[Zawgyi]

ေပၚတူဂီႏိုင္ငံကူးလက္မွတ္ ေျပာင္းလဲကိုင္ေဆာင္ရဖို႔ရွိေနတဲ့ ေကာ္တင္ဟို Coutinho

ဘာစီလိုနာအသင္းရဲ႕ ဘရာဇီးလ္ကြင္းလယ္လူ ေကာ္တင္ဟို Coutinho အေနနဲ႔ ေပၚတူဂီႏိုင္ငံကူးလက္မွတ္ ေျပာင္းလဲကိုင္ေဆာင္ရဖို႔ ရွိေနပါတယ္။ စပိန္ႏိုင္ငံရဲ႕ အဓိကေဘာလံုးၿပိဳင္ပြဲေတြျဖစ္တဲ့ လာလီဂါအမွတ္ေပးၿပိဳင္ပြဲနဲ႔ စူပါဖလားေတြမွာ ဥေရာပႏိုင္ငံသားမဟုတ္တဲ့ ကစားသမားေတြကို အသင္းလူစာရင္းမွာ (၃)ေယာက္သာ ထည့္သြင္းခြင့္ေပးထားလို႔ ဘာစီလိုနာအသင္းက ေကာ္တင္ဟို Coutinho ကုိ ေပၚတူဂီႏိုင္ငံကူး လက္မွတ္ကို ေျပာင္းလဲကိုင္ေဆာင္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းက ေကာ္တင္ဟို Coutinho ကို သူ႔ရဲ႕ ႏိုင္ငံျဖစ္တဲ့ ဘရာဇီးလ္ႏိုင္ငံသားအေနနဲ႔ပဲ စာရင္တင္သြင္းထားလို႔ လာမယ့္တနဂၤေႏြေန႔မွာ ဆီဗီလာအသင္းနဲ႔ ကစားမယ့္ စပိန္စူပါဖလားပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ရွိေနခဲ့ပါတယ္။ ေကာ္တင္ဟို Coutinho အေနနဲ႔ ႏိုင္ငံကူးလက္မွတ္ ေျပာင္းလဲကိုင္ေဆာင္ရာမွာ လြယ္ကူေစဖို႔ ေပၚတူဂီႏိုင္ငံသားအျဖစ္ပါ ေျပာင္းလဲခံယူသြားဖို႔ ရွိေနပါတယ္။

Phillipe-Coutinho

Phillipe-Coutinho

ဘာစီလိုနာအသင္းမွာ လက္ရွိဥေရာပႏိုင္ငံသားမဟုတ္တဲ့ ကစားသမားေတြက ေကာ္တင္ဟို Coutinho အပါအဝင္ (၄)ဦးအထိ ပါဝင္ေနခဲ့ပါတယ္။ အသစ္ေခၚယူထားတဲ့ ကြင္းလယ္လူ ဗီဒယ္လ္ Vidal ၊ ဘရာဇီးလ္ ကစားသမားေတြျဖစ္တဲ့ မယ္လ္ကြန္ Malcom နဲ႔ အာသာ Arthur တို႔ကို စာရင္းသြင္းထားလို႔ ေကာ္တင္ဟို Coutinho က သူ႔ဇနီးရဲ႕ႏိုင္ငံျဖစ္တဲ့ ေပၚတူဂီႏိုင္ငံသားအျဖစ္ ေျပာင္းလဲခံယူသြားမွာျဖစ္ပါတယ္။ ေကာ္တင္ဟို Coutinho ရဲ႕ ဇနီးျဖစ္တဲ့ Aine ဟာ ေပၚတူဂီႏိုင္ငံသူျဖစ္ၿပီး လြန္ခဲ့တဲ့ (၃)ႏွစ္က တရားဝင္လက္ထက္ထားတာျဖစ္လို႔ ေကာ္တင္ဟို Coutinho ပါ ေပၚတူဂီႏိုင္ငံသားအျဖစ္ ခံယူခြင့္ရွိေနပါတယ္။ ၂၀၁၄ ခုႏွစ္တုန္းကလည္း အဆိုပါစည္းမ်ဥ္းေၾကာင့္ ဥရုေဂြးတိုက္စစ္မွဴး ဆြာရက္ဇ္ Suarez ဟာ အီတလီႏိုင္ငံသားအျဖစ္ ေျပာင္းလဲခံယူခဲ့ရပါတယ္။ ဘာစီလိုနာအသင္းမွာ ဥေရာပႏိုင္ငံသားမဟုတ္တဲ့ ကစားသမားအေရအတြက္က (၆)ဦးအထိ ရွိေနေပမယ့္ ေနာက္ခံလူ မီနာ Mina နဲ႔ မာလြန္ Marlon တို႔ဟာ အသင္းက ထြက္ခြာဖို႔ ရွိေနလို႔ ကစားသမား စာရင္းတင္သြင္းရာမွာ ထည့္သြင္းထားျခင္းမရွိပါဘူး။

