[Zawgyi]

El Clasico ပြဲအၿပီး လူသိနည္းတဲ့ အေၾကာင္းအရာေတြက ဘာေတြလဲ

El Clasico လို႔ၾကားလိုက္တဲ့ ကမၻာေပၚမွာရွိတဲ့ ေဘာလံုးပြဲစဥ္ေတြထဲက အေကာင္းဆံုးပြဲစဥ္တစ္ပြဲလို႔ လူသိမ်ားၾကပါတယ္။ ဘာစီလိုနာနဲ႔ ရီးယဲလ္မက္ဒရစ္ဆိုတာ ေခတ္အဆက္ဆက္ ေဘာလံုးသမားေကာင္းေတြ ပိုင္ဆိုင္ခဲ့ၾကသလို လက္ရွိအခ်ိန္မွာလည္း မက္ဆီ၊ ေရာ္နယ္လ္ဒိုတို႔လို႔ ကမၻာ႔အေကာင္းဆံုးဆိုတဲ့ ကစားသမားေတြကို ပိုင္ဆိုင္ထားတဲ့အသင္းေတြ ျဖစ္ပါတယ္။ သူတို႔ (၂)သင္းထိပ္တိုက္ေတြ႔ဆံုတဲ့ ပြဲကလည္း ဘယ္လိုအေျခအေနမ်ိဳးေတြပဲျဖစ္ျဖစ္ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြကို ျမင္ေတြ႔ရသလို အႏိုင္ရလိုစိတ္ ျပင္းထန္တာေၾကာင့္ အနီကတ္၊ အဝါကတ္ေတြ ပလူပ်ံတာက အစဥ္အလာတစ္ခုပါပဲ။ အခုတစ္ပတ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ El Clasico ပဲြစဥ္ကလည္း အစဥ္အလာကို မေဖာက္ဖ်က္ဘဲ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ပါတယ္။ ဘာစီလိုနာတိုက္စစ္မွဴး ဆြာရက္ဇ္ Suarez နဲ႔ ရီးယဲလ္အသင္းေခါင္းေဆာင္ ရာမို႔စ္တို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈ၊ ဘာစီလိုနာ လူငယ္ကစားသမား ဆာဂ်ီေရာ္ဘတ္တို Sergi Roberto ရဲ႕ အနီကတ္ျပစ္ဒဏ္နဲ႔ လွပေသသပ္တဲ့ သြင္းဂိုးေတြက ဒီပြဲစဥ္ရဲ႕ အေကာင္းမြန္ဆံုး အခိုက္အတန္႔ေတြျဖစ္ခဲ့ပါတယ္။ ဒီပြဲစဥ္ကေန လူသိနည္းတဲ့ အေၾကာင္းအရာ အျဖစ္အပ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အျငင္းပြားဖြယ္ ဂါရတ္ေဘးလ္
ဘာစီလိုနာ ေနာက္ခံလူ အမ္တီတီ Umtiti ကို သိသာစြာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့ ရီးယဲလ္ေတာင္ပံကစားသမား ေဘးလ္ကို အနီကတ္ျပသခဲ့ျခင္းမရွိတဲ့ ကြင္းလယ္ဒိုင္ ဟာနန္ဒက္ဇ္ Hernandez ရဲ႕ ဆံုးျဖတ္ခ်က္ကေတာ့ အျငင္းပြားဖြယ္ရာ ျဖစ္ခဲ့ပါတယ္။ ေဘးလ္ရဲ႕ ဖ်က္ထုတ္ပံုဟာ အမ္တီတီကို ဒဏ္ရာျပင္းထန္စြာ ရရွိေစႏိုင္တဲ့ ဖ်က္ထုတ္မႈမ်ိဳးျဖစ္ၿပီး ေျခသလံုးကို ေနာက္ကေန ေစာင့္နင္းခဲ့တာ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္မတိုင္ခင္မွာလည္း ဘာစီလိုနာအသင္းေခါင္းေဆာင္ အင္နီေယစတာ Iniesta ကို ဖ်က္ထုတ္ပံု ၾကမ္းတမ္းခဲ့တဲ့ ေဘးလ္ကို အေရးယူျခင္းမရွိတဲ့ ကြင္းလယ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ေၾကာင့္ ႏူးကမ့္ကြင္းထဲက ဘာစီလိုနာပရိသတ္ေတြ ေဒါသထြက္ခဲ့ရၿပီး ပြဲဆူခဲ့ပါတယ္။

