[Zawgyi]

ရာသီအဖြင္႔လွခဲ႔ၾကတဲ႔ ဘာစီလိုနာ နဲ႔ ရီးယဲလ္မက္ဒရစ္

စပိန္လာလီဂါပြဲစဥ္(၁)မွာေတာ႔ အသင္းၾကီးေတြျဖစ္ၾကတဲ႔ ဘာစီလိုနာ နဲ႔ ရီးယဲလ္မက္ဒရစ္အသင္းတို႔ဟာ ႏိုင္ပြဲေတြကိုယ္စီနဲ႔အဖြင္႔လွခဲ႔ၾကပါတယ္။ ဘာစီလိုနာ နဲ႔ ရီးယဲလ္မက္ဒရစ္အသင္းတို႔ဟာ ရာသီအစပြဲစဥ္ေတြကို ရလဒ္ေကာင္းေတြနဲ႔အတူ အမွားအယြင္းမရိွ ေက်ာ္ျဖတ္ႏိုင္ခဲ႔ၾကတာျဖစ္ပါတယ္။

ဘာစီလိုနာ ၃ – ၀ အလာဗတ္စ္

Messi

Messi

ဘာစီလိုနာအသင္းဟာ ရာသီအဖြင္႔ပြဲစဥ္အျဖစ္ အလာဗတ္စ္အသင္းကို အိမ္ကြင္းမွာလက္ခံကစားခဲ႔ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ေကာ္တင္ဟို Coutinho မပါ၀င္ခဲ႔တာကလြဲရင္ လူစံုပြဲထြက္ခဲ႔တာပါ။ ပြဲအစပိုင္းမွာ ဘာစီလိုနာအသင္းဟာ ဂိုးရဖို႔အတြက္ရုန္းကန္ခဲ႔ရပါတယ္။ ဘာစီလိုနာအသင္းဟာ အလာဗတ္စ္အသင္းကို ဖိအားေပးကစားႏိုင္ခဲ႔ေပမယ္႔ ဂိုးရရိွခဲ႔ျခင္းမရိွပဲ ပထမပိုင္းအျပီးအထိဂိုးမရိွသေရက်ေနခဲ႔ပါတယ္။ ဒုတိယပိုင္းမွာေတာ႔ ဘာစီလိုနာအသင္းဟာေကာ္တင္ဟို Coutinho ကိုထည္႔သြင္းျပီး တိုက္စစ္ကိုပိုျမွင္႔တင္ကစားခဲ႔ပါတယ္။ ပြဲခ်ိန္(၆၄)မိနစ္မွာေတာ႔ ဘာစီလိုနာအသင္းဟာ ဦးေဆာင္ဂိုးစရခဲ႔ျပီး ရရိွခဲ႔တဲ႔ အလြတ္တည္ကန္ေဘာကို မက္ဆီ Messi ဟာ အနိမ္႔ကန္ခ်က္နဲ႔ကန္သြင္းခဲ႔တာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ထိုးေဖာက္ကန္သြင္းခ်က္ေတြကိုလည္း အလာဗတ္စ္ဂိုးသမား ပါခ်ီကို Pacheco ကလက္စြမ္းျပကာကြယ္မႈေတြျပဳလုပ္ခဲ႔ပါတယ္။ ပြဲခ်ိန္(၈၃)မိနစ္မွာေတာ႔ လူစား၀င္ကစားသမား ေကာ္တင္ဟို Coutinho ဟာသူ႔ရဲ႕ပံုစံအတိုင္းကန္သြင္းျပီး အသင္းအတြက္ဒုတိယဂိုးသြင္းယူေပးခဲ႔ပါတယ္။ ဘာစီလိုနာအသင္းအတြက္ပြဲသိမ္းဂိုးကိုေတာ႔ ပြဲျပီးခါနီးမွာ မက္ဆီ Messi ကသြင္းယူခဲ႔တာျဖစ္ျပီး ဘာစီလိုနာအသင္းဟာ အလာဗတ္စ္အသင္းကို(၃ – ၀ )နဲ႔အႏိုင္ရရိွခဲ႔ပါတယ္။

