[Zawgyi]

ဆီဗီလာကို အႏိုင္ယူျပီး စပိန္စူပါဖလား ရရိွခဲ႔တဲ႔ ဘာစီလိုနာ

၂၀၁၈ စပိန္စူပါဖလားပြဲစဥ္အျဖစ္ ဘာစီလိုနာအသင္းနဲ႔ ဆီဗီလာအသင္းတို႔ ယွဥ္ျပိဳင္ကစားခဲ႔ၾကျပီး ဘာစီလိုနာအသင္းက ( ၂ – ၁ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။၂၀၁၈ စပိန္စူပါဖလားပြဲစဥ္ ဟာ စပိန္ႏိုင္ငံျပင္ပမွာ ပထမဆံုးယွဥ္ျပိဳင္ကစားခဲ႔ၾကတဲ႔ ပြဲစဥ္ျဖစ္ခဲ႔ျပီး ေမာ္႐ိုကိုႏိုင္ငံ တန္ဂ်ီးယားျမိဳ႕မွာ ကစားခဲ႔ၾကတာပါ။

2018-Spain-Super-Cup-Champion-Barcelona

2018-Spain-Super-Cup-Champion-Barcelona

ပြဲအစမွာ ဘာစီလိုနာအသင္းက ထံုးစံအတိုင္းေဘာလံုးကို ကိုင္ျပီးကစားခဲ႔ပါတယ္။ ပြဲခ်ိန္(၉)မိနစ္မွာေတာ႔ ဆီဗီလာအသင္းက ဦးေဆာင္ဂိုးစရခဲ႔ျပီး မူရီယဲလ္ Muriel ရဲ႕ဖန္တီးမႈကေန ဆာရာဘီယာ Sarabia က ကန္သြင္းယူခဲ႔တာပါ။ ဦးေဆာင္ဂိုးေပးလိုက္ရျပီးေနာက္ပိုင္းမွာေတာ႔ ဘာစီလိုနာအသင္းက တိုက္စစ္ကိုိုျမွင္႔တင္ကစားခဲ႔ျပီး အခြင့္အေရးေတြရရိွခဲ႔ေပမယ္႔ ဂိုးအျဖစ္ေျပာင္းလဲႏိုင္ျခင္းေတာ႔ မရိွခဲ႔ပါဘူး။ ပြဲခ်ိန္(၄၂)မိနစ္မွာေတာ႔ ဘာစီလိုနာအသင္းက ေခ်ပဂိုးရခဲ႔ျပီး မက္ဆီ Messi ရဲ႕ ဖရီးကစ္ကန္ခ်က္ကေန တိုင္ထိထြက္လာတဲ႔ ေဘာလံုးကို ေနာက္ခံလူ ပီေကး Pique က အလိုက္သင္႔ပိတ္သြင္းခဲ႔တာပါ။ ေနာက္ပိုင္းမွာေတာ႔ ပြဲကအျပန္အလွန္ရိွခဲ႔ျပီး ဘာစီလိုနာအသင္းရဲ႕ထိုးေဖာက္ကန္သြင္းခ်က္ေတြကို ဆီဗီလာဂိုးသမား ဗာကလစ္ Vaclík လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္(၇၈)မိနစ္မွာေတာ႔ မက္ဆီ Messi ေပးလိုက္တဲ႔ေဘာလံုးကို အေျပာင္းအေရႊ႕သတင္းေတြထြက္ေနတဲ႔ လူငယ္တိုက္စစ္ကစားသမား ဒမ္ဘီလီ က ေကာင္းမြန္တဲ႔အေ၀းကန္ခ်က္နဲ႔ အသင္းအတြက္အႏိုင္ဂိုးကိုသြင္းယူေပးခဲ႔ပါတယ္။ ၂၀၁၈ စပိန္စူပါဖလားကိုရရိွခဲ႔တာေၾကာင္႔ ဘာစီလိုနာအသင္းဟာ စပိန္စူပါဖလားကို(၁၃)ၾကိမ္ေျမာက္ရရိွခဲ႔တဲ႔ အသင္းျဖစ္လာခဲ႔ျပီး အေအာင္ျမင္ဆံုးအသင္းအျဖစ္လည္းရပ္တည္ေနပါတယ္။

