည်ကို ရောင်းချဖို့ စီစဉ်နေခဲ့တယ်။ နူးကမ့်ကွင်းနာမည်ကို ရောင်းချရာကနေ ပေါင်သန်း (၂၇၀)လောက်အထိ ရရှိဖို့ ဘာစီလိုနာအသင်းက မျှော်လင့်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။ ပရိသတ် (၉၉,၃၅၄)ဦး ဝင်ဆံ့တဲ့ နူးကမ့်ကွင်းကို ဘာစီလိုနာအသင်းက (၂၀၂၂) ခုနှစ်မှာ အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ရှိနေပြီး ပြင်ဆင်မှုတွေ မပြုလုပ်ခင်မှာ အိမ်ကွင်းနာမည် ရောင်းချရာက အကျိုးအမြတ်တွေ ရရှိဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ အစောပိုင်းက ပေါင်သန်း (၁၈၀)လောက်နဲ့ ကွင်းနာမည်ရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ ကွင်းနာမည်ဝယ်ယူပြီး ရင်းနှီးမြှပ်နှံမယ့်သူတွေ ရရှိမယ့် အကျိုးအမြတ်တွေကို ထည့်သွင်းတွက်ချက်ပြီး ဈေးနှုန်းတိုးမြှင့်ခဲ့တာဖြစ်ကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Nou-Camp-stadium-expansion-plans

Nou-Camp-stadium-expansion-plans

ဘာစီလိုနာအသင်းအနေနဲ့ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ကာလအတွင်း ကွင်းအမည်ရောင်းချနိုင်ဖို့ အမေရိကန်အခြေစိုက် စီးပွားရေးကုမ္ပဏီတွေကို အသင်းတာဝန်ရှိသူတွေက အဓိကပစ်မှတ်ထား ဆွဲဆောင်သွားဖို့ ရှိနေခဲ့ပါတယ်။ နူးကမ့်ကွင်းကို အဆင့်မြှင့်တင် ပြောင်းလဲမှုတွေ ပြုလုပ်ပြီးရင် ဘာစီလိုနာအသင်းအနေနဲ့ ကွင်းနာမည်ကို ‘Barca Space’ လို့ အမည်ပြောင်းပေးသွားဖို့ရှိနေကြောင်း စပိန်အခြေစိုက် မီဒီယာတွေက ဟာသဆန်ဆန်ဖော်ပြခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့လို့ ကွင်းနာမည်ရောင်းချခဲ့ရာကနေ အကျိုးအမြတ်တွေ ရှာဖွေဖို့ ဘာစီလိုနာအသင်းက စီစဉ်နေခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းက Etihad Airways နဲ့ အာဆင်နယ်အသင်းက Fly Emirates Airways တို့ကို အသီးသီးရောင်းချခဲ့တာဖြစ်ပါတယ်။

Nou-Camp-stadium

Nou-Camp-stadium

အားကစားလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ်တစ်ခုဖြစ်လာဖို့ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေက မျှော်လင့်နေပြီး အခုထက်ပိုမိုတဲ့ ကွင်းပြင်ပအောင်မြင်မှုတွေ ရှာဖွေနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ စီစဉ်မှုတွေ ပြုလုပ်ဖို့ ဆန္ဒရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘာစီလိုနာအသင်းအနေနဲ့ စပွန်ဆာအရပ်ရပ်ကနေ စံချိန်တင်ဝင်ငွေအဖြစ် ပေါင် (၁၈၇)သန်းအထိ ရရှိခဲ့ပြီး လာလီဂါပြိုင်ဘက် ရီးယဲလ်အသင်းနဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းတို့ကို ကျော်ဖြတ်ကာ စပွန်ဆာကနေ ငွေကြေးပမာဏအများဆုံး ရရှိတဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

REF:The Sun
Photo:National, SoccerBible, bfmtv.com
Aung Kyaw Wai (Akhayar)
www.akhayar.com