[Zawgyi]

ကစားသမား ေရာင္းခ်မႈကေန စံခ်ိန္တင္၀င္ေငြ ရရိွခဲ့တဲ့ ဘာစီလုိနာ

လာလီဂါထိပ္သီး ဘာစီလုိနာအသင္းဟာ ဒီေႏြရာသီမွာ မဲလ္ကြန္ Malcom ၊ ဗီဒယ္လ္ Vidal အပါအ၀င္ ကစားသမားသစ္ တခ်ိဳ႕ေခၚယူခဲ့ေပမယ့္ ကစားသမားေရာင္းခ်ရမႈကေန စံခ်ိန္တင္၀င္ေငြ ရရွိခဲ့တာေၾကာင့္ ကုန္က်စရိတ္က သိပ္မရွိခဲ့ပါဘူး။ ဒီေႏြရာသီမွာ ဘာစီလုိနာနဲ႔ လမ္းခဲြခဲ့တဲ့ ကစားသမား(၉)ဦးရွိၿပီး (၆)ဦးက ေျပာင္းေရႊ႕ေၾကးနဲ႔ တျခားအသင္းေတြဆီ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ကစားသမား ေရာင္းခ်မႈကေန ရရွိခဲ့တဲ့ ပမာဏက ေပါင္(၁၁၁)သန္း (ယူ႐ုိ ၁၂၄ သန္း)အထိရွိခဲ့ၿပီး အေျပာင္းအေရႊ႕ေစ်းကြက္တစ္ခုထဲမွာ စံခ်ိန္တင္ရရွိတဲ့ ၀င္ေငြလည္းျဖစ္ခဲ့တယ္။

Vidal

Vidal

ဘာစီလုိနာကစားသမား အမ်ားစုကုိ ေခၚယူခဲ့တာက ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ၀က္ဖုိ႔ဒ္၊ အဲဗာတန္တို႔ျဖစ္ၿပီး ဒယ္လိုဖူ Deulofeu (၀က္ဖုိ႔ဒ္ -ေပါင္ ၁၃ သန္း)၊ ဒစ္ဂ္ေနး Digne (အဲဗာတန္ – ေပါင္ ၁၈ သန္း)၊ ယဲလ္ရီမီနာ Yerry Mina (အဲဗာတန္ – ေပါင္ ၂၈.၅သန္း)၊ အန္ဒေရဂုိးမက္စ္ Andre Gomes (အဲဗာတန္ -ေပါင္ ၂ သန္း)တို႔ကုိ ေခၚယူခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ အျမတ္ရခဲ့တဲ့ ကစားသမားေတြကေတာ့ အဲလစ္ဗီဒယ္လ္ Aleix Vidal (ဆီဗီလာ – ေပါင္ ၇.၆သန္း)၊ ေပၚလင္ဟုိ Paulinho (ကြမ္က်ိဳးအဲဗားဂရန္း – ေပါင္ သန္း ၅၀)တို႔ပဲ ျဖစ္ပါတယ္။

Barcelona-Transfer-List

Barcelona-Transfer-List

ဘာစီလုိနာအသင္းဟာ ဒီေႏြရာသီအတြင္းမွာ ကစားသမားသစ္ (၄)ဦးေခၚယူခဲ့ၿပီး အဲဒီအတြက္ ေပါင္(၁၁၃.၁)သန္း သုံးစဲြခဲ့ေပမယ့္ ကစားသမားေရာင္းခ်ရမႈကေန ေပါင္(၁၁၁)သန္းရရွိခဲ့တာေၾကာင့္ အသားတင္ အသုံးစရိတ္က ေပါင္(၂)သန္းေက်ာ္သာ ရွိခ့ဲတယ္။

REF:Daily Mail
Photo: Everton FC,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကစားသမား ရောင်းချမှုကနေ စံချိန်တင်ဝင်ငွေ ရရှိခဲ့တဲ့ ဘာစီလိုနာ

လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ ဒီနွေရာသီမှာ မဲလ်ကွန် Malcom ၊ ဗီဒယ်လ် Vidal အပါအဝင် ကစားသမားသစ် တချို့ခေါ်ယူခဲ့ပေမယ့် ကစားသမားရောင်းချရမှုကနေ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာကြောင့် ကုန်ကျစရိတ်က သိပ်မရှိခဲ့ပါဘူး။ ဒီနွေရာသီမှာ ဘာစီလိုနာနဲ့ လမ်းခွဲခဲ့တဲ့ ကစားသမား(၉)ဦးရှိပြီး (၆)ဦးက ပြောင်းရွှေ့ကြေးနဲ့ တခြားအသင်းတွေဆီ ရောင်းချခဲ့တာဖြစ်ပါတယ်။ ကစားသမား ရောင်းချမှုကနေ ရရှိခဲ့တဲ့ ပမာဏက ပေါင်(၁၁၁)သန်း (ယူရို ၁၂၄ သန်း)အထိရှိခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်တစ်ခုထဲမှာ စံချိန်တင်ရရှိတဲ့ ဝင်ငွေလည်းဖြစ်ခဲ့တယ်။

Vidal

Vidal

ဘာစီလိုနာကစားသမား အများစုကို ခေါ်ယူခဲ့တာက ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဝက်ဖို့ဒ်၊ အဲဗာတန်တို့ဖြစ်ပြီး ဒယ်လိုဖူ Deulofeu (ဝက်ဖို့ဒ် -ပေါင် ၁၃ သန်း)၊ ဒစ်ဂ်နေး Digne (အဲဗာတန် – ပေါင် ၁၈ သန်း)၊ ယဲလ်ရီမီနာ Yerry Mina (အဲဗာတန် – ပေါင် ၂၈.၅သန်း)၊ အန်ဒရေဂိုးမက်စ် Andre Gomes (အဲဗာတန် -ပေါင် ၂ သန်း)တို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ နောက်ထပ် အမြတ်ရခဲ့တဲ့ ကစားသမားတွေကတော့ အဲလစ်ဗီဒယ်လ် Aleix Vidal (ဆီဗီလာ – ပေါင် ၇.၆သန်း)၊ ပေါ်လင်ဟို Paulinho (ကွမ်ကျိုးအဲဗားဂရန်း – ပေါင် သန်း ၅၀)တို့ပဲ ဖြစ်ပါတယ်။

Barcelona-Transfer-List

Barcelona-Transfer-List

ဘာစီလိုနာအသင်းဟာ ဒီနွေရာသီအတွင်းမှာ ကစားသမားသစ် (၄)ဦးခေါ်ယူခဲ့ပြီး အဲဒီအတွက် ပေါင်(၁၁၃.၁)သန်း သုံးစွဲခဲ့ပေမယ့် ကစားသမားရောင်းချရမှုကနေ ပေါင်(၁၁၁)သန်းရရှိခဲ့တာကြောင့် အသားတင် အသုံးစရိတ်က ပေါင်(၂)သန်းကျော်သာ ရှိခဲ့တယ်။

REF:Daily Mail
Photo: Everton FC,Evening Standard
Naing Linn(Akhayar)
www.akhayar.com