REF:Daily Mail
Photo:Evening Standard, Football Paradise
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ပေါ်တူဂီနိုင်ငံကူးလက်မှတ် ပြောင်းလဲကိုင်ဆောင်ရဖို့ရှိနေတဲ့ ကော်တင်ဟို Coutinho

ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟို Coutinho အနေနဲ့ ပေါ်တူဂီနိုင်ငံကူးလက်မှတ် ပြောင်းလဲကိုင်ဆောင်ရဖို့ ရှိနေပါတယ်။ စပိန်နိုင်ငံရဲ့ အဓိကဘောလုံးပြိုင်ပွဲတွေဖြစ်တဲ့ လာလီဂါအမှတ်ပေးပြိုင်ပွဲနဲ့ စူပါဖလားတွေမှာ ဥရောပနိုင်ငံသားမဟုတ်တဲ့ ကစားသမားတွေကို အသင်းလူစာရင်းမှာ (၃)ယောက်သာ ထည့်သွင်းခွင့်ပေးထားလို့ ဘာစီလိုနာအသင်းက ကော်တင်ဟို Coutinho ကို ပေါ်တူဂီနိုင်ငံကူး လက်မှတ်ကို ပြောင်းလဲကိုင်ဆောင်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ကော်တင်ဟို Coutinho ကို သူ့ရဲ့ နိုင်ငံဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံသားအနေနဲ့ပဲ စာရင်တင်သွင်းထားလို့ လာမယ့်တနင်္ဂနွေနေ့မှာ ဆီဗီလာအသင်းနဲ့ ကစားမယ့် စပိန်စူပါဖလားပွဲစဉ်ကို လွဲချော်ဖို့ ရှိနေခဲ့ပါတယ်။ ကော်တင်ဟို Coutinho အနေနဲ့ နိုင်ငံကူးလက်မှတ် ပြောင်းလဲကိုင်ဆောင်ရာမှာ လွယ်ကူစေဖို့ ပေါ်တူဂီနိုင်ငံသားအဖြစ်ပါ ပြောင်းလဲခံယူသွားဖို့ ရှိနေပါတယ်။

Phillipe-Coutinho

Phillipe-Coutinho

ဘာစီလိုနာအသင်းမှာ လက်ရှိဥရောပနိုင်ငံသားမဟုတ်တဲ့ ကစားသမားတွေက ကော်တင်ဟို Coutinho အပါအဝင် (၄)ဦးအထိ ပါဝင်နေခဲ့ပါတယ်။ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဗီဒယ်လ် Vidal ၊ ဘရာဇီးလ် ကစားသမားတွေဖြစ်တဲ့ မယ်လ်ကွန် Malcom နဲ့ အာသာ Arthur တို့ကို စာရင်းသွင်းထားလို့ ကော်တင်ဟို Coutinho က သူ့ဇနီးရဲ့နိုင်ငံဖြစ်တဲ့ ပေါ်တူဂီနိုင်ငံသားအဖြစ် ပြောင်းလဲခံယူသွားမှာဖြစ်ပါတယ်။ ကော်တင်ဟို Coutinho ရဲ့ ဇနီးဖြစ်တဲ့ Aine ဟာ ပေါ်တူဂီနိုင်ငံသူဖြစ်ပြီး လွန်ခဲ့တဲ့ (၃)နှစ်က တရားဝင်လက်ထက်ထားတာဖြစ်လို့ ကော်တင်ဟို Coutinho ပါ ပေါ်တူဂီနိုင်ငံသားအဖြစ် ခံယူခွင့်ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း အဆိုပါစည်းမျဉ်းကြောင့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် Suarez ဟာ အီတလီနိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့ရပါတယ်။ ဘာစီလိုနာအသင်းမှာ ဥရောပနိုင်ငံသားမဟုတ်တဲ့ ကစားသမားအရေအတွက်က (၆)ဦးအထိ ရှိနေပေမယ့် နောက်ခံလူ မီနာ Mina နဲ့ မာလွန် Marlon တို့ဟာ အသင်းက ထွက်ခွာဖို့ ရှိနေလို့ ကစားသမား စာရင်းတင်သွင်းရာမှာ ထည့်သွင်းထားခြင်းမရှိပါဘူး။

REF:Daily Mail
Photo:Evening Standard, Football Paradise
Aung Kyaw Wai (Akhayar)
www.akhayar.com