ရီးယဲလ္မက္ဒရစ္ ၂ – ၀  ဂီတာေဖး

Bale

Bale

စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ ဇီဒန္း Zidane တို႔မရိွေတာ႔တဲ႔ ရီးယဲလ္အသင္းဟာ ေစာင္႔ၾကည္႔ခ်င္စရာေကာင္းတဲ႔အသင္းျဖစ္လာခဲ႔ပါတယ္။ ဘာစီလိုနာအႏိုင္ရရိွခဲ႔တာေၾကာင္႔ ရီးယဲလ္အသင္းအေနနဲ႔လည္း ႏိုင္ပြဲရရိွဖို႔လိုအပ္ေနခဲ႔တာပါ။ ရီးယဲလ္အသင္းရဲ႕ အသစ္ေခၚယူထားတဲ႔ ဂိုးသမား ေကာ္တိုအာ Courtois ကေတာ႔ အရန္ခံုမွာပဲရိွေနခဲ႔ျပီး နာဗတ္စ္ Navas ကပြဲထြက္ပါ၀င္ကစားခဲ႔ပါတယ္။ ရီးယဲလ္အသင္းရဲ႕တိုက္စစ္ပိုင္းကိုေတာ႔ ဘန္ဇီမာ Benzema နဲ႔ ေဘးလ္ Bale တို႔က ဦးေဆာင္လာခဲ႔ပါတယ္။ ရီးယဲလ္အသင္းဟာ ပံုမွန္အတိုင္းပဲ ဂီတာေဖးအသင္းကို ဖိအားေပးကစားႏိုင္ခဲ႔ျပီး ႔ ေဘးလ္ဟာလည္း အေကာင္းဆံုးကစားနိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္မိနစ္(၂၀)မွာပဲ ရီးယဲလ္အသင္းဟာဦးေဆာင္ဂိုးစရခဲ႔ျပီး ဂီတာေဖးဂိုးသမားပုတ္ထုတ္လို႔က်လာတဲ႔ ေဘာလံုးကို အသင္႔ရိွေနတဲ႔ ကာဗာဂ်ယ္ Carvajal က ေခါင္းတိုက္သြင္းယူခဲ႔တာပါ။ ရီးယဲလ္အသင္းဟာ ဂီတာေဖးအသင္းကို အသာစီးကစားခဲ႔ျပီး ပြဲခ်ိန္(၅၁)မိနစ္မွာေတာ႔ ေဘးလ္ Bale ဟာအသင္းအတြက္ဒုတိယဂိုးကိုသြင္းယူေပးခဲ႔ပါတယ္။ စီေရာ္နယ္လ္ဒို Cristiano Ronaldo မရိွေတာ႔ေပမယ္႔ ရီးယဲလ္အသင္းရဲ႕တိုက္စစ္ကစားပံုဟာ အေကာင္းဆံုးအေနအထားရိွေနဆဲျဖစ္ျပီး ပြဲအျပီးမွာေတာ႔ အိမ္ရွင္ ရီးယဲလ္အသင္းဟာ ဂီတာေဖးအသင္းကို(၂ – ၀ )နဲ႔အႏုိင္ရရိွခဲ႔ပါတယ္။

Photo: Barcelona Twitter , Real Madrid Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရာသီအဖွင့်လှခဲ့ကြတဲ့ ဘာစီလိုနာ နဲ့ ရီးယဲလ်မက်ဒရစ်

စပိန်လာလီဂါပွဲစဉ်(၁)မှာတော့ အသင်းကြီးတွေဖြစ်ကြတဲ့ ဘာစီလိုနာ နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ နိုင်ပွဲတွေကိုယ်စီနဲ့အဖွင့်လှခဲ့ကြပါတယ်။ ဘာစီလိုနာ နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ ရာသီအစပွဲစဉ်တွေကို ရလဒ်ကောင်းတွေနဲ့အတူ အမှားအယွင်းမရှိ ကျော်ဖြတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဘာစီလိုနာ ၃ – ဝ အလာဗတ်စ်

