[Zawgyi]

အဲဗာတန္နဲ႔ ေဆြးေႏြးမႈေတြ စတင္ခဲ့တဲ့ ဘာစီလိုနာေနာက္ခံလူ ဒစ္ဂ္ေနး Digne

ဘာစီလိုနာေနာက္ခံလူ ဒစ္ဂ္ေနး Digne နဲ႔ အေျပာင္းအေရႊ႕ေဆြးေႏြးမႈေတြကို အဲဗာတန္အသင္း စတင္ျပဳလုပ္ခဲ့ပါတယ္။ ဒစ္ဂ္ေနး Digne အတြက္ ဘာစီလိုနာအသင္းကို ေပါင္ (၁၈)သန္းေပးေခ်သြားမွာျဖစ္ၿပီး အေျပာင္းအေရႊ႕အၿပီးသတ္ဖို႔ ေနာက္ဆံုးအဆင့္အထိ ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ရာသီႀကိဳ ေျခစမ္းပြဲေတြ ကစားဖို႔ အေမရိကန္ႏိုင္ငံကို ေရာက္ရွိေနခဲ့တဲ့ ဘာစီလိုနာအသင္းရဲ႕ လူစာရင္းကေန ေနာက္ခံလူ ဒစ္ဂ္ေနး Digne ထြက္ခြာခဲ့ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။ အဲဗာတန္အသင္းနဲ႔ အေျပာင္းအေရႊ႕ေဆြးေႏြးမႈေတြ ျပဳလုပ္ဖို႔ အသင္းကေန ထြက္ခြာခဲ့တာျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဝါရင့္ေနာက္ခံလူ ေလတန္ဘိန္းစ္ Leighton Baines ရဲ႕ ေနရာမွာ အစားထိုးဖို႔ အဲဗာတန္နည္းျပသစ္ မာကိုေဆးလ္ဗား Marco Silva က ဒစ္ဂ္ေနး Digne ကို ပစ္မွတ္ထားေနခဲ့တာျဖစ္ပါတယ္။

Barcelona-left-back-Lucas-Digne

Barcelona-left-back-Lucas-Digne

အဲဗာတန္အသင္းက ဒစ္ဂ္ေနး Digne အျပင္ မီနာ Mina ကုိပါ ေခၚယူႏိုင္ဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ အဲဗာတန္အသင္းရဲ႕ အားကစားဒါရိုက္တာ မာဆယ္လ္ဘရန္႔စ္ Marcel Brands ကုိယ္တိုင္ အေျပာင္းအေရႊ႕ကိစၥေတြအတြက္ ဘာစီလိုနာၿမိဳ႕ကို ေရာက္ရွိေနၿပီး ေနာက္ခံလူ (၂)ဦးစလံုးကို ေခၚယူႏိုင္ဖုိ႔ အရွိန္အဟုတ္ျမွင့္ ႀကိဳးပမ္းလာခဲ့ပါတယ္။ အဲဗာတန္အသင္းအေနနဲ႔ နည္းျပသစ္ မာကိုေဆးလ္ဗား Marco Silva ကို ေျပာင္းေရႊ႕ေၾကး အသံုးစရိတ္ ေပါင္သန္း (၁၈၀)အထိ ခြင့္ျပဳထားၿပီး အသင္းကို ေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးဖုိ႔ တိုက္တြန္းထားခဲ့ပါတယ္။

REF:Daily Mail
Photo:Bayern Strikes, The Independent
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အဲဗာတန်နဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့တဲ့ ဘာစီလိုနာနောက်ခံလူ ဒစ်ဂ်နေး Digne

ဘာစီလိုနာနောက်ခံလူ ဒစ်ဂ်နေး Digne နဲ့ အပြောင်းအရွှေ့ဆွေးနွေးမှုတွေကို အဲဗာတန်အသင်း စတင်ပြုလုပ်ခဲ့ပါတယ်။ ဒစ်ဂ်နေး Digne အတွက် ဘာစီလိုနာအသင်းကို ပေါင် (၁၈)သန်းပေးချေသွားမှာဖြစ်ပြီး အပြောင်းအရွှေ့အပြီးသတ်ဖို့ နောက်ဆုံးအဆင့်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လူစာရင်းကနေ နောက်ခံလူ ဒစ်ဂ်နေး Digne ထွက်ခွာခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အဲဗာတန်အသင်းနဲ့ အပြောင်းအရွှေ့ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဝါရင့်နောက်ခံလူ လေတန်ဘိန်းစ် Leighton Baines ရဲ့ နေရာမှာ အစားထိုးဖို့ အဲဗာတန်နည်းပြသစ် မာကိုဆေးလ်ဗား Marco Silva က ဒစ်ဂ်နေး Digne ကို ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။

Barcelona-left-back-Lucas-Digne

Barcelona-left-back-Lucas-Digne

အဲဗာတန်အသင်းက ဒစ်ဂ်နေး Digne အပြင် မီနာ Mina ကိုပါ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဗာတန်အသင်းရဲ့ အားကစားဒါရိုက်တာ မာဆယ်လ်ဘရန့်စ် Marcel Brands ကိုယ်တိုင် အပြောင်းအရွှေ့ကိစ္စတွေအတွက် ဘာစီလိုနာမြို့ကို ရောက်ရှိနေပြီး နောက်ခံလူ (၂)ဦးစလုံးကို ခေါ်ယူနိုင်ဖို့ အရှိန်အဟုတ်မြှင့် ကြိုးပမ်းလာခဲ့ပါတယ်။ အဲဗာတန်အသင်းအနေနဲ့ နည်းပြသစ် မာကိုဆေးလ်ဗား Marco Silva ကို ပြောင်းရွှေ့ကြေး အသုံးစရိတ် ပေါင်သန်း (၁၈၀)အထိ ခွင့်ပြုထားပြီး အသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးဖို့ တိုက်တွန်းထားခဲ့ပါတယ်။

REF:Daily Mail
Photo:Bayern Strikes, The Independent
Aung Kyaw Wai (Akhayar)
www.akhayar.com