[Zawgyi]

ပ်မ္းမ်ွလစာအမ်ားဆုံးကလပ္အျဖစ္ မွတ္တမ္းဝင္ခဲ့တဲ့ ဘာစီလုိနာ

ေဘာလုံးေလာကမွာ လုပ္ခလစာေတြဟာ တစ္ေန႔တျခား တုိးျမင့္လာတဲ့အတုိင္း ေဘာလုံးသမားေတြဟာလည္း သန္းၾကြယ္သူေဌးေတြ ျဖစ္ေနပါၿပီ။ လက္ရွိအခ်ိန္မွာ စပိန္ထိပ္သီးကလပ္ ဘာစီလုိနာဟာ ပ်မ္းမ်ွလစာေပါင္ (၁ဝ) သန္းထက္ မ်ားတဲ့ပထမဆုံးကလပ္ျဖစ္သြားတယ္လုိ႔ Global Sports Salaries Survey ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ အသင္းရဲ႕ ပြဲထြက္ကစားသမား (၂၃) ဦးရဲ႕ တစ္ႏွစ္ပ်မ္းမ်ွလစာဟာ ေပါင္ ၁ဝ.၄၅ သန္း (ေဒၚလာ ၁၃.၃၉ သန္း) အထိရွိခဲ့တာျဖစ္ၿပီး အဲဒီအထဲမွာ အပုိဆုေၾကးကုိ ထည့္သြင္းတြက္ခ်က္ထားတာ မဟုတ္ပါဘူး။

ဒီပမာဏဟာ ၂ဝ၁၇ – ၂ဝ၁၈ ေဘာလုံးရာသီထက္ (၃၃) ရာခုိင္ႏႈန္းတုိးလာတဲ့သေဘာပါ။ အခုလုိ ပ်မ္းမ်ွလစာေတြ ထုိးတက္သြားတာ Lionel Messi ရဲ႕ စာခ်ဳပ္သစ္မွာ တစ္ပတ္လုပ္ခ ေပါင္ (၅) သိန္းေၾကာင့္လည္း အဓိကျဖစ္ႏုိင္ပါတယ္။ Philippe Coutinho ၊ Arthur ၊ Malcom နဲ႔ Arturo Vidal တုိ႔လုိ လစာျမင့္တဲ့ကစားသမားေတြေၾကာင့္လည္း ဆုိႏုိင္ပါတယ္။ ဒုတိယေနရာမွာေတာ့ အဓိကၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းက ရွိေနၿပီး ပ်မ္းမ်ွတစ္ႏွစ္လစာ ေပါင္ ၈.၁ သန္း (ေဒၚလာ ၁ဝ.၃၈ သန္း) အထိရွိခဲ့ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ပျမ်းမျှလစာအများဆုံးကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဘာစီလိုနာ

ဘောလုံးလောကမှာ လုပ်ခလစာတွေဟာ တစ်နေ့တခြား တိုးမြင့်လာတဲ့အတိုင်း ဘောလုံးသမားတွေဟာလည်း သန်းကြွယ်သူဌေးတွေ ဖြစ်နေပါပြီ။ လက်ရှိအချိန်မှာ စပိန်ထိပ်သီးကလပ် ဘာစီလိုနာဟာ ပျမ်းမျှလစာပေါင် (၁ဝ) သန်းထက် များတဲ့ပထမဆုံးကလပ်ဖြစ်သွားတယ်လို့ Global Sports Salaries Survey ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသင်းရဲ့ ပွဲထွက်ကစားသမား (၂၃) ဦးရဲ့ တစ်နှစ်ပျမ်းမျှလစာဟာ ပေါင် ၁ဝ.၄၅ သန်း (ဒေါ်လာ ၁၃.၃၉ သန်း) အထိရှိခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ အပိုဆုကြေးကို ထည့်သွင်းတွက်ချက်ထားတာ မဟုတ်ပါဘူး။

ဒီပမာဏဟာ ၂ဝ၁၇ – ၂ဝ၁၈ ဘောလုံးရာသီထက် (၃၃) ရာခိုင်နှုန်းတိုးလာတဲ့သဘောပါ။ အခုလို ပျမ်းမျှလစာတွေ ထိုးတက်သွားတာ Lionel Messi ရဲ့ စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင် (၅) သိန်းကြောင့်လည်း အဓိကဖြစ်နိုင်ပါတယ်။ Philippe Coutinho ၊ Arthur ၊ Malcom နဲ့ Arturo Vidal တို့လို လစာမြင့်တဲ့ကစားသမားတွေကြောင့်လည်း ဆိုနိုင်ပါတယ်။ ဒုတိယနေရာမှာတော့ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းက ရှိနေပြီး ပျမ်းမျှတစ်နှစ်လစာ ပေါင် ၈.၁ သန်း (ဒေါ်လာ ၁ဝ.၃၈ သန်း) အထိရှိခဲ့ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com