[Zawgyi]

ဝီလီယံ Willian ကို တတိယအႀကိမ္ေျမာက္ ကမ္းလွမ္းလိုက္တဲ့ ဘာစီလိုနာ

ခ်ယ္လ္ဆီးေတာင္ပံတိုက္စစ္ကစားသမား ဝီလီယံ Willian ကို စပိန္လာလီဂါထိပ္သီး ဘာစီလိုနာအသင္းက တတိယအႀကိမ္ေျမာက္ ကမ္းလွမ္းခဲ့ပါတယ္။ အသက္ (၂၉)ႏွစ္အရြယ္ရွိ ဝီလီယံ Willian အတြက္ ဘာစီလိုနာအသင္းက ေပါင္ (၅၅)သန္းအထိ တိုးျမွင့္ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းကေတာ့ ဝီလီယံ Willain ကို ေရာင္းခ်ဖို႔ ဆႏၵမရွိေပမယ့္ ကစားသမားကိုယ္တိုင္က အသင္းထြက္ခြာဖို႔ ဆံုးျဖတ္ထားတာေၾကာင့္ သင့္ေလ်ာ္တဲ့ ကမ္းလွမ္းမႈေတြ ရွိလာခဲ့ရင္ ေရာင္းခ်သြားဖို႔ ရွိေနပါတယ္။ သတင္းေတြအရ ဘာစီလိုနာအသင္းရဲ႕ ကမ္းလွမ္းမႈကို ခ်ယ္လ္ဆီးအသင္းက လက္ခံခဲ့ၿပီး အေျပာင္းအေရႊ႕အၿပီးသတ္ဖို႔ (၂)ဖက္အသင္း တာဝန္ရွိသူေတြ စတင္ေဆြးေႏြးေနၾကေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

Chelseas-Brazilian-winger-Willian

Chelseas-Brazilian-winger-Willian

ဝီလီယံ Willian ကို ခ်ယ္လ္ဆီးရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ မန္ယူအသင္းကလည္း ေခၚယူဖို႔ ႀကိဳးပမ္းမႈေတြ ရွိေနၿပီး မန္ယူနည္းျပ ေမာ္ရင္ဟို Mourinho က ခ်ယ္လ္ဆီးအသင္းမွာ လက္တြဲခဲ့ဖူးတဲ့ တပည့္ေဟာင္းကို ေခၚယူသြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဝီလီယံ Willian ကို မန္ယူအသင္းထက္ လက္ဦးမႈရယူႏိုင္ဖို႔ ဘာစီလိုနာအသင္းက ႀကိဳးပမ္းမႈေတြ အရွိန္အဟုန္ျမွင့္တင္လာခဲ့တာျဖစ္ၿပီး လာမယ့္ရက္ပိုင္းအတြင္း အေျပာင္းအေရႊ႕အၿပီးသတ္သြားဖို႔ ရွိေနပါတယ္။ ဝီလီယံ Willain ကိုယ္တိုင္ကလည္း ဘာစီလိုနာအသင္းကို ဦးစားေပးေရြးခ်ယ္သြားဖို႔ရွိေနလို႔ မန္ယူအသင္း လက္ေလွ်ာ႔သြားရဖို႔ရွိေနပါတယ္။

REF:Mirror
Photo:Sky Sports, Stadium Astro
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဝီလီယံ Willian ကို တတိယအကြိမ်မြောက် ကမ်းလှမ်းလိုက်တဲ့ ဘာစီလိုနာ

ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဝီလီယံ Willian ကို စပိန်လာလီဂါထိပ်သီး ဘာစီလိုနာအသင်းက တတိယအကြိမ်မြောက် ကမ်းလှမ်းခဲ့ပါတယ်။ အသက် (၂၉)နှစ်အရွယ်ရှိ ဝီလီယံ Willian အတွက် ဘာစီလိုနာအသင်းက ပေါင် (၅၅)သန်းအထိ တိုးမြှင့်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ဝီလီယံ Willain ကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့် ကစားသမားကိုယ်တိုင်က အသင်းထွက်ခွာဖို့ ဆုံးဖြတ်ထားတာကြောင့် သင့်လျော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် ရောင်းချသွားဖို့ ရှိနေပါတယ်။ သတင်းတွေအရ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက လက်ခံခဲ့ပြီး အပြောင်းအရွှေ့အပြီးသတ်ဖို့ (၂)ဖက်အသင်း တာဝန်ရှိသူတွေ စတင်ဆွေးနွေးနေကြကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Chelseas-Brazilian-winger-Willian

Chelseas-Brazilian-winger-Willian

ဝီလီယံ Willian ကို ချယ်လ်ဆီးရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ရှိနေပြီး မန်ယူနည်းပြ မော်ရင်ဟို Mourinho က ချယ်လ်ဆီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်းကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဝီလီယံ Willian ကို မန်ယူအသင်းထက် လက်ဦးမှုရယူနိုင်ဖို့ ဘာစီလိုနာအသင်းက ကြိုးပမ်းမှုတွေ အရှိန်အဟုန်မြှင့်တင်လာခဲ့တာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့အပြီးသတ်သွားဖို့ ရှိနေပါတယ်။ ဝီလီယံ Willain ကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းကို ဦးစားပေးရွေးချယ်သွားဖို့ရှိနေလို့ မန်ယူအသင်း လက်လျှော့သွားရဖို့ရှိနေပါတယ်။

REF:Mirror
Photo:Sky Sports, Stadium Astro
Aung Kyaw Wai (Akhayar)
www.akhayar.com