[Zawgyi]

El Clásico ပဲြမွာ မက္ဆီ Messi မပါရင္ ႐ုန္းကန္ရေလ့ရွိတဲ့ ဘာစီလုိနာ

ဘာစီလုိနာအသင္းဟာ သူတို႔ရဲ႕ အဓိက တိုက္စစ္မွဴး မက္ဆီ Messi မပါတဲ့ El Clásico ပဲြေတြမွာ ရလဒ္ေကာင္းေလ့မရွိဘဲ ႐ုန္းကန္ရေလ့ရွိပါတယ္။ မက္ဆီဟာ ဆီဗီလာအသင္းနဲ႔ ကစားခဲ့တဲပဲြ ပထမပုိင္းမွာပဲ ညာဘက္ လက္ေမာင္းအ႐ုိးက်ိဳးခဲ့ၿပီး အဲဒီဒဏ္ရာေၾကာင့္ (၃)ပတ္အနားယူရမွာျဖစ္လုိ႔ လာမယ့္တစ္ပတ္က်ရင္ ကစားမယ့္ ရီးယဲလ္နဲ႔ El Clásico ပဲြကုိ လဲြေခ်ာ္မွာပါ။ အဲဒါေၾကာင့္ လာမယ့္ El Clásico ပဲြဟာ ၂၀၀၇ ခုႏွစ္ေနာက္ပုိင္း ပထမဆုံးအႀကိမ္အျဖစ္ မက္ဆီ Messi နဲ႔ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မပါတဲ့ El Clásico ပဲြျဖစ္လာေတာ့မွာပါ။

Messis-Injury

Messis-Injury

တစ္ခုရွိတာက ဘာစီလုိနာအသင္းဟာ မက္ဆီ မပါႏုိင္တ့ဲ El Clásico ပဲြေတြဆုိ ႐ုန္းကန္ရေလ့ရွိၿပီး ႏုိင္ပဲြ မရခဲ့ပါဘူး။ ဘာစီလုိနာအသင္းအတြက္ မက္ဆီ စတင္ကစားခဲ့တဲ့ ၂၀၀၄ ခုႏွစ္က စလုိ႔ လက္ရွိအခ်ိန္အထိ El Clásico ပဲြ (၂)ပဲြသာ လဲြေခ်ာ္ခဲ့ဖူးၿပီး ၂၀၀၆ ခုႏွစ္တုန္းက အိမ္ကြင္းမွာ (၁)ဂုိးစီသေရ၊ ၂၀၀၇ အေ၀းကြင္းမွာ (၁-၀)ဂုိးနဲ႔ ရႈံးနိမ့္ခဲ့တယ္။ မက္ဆီဟာ El Clásico ပဲြဆုိရင္ စံခ်ိန္မွတ္တမ္းေကာင္းေတြ ရယူထားသူျဖစ္လုိ႔ သူ မပါႏုိင္တဲ့ El Clásico ပဲြမွာ ဘာစီလုိနာ ရလဒ္ေကာင္းပ့ါမလားဆုိတာ စိတ္၀င္စားစရာပါပဲ။

Messi-

Messi-

မက္ဆီရဲ႕  El Clásico ပဲြမွတ္တမ္းမ်ား

၃၈ – မက္ဆီဟာ El Clásico (၃၈)ပဲြကစားခဲ့ၿပီး (၁၇)ပဲြႏိုင္၊ (၁၀)ပဲြသေရ၊ (၁၂)ပဲြ ႐ႈံးနိမ့္ခဲ့တယ္။
၂၆ – ရီးယဲလ္အသင္းဘက္ကုိ မက္ဆီ ဂုိးသြင္းခဲ့တဲ့ အေရအတြက္ျဖစ္ၿပီး El Clásico ေနာက္ဆုံး (၅)ပဲြမွာ (၅)ဂုိးသြင္းယူခဲ့တယ္။
၂ – El Clásico မွာ မက္ဆီ ဟက္ထရစ္ (၂)ႀကိမ္ သြင္းယူခဲ့ၿပီး ၂၀၀၇၊ ၂၀၁၄ ခုႏွစ္ေတြမွာ သြင္းယူခဲ့တာပါ။
၈ – မက္ဆီရဲ႕ El Clásico (၃၈)ပဲြမွာ (၈)ပဲြက လာလီဂါမဟုတ္ဘဲ စပိန္စူပါဖလားၿပိဳင္ပဲြအပါအ၀င္ တျခား ဗုိလ္လုပဲြေတြမွာ ဆုံေတြ႕ခဲ့တာျဖစ္ပါတယ္။
၃၅ – ၂၀၀၇ ခုႏွစ္တုန္းက ေပါင္ဒဏ္ရာေၾကာင့္ El Clásico ပဲြကုိ လဲြေခ်ာ္ခဲ့ၿပီးေနာက္ပုိင္း (၃၅)ပဲြဆက္ ကစားခဲ့ၿပီး (၁၁)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ လဲြေခ်ာ္မွာပါ။