Messi

Messi

ဘာစီလိုနာအသင်းဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် အလာဗတ်စ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ကော်တင်ဟို Coutinho မပါဝင်ခဲ့တာကလွဲရင် လူစုံပွဲထွက်ခဲ့တာပါ။ ပွဲအစပိုင်းမှာ ဘာစီလိုနာအသင်းဟာ ဂိုးရဖို့အတွက်ရုန်းကန်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ အလာဗတ်စ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဂိုးရရှိခဲ့ခြင်းမရှိပဲ ပထမပိုင်းအပြီးအထိဂိုးမရှိသရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာကော်တင်ဟို Coutinho ကိုထည့်သွင်းပြီး တိုက်စစ်ကိုပိုမြှင့်တင်ကစားခဲ့ပါတယ်။ ပွဲချိန်(၆၄)မိနစ်မှာတော့ ဘာစီလိုနာအသင်းဟာ ဦးဆောင်ဂိုးစရခဲ့ပြီး ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကို မက်ဆီ Messi ဟာ အနိမ့်ကန်ချက်နဲ့ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ထိုးဖောက်ကန်သွင်းချက်တွေကိုလည်း အလာဗတ်စ်ဂိုးသမား ပါချီကို Pacheco ကလက်စွမ်းပြကာကွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ပွဲချိန်(၈၃)မိနစ်မှာတော့ လူစားဝင်ကစားသမား ကော်တင်ဟို Coutinho ဟာသူ့ရဲ့ပုံစံအတိုင်းကန်သွင်းပြီး အသင်းအတွက်ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ ဘာစီလိုနာအသင်းအတွက်ပွဲသိမ်းဂိုးကိုတော့ ပွဲပြီးခါနီးမှာ မက်ဆီ Messi ကသွင်းယူခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ အလာဗတ်စ်အသင်းကို(၃ – ၀ )နဲ့အနိုင်ရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် ၂ – ဝ  ဂီတာဖေး

Bale

Bale

စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ ဇီဒန်း Zidane တို့မရှိတော့တဲ့ ရီးယဲလ်အသင်းဟာ စောင့်ကြည့်ချင်စရာကောင်းတဲ့အသင်းဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာအနိုင်ရရှိခဲ့တာကြောင့် ရီးယဲလ်အသင်းအနေနဲ့လည်း နိုင်ပွဲရရှိဖို့လိုအပ်နေခဲ့တာပါ။ ရီးယဲလ်အသင်းရဲ့ အသစ်ခေါ်ယူထားတဲ့ ဂိုးသမား ကော်တိုအာ Courtois ကတော့ အရန်ခုံမှာပဲရှိနေခဲ့ပြီး နာဗတ်စ် Navas ကပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။ ရီးယဲလ်အသင်းရဲ့တိုက်စစ်ပိုင်းကိုတော့ ဘန်ဇီမာ Benzema နဲ့ ဘေးလ် Bale တို့က ဦးဆောင်လာခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ပုံမှန်အတိုင်းပဲ ဂီတာဖေးအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး့ ဘေးလ်ဟာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်မိနစ်(၂၀)မှာပဲ ရီးယဲလ်အသင်းဟာဦးဆောင်ဂိုးစရခဲ့ပြီး ဂီတာဖေးဂိုးသမားပုတ်ထုတ်လို့ကျလာတဲ့ ဘောလုံးကို အသင့်ရှိနေတဲ့ ကာဗာဂျယ် Carvajal က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ရီးယဲလ်အသင်းဟာ ဂီတာဖေးအသင်းကို အသာစီးကစားခဲ့ပြီး ပွဲချိန်(၅၁)မိနစ်မှာတော့ ဘေးလ် Bale ဟာအသင်းအတွက်ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo မရှိတော့ပေမယ့် ရီးယဲလ်အသင်းရဲ့တိုက်စစ်ကစားပုံဟာ အကောင်းဆုံးအနေအထားရှိနေဆဲဖြစ်ပြီး ပွဲအပြီးမှာတော့ အိမ်ရှင် ရီးယဲလ်အသင်းဟာ ဂီတာဖေးအသင်းကို(၂ – ၀ )နဲ့အနိုင်ရရှိခဲ့ပါတယ်။

Photo: Barcelona Twitter , Real Madrid Twitter
Ko Kyue(Akhayar)
www.akhayar.com