(၁၃)ႏွစ္ၾကာေပးဆပ္မႈမွ ရရွိလာတဲ့ မွတ္တမ္း
လြန္ခဲ့တဲ့ (၁၃)ႏွစ္က ဆီဗီလာကေန ရီးယဲလ္ကို ေျပာင္းေရႊ႕လာခဲ့တဲ့ ရာမို႔စ္ Ramos ဟာ လက္ရွိအခ်ိန္မွာေတာ့ အသင္းအတြက္ ပြဲအမ်ားဆံုး ကစားေပးထားတဲ့ ကစားသမား (၁၀)ဦး စာရင္းကို ပါဝင္လာႏိုင္ခဲ့ပါၿပီ။ လက္ရွိအသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနတဲ့ ရာမို႔စ္ဟာ အသင္းအေပၚ အေကာင္းဆံုး ေပးဆပ္မႈေတြေၾကာင့္ ပရိသတ္အခ်စ္ေတာ္ ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းကိုေရာက္ရွိလာၿပီး ေနာက္ပိုင္း နည္းျပအဆက္ဆက္ ေနာက္တန္းမွာ ပံုမွန္ပြဲထြက္ခြင့္ရေနတဲ့ ကစားသမားတစ္ဦးပါပဲ။ ရီးယဲလ္အသင္းအတြက္ ပြဲအမ်ားဆံုး ကစားေပးခဲ့တဲ့ ကစားသမားအျဖစ္ အသင္းေခါင္းေဆာင္ေဟာင္းေတြျဖစ္တဲ့ ရာအူးလ္ Raul(၇၄၁ ပြဲ) နဲ႔  ကာဆီးလက္စ္ Casillas (၇၂၅ ပြဲ) တို႔က ထိပ္ဆံုးမွာ ရပ္တည္ေနပါတယ္။ ရာမို႔စ္ကေတာ့ အသင္းကြင္းလယ္လူေဟာင္း ပါယ္ရီ Pirri နဲ႔အတူ (၅၆၁)ပဲြစီကစားၿပီး အဆင့္ (၈)ေနရာမွာ ရပ္တည္ေနပါတယ္။

El-Clasico

El-Clasico

King Cristiano
El Clasico သြင္းဂိုးအမ်ားဆံုး ကစားသမားမဟုတ္ေပမဲ့ ရီးယဲလ္အတြက္ El Clasico သြင္းဂိုးအမ်ားဆံုး ကစားသမားအျဖစ္ ရပ္တည္ေနခဲ့တဲ့ ဂႏၳဝင္တိုက္စစ္မွဴးေဟာင္း ဒီစတီဖာႏို Di Stefano ရဲ႕ စံခ်ိန္ကိုေတာ့ စီေရာ္နယ္လ္ဒို C.Ronaldo လိုက္မီခဲ့ပါၿပီ။ ရီးယဲလ္အတြက္ El Clasico သြင္းဂိုးအမ်ားဆံုး ကစားသမားေတြအျဖစ္ ဒီစတီဖာႏိုနဲ႔အတူ စီေရာ္နယ္လ္ဒိုဟာ သြင္းဂိုး (၁၈)ဂိုးနဲ႔အတူ ရပ္တည္ႏိုင္ခဲ့ပါတယ္။ El Clasico ရဲ႕ သြင္းဂိုးအမ်ားဆံုး ကစားသမားအျဖစ္ ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီ Messi က သြင္းဂိုး (၂၈)ဂိုးနဲ႔ ရပ္တည္ေနပါတယ္။