REF:AS
Photo:San Antonio Express-News,FOX Sports Asia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

El Clásico ပွဲမှာ မက်ဆီ Messi မပါရင် ရုန်းကန်ရလေ့ရှိတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး မက်ဆီ Messi မပါတဲ့ El Clásico ပွဲတွေမှာ ရလဒ်ကောင်းလေ့မရှိဘဲ ရုန်းကန်ရလေ့ရှိပါတယ်။ မက်ဆီဟာ ဆီဗီလာအသင်းနဲ့ ကစားခဲ့တဲပွဲ ပထမပိုင်းမှာပဲ ညာဘက် လက်မောင်းအရိုးကျိုးခဲ့ပြီး အဲဒီဒဏ်ရာကြောင့် (၃)ပတ်အနားယူရမှာဖြစ်လို့ လာမယ့်တစ်ပတ်ကျရင် ကစားမယ့် ရီးယဲလ်နဲ့ El Clásico ပွဲကို လွဲချော်မှာပါ။ အဲဒါကြောင့် လာမယ့် El Clásico ပွဲဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo မပါတဲ့ El Clásico ပွဲဖြစ်လာတော့မှာပါ။

Messis-Injury

Messis-Injury

တစ်ခုရှိတာက ဘာစီလိုနာအသင်းဟာ မက်ဆီ မပါနိုင်တဲ့ El Clásico ပွဲတွေဆို ရုန်းကန်ရလေ့ရှိပြီး နိုင်ပွဲ မရခဲ့ပါဘူး။ ဘာစီလိုနာအသင်းအတွက် မက်ဆီ စတင်ကစားခဲ့တဲ့ ၂၀၀၄ ခုနှစ်က စလို့ လက်ရှိအချိန်အထိ El Clásico ပွဲ (၂)ပွဲသာ လွဲချော်ခဲ့ဖူးပြီး ၂၀၀၆ ခုနှစ်တုန်းက အိမ်ကွင်းမှာ (၁)ဂိုးစီသရေ၊ ၂၀၀၇ အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ မက်ဆီဟာ El Clásico ပွဲဆိုရင် စံချိန်မှတ်တမ်းကောင်းတွေ ရယူထားသူဖြစ်လို့ သူ မပါနိုင်တဲ့ El Clásico ပွဲမှာ ဘာစီလိုနာ ရလဒ်ကောင်းပ့ါမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Messi-

Messi-

မက်ဆီရဲ့  El Clásico ပွဲမှတ်တမ်းများ

၃၈ – မက်ဆီဟာ El Clásico (၃၈)ပွဲကစားခဲ့ပြီး (၁၇)ပွဲနိုင်၊ (၁၀)ပွဲသရေ၊ (၁၂)ပွဲ ရှုံးနိမ့်ခဲ့တယ်။
၂၆ – ရီးယဲလ်အသင်းဘက်ကို မက်ဆီ ဂိုးသွင်းခဲ့တဲ့ အရေအတွက်ဖြစ်ပြီး El Clásico နောက်ဆုံး (၅)ပွဲမှာ (၅)ဂိုးသွင်းယူခဲ့တယ်။
၂ – El Clásico မှာ မက်ဆီ ဟက်ထရစ် (၂)ကြိမ် သွင်းယူခဲ့ပြီး ၂၀၀၇၊ ၂၀၁၄ ခုနှစ်တွေမှာ သွင်းယူခဲ့တာပါ။
၈ – မက်ဆီရဲ့ El Clásico (၃၈)ပွဲမှာ (၈)ပွဲက လာလီဂါမဟုတ်ဘဲ စပိန်စူပါဖလားပြိုင်ပွဲအပါအဝင် တခြား ဗိုလ်လုပွဲတွေမှာ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။
၃၅ – ၂၀၀၇ ခုနှစ်တုန်းက ပေါင်ဒဏ်ရာကြောင့် El Clásico ပွဲကို လွဲချော်ခဲ့ပြီးနောက်ပိုင်း (၃၅)ပွဲဆက် ကစားခဲ့ပြီး (၁၁)နှစ်အတွင်း ပထမဆုံးအကြိမ် လွဲချော်မှာပါ။

REF:AS
Photo:San Antonio Express-News,FOX Sports Asia
Naing Linn(Akhayar)
www.akhayar.com