ေနာက္ဆံုး(၅)ႏွစ္အတြင္း စပိန္စူပါဖလားခ်န္ပီယံအသင္းမ်ား
2014 Atlético Madrid
2015 Athletic Bilbao
2016 Barcelona
2017 Real Madrid
2018 Barcelona

စပိန္စူပါဖလားရရွိခဲ့တဲ့အသင္းမ်ားအျပည့္အစုံစာရင္း

REF: BBC Sport
Photo: Chicago Tribune , Sporting News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဆီဗီလာကို အနိုင်ယူပြီး စပိန်စူပါဖလား ရရှိခဲ့တဲ့ ဘာစီလိုနာ

၂၀၁၈ စပိန်စူပါဖလားကို ဘာစီလိုနာအသင်းကရရှိခဲ့ပါတယ်။ ၂၀၁၈ စပိန်စူပါဖလားပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ ဆီဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘာစီလိုနာအသင်းက ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။၂၀၁၈ စပိန်စူပါဖလားပွဲစဉ် ဟာ စပိန်နိုင်ငံပြင်ပမှာ ပထမဆုံးယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး မော်ရိုကိုနိုင်ငံ တန်ဂျီးယားမြို့မှာ ကစားခဲ့ကြတာပါ။

2018-Spain-Super-Cup-Champion-Barcelona

2018-Spain-Super-Cup-Champion-Barcelona

ပွဲအစမှာ ဘာစီလိုနာအသင်းက ထုံးစံအတိုင်းဘောလုံးကို ကိုင်ပြီးကစားခဲ့ပါတယ်။ ပွဲချိန်(၉)မိနစ်မှာတော့ ဆီဗီလာအသင်းက ဦးဆောင်ဂိုးစရခဲ့ပြီး မူရီယဲလ် Muriel ရဲ့ဖန်တီးမှုကနေ ဆာရာဘီယာ Sarabia က ကန်သွင်းယူခဲ့တာပါ။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းက တိုက်စစ်ကိုမြှင့်တင်ကစားခဲ့ပြီး အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ပွဲချိန်(၄၂)မိနစ်မှာတော့ ဘာစီလိုနာအသင်းက ချေပဂိုးရခဲ့ပြီး မက်ဆီ Messi ရဲ့ ဖရီးကစ်ကန်ချက်ကနေ တိုင်ထိထွက်လာတဲ့ ဘောလုံးကို နောက်ခံလူ ပီကေး Pique က အလိုက်သင့်ပိတ်သွင်းခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပွဲကအပြန်အလှန်ရှိခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ထိုးဖောက်ကန်သွင်းချက်တွေကို ဆီဗီလာဂိုးသမား ဗာကလစ် Vaclík လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၇၈)မိနစ်မှာတော့ မက်ဆီ Messi ပေးလိုက်တဲ့ဘောလုံးကို အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ လူငယ်တိုက်စစ်ကစားသမား ဒမ်ဘီလီ က ကောင်းမွန်တဲ့အဝေးကန်ချက်နဲ့ အသင်းအတွက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ၂၀၁၈ စပိန်စူပါဖလားကိုရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားကို(၁၃)ကြိမ်မြောက်ရရှိခဲ့တဲ့ အသင်းဖြစ်လာခဲ့ပြီး အအောင်မြင်ဆုံးအသင်းအဖြစ်လည်းရပ်တည်နေပါတယ်။

နောက်ဆုံး(၅)နှစ်အတွင်း စပိန်စူပါဖလားချန်ပီယံအသင်းများ
2014 Atlético Madrid
2015 Athletic Bilbao
2016 Barcelona
2017 Real Madrid
2018 Barcelona

စပိန်စူပါဖလားရရှိခဲ့တဲ့အသင်းများအပြည့်အစုံစာရင်း

REF: BBC Sport
Photo: Chicago Tribune , Sporting News
Ko Kyue(Akhayar)
www.akhayar.com