ဘာစီလိုနာအတြက္ ရွားပါးအနီကတ္
ဘာစီလိုနာအသင္းမွာ တိုက္ရိုက္အနီကတ္ျပခံရတယ္ဆိုတာ ျဖစ္ေတာ့ျဖစ္ခဲ ကိစၥတစ္ခုလိုကိုျဖစ္ေနတယ္။ အနီးစပ္ဆံုး တိုက္ရိုက္အနီျပခံရတာဆိုလို႔ လြန္ခဲ့တဲ့ (၃)ႏွစ္ေလာက္က အီဘာနဲ႔ ပြဲမွာ ျပခံခဲ့ရတဲ့ မာေရွယာႏို Mascherano ပဲရွိတယ္။ အခုပြဲစဥ္မွာ ရီးယဲလ္ေနာက္ခံလူ မာဆယ္လို Marcelo ကို ေဒါသအေလ်ာက္ တံု႔ျပန္ခဲ့တဲ့ ဘာစီိလိုနာေနာက္ခံလူ ဆာဂ်ီေရာ္ဘတ္တို Sergi Roberto ကေတာ့ ၂၀၁၅ ေနာက္ပိုင္း ထုတ္ပယ္ခံရတဲ့ ဘာစီလိုနာကစားသမားျဖစ္ခဲ့တယ္။

ၿပိဳင္ဘက္ (၂)ဦး သြင္းဂိုး (၁၀၀၀)
လက္ရွိေဘာလံုးကမၻာရဲ႕ အျငင္းပြားဖြယ္မရွိ အေကာင္းဆံုး ကစားသမား(၂)ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုတို႔ (၂)ဦးေပါင္း ဘာစီလိုနာနဲ႔ ရီးယဲလ္အသင္းေတြအတြက္ သြင္းယူေပးခဲ့တဲ့ သြင္းဂုိး (၁၀၀၀)ျပည့္ခဲ့တဲ့ ပြဲျဖစ္ပါတယ္။ (၂)ဦးေပါင္း သြင္းဂိုးမွာ ဘာစီလိုနာအသင္းအတြက္ မက္ဆီက (၅၅၁)ဂိုး၊ ရီးယဲလ္အသင္းအတြက္ စီေရာ္နယ္လ္ဒိုက (၄၄၉)ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ မက္ဆီက ဘာစီလိုနာအသင္းမွာ (၁၄)ရာသီေလာက္ကစားခဲ့ၿပီး တစ္ရာသီပ်မ္းမွ် ဂိုး (၄၀)ေလာက္သာ သြင္းယူႏိုင္ခဲ့ေပမယ့္ ၂၀၀၉ ခုႏွစ္မွာမွ မန္ယူကေန ရီးယဲလ္အသင္းကို ေရာက္ရွိလာတဲ့ စီေရာ္နယ္ဒိုကေတာ့ အသင္းအတြက္ (၉)ရာသီခန္႔ ကစားခဲ့ၿပီး တစ္ရာသီပ်မ္းမွ် ဂိုး (၅၀)အထိ သြင္းယူထားတာျဖစ္ပါတယ္။

REF:Daily Mail
Photo:Daily Mail, Firstpost
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

El Clasico ၿပဲအၿပီး လူသိနၫ္းတဲ့ ေအၾကာင္းအရာေၾတက ဘာေၾတလဲ

El Clasico လို့ကြားလိုက်တဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တစ်ပွဲလို့ လူသိများကြပါတယ်။ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်ဆိုတာ ခေတ်အဆက်ဆက် ဘောလုံးသမားကောင်းတွေ ပိုင်ဆိုင်ခဲ့ကြသလို လက်ရှိအချိန်မှာလည်း မက်ဆီ၊ ရော်နယ်လ်ဒိုတို့လို့ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့အသင်းတွေ ဖြစ်ပါတယ်။ သူတို့ (၂)သင်းထိပ်တိုက်တွေ့ဆုံတဲ့ ပွဲကလည်း ဘယ်လိုအခြေအနေမျိုးတွေပဲဖြစ်ဖြစ် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရသလို အနိုင်ရလိုစိတ် ပြင်းထန်တာကြောင့် အနီကတ်၊ အဝါကတ်တွေ ပလူပျံတာက အစဉ်အလာတစ်ခုပါပဲ။ အခုတစ်ပတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ El Clasico ပွဲစဉ်ကလည်း အစဉ်အလာကို မဖောက်ဖျက်ဘဲ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် Suarez နဲ့ ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု၊ ဘာစီလိုနာ လူငယ်ကစားသမား ဆာဂျီရော်ဘတ်တို Sergi Roberto ရဲ့ အနီကတ်ပြစ်ဒဏ်နဲ့ လှပသေသပ်တဲ့ သွင်းဂိုးတွေက ဒီပွဲစဉ်ရဲ့ အကောင်းမွန်ဆုံး အခိုက်အတန့်တွေဖြစ်ခဲ့ပါတယ်။ ဒီပွဲစဉ်ကနေ လူသိနည်းတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အငြင်းပွားဖွယ် ဂါရတ်ဘေးလ်
ဘာစီလိုနာ နောက်ခံလူ အမ်တီတီ Umtiti ကို သိသာစွာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ရီးယဲလ်တောင်ပံကစားသမား ဘေးလ်ကို အနီကတ်ပြသခဲ့ခြင်းမရှိတဲ့ ကွင်းလယ်ဒိုင် ဟာနန်ဒက်ဇ် Hernandez ရဲ့ ဆုံးဖြတ်ချက်ကတော့ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ ဘေးလ်ရဲ့ ဖျက်ထုတ်ပုံဟာ အမ်တီတီကို ဒဏ်ရာပြင်းထန်စွာ ရရှိစေနိုင်တဲ့ ဖျက်ထုတ်မှုမျိုးဖြစ်ပြီး ခြေသလုံးကို နောက်ကနေ စောင့်နင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင်မှာလည်း ဘာစီလိုနာအသင်းခေါင်းဆောင် အင်နီယေစတာ Iniesta ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တဲ့ ဘေးလ်ကို အရေးယူခြင်းမရှိတဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နူးကမ့်ကွင်းထဲက ဘာစီလိုနာပရိသတ်တွေ ဒေါသထွက်ခဲ့ရပြီး ပွဲဆူခဲ့ပါတယ်။

(၁၃)နှစ်ကြာပေးဆပ်မှုမှ ရရှိလာတဲ့ မှတ်တမ်း
လွန်ခဲ့တဲ့ (၁၃)နှစ်က ဆီဗီလာကနေ ရီးယဲလ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ရာမို့စ် Ramos ဟာ လက်ရှိအချိန်မှာတော့ အသင်းအတွက် ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမား (၁၀)ဦး စာရင်းကို ပါဝင်လာနိုင်ခဲ့ပါပြီ။ လက်ရှိအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ရာမို့စ်ဟာ အသင်းအပေါ် အကောင်းဆုံး ပေးဆပ်မှုတွေကြောင့် ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကိုရောက်ရှိလာပြီး နောက်ပိုင်း နည်းပြအဆက်ဆက် နောက်တန်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားတစ်ဦးပါပဲ။ ရီးယဲလ်အသင်းအတွက် ပွဲအများဆုံး ကစားပေးခဲ့တဲ့ ကစားသမားအဖြစ် အသင်းခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ရာအူးလ် Raul(၇၄၁ ပွဲ) နဲ့  ကာဆီးလက်စ် Casillas (၇၂၅ ပွဲ) တို့က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ရာမို့စ်ကတော့ အသင်းကွင်းလယ်လူဟောင်း ပါယ်ရီ Pirri နဲ့အတူ (၅၆၁)ပွဲစီကစားပြီး အဆင့် (၈)နေရာမှာ ရပ်တည်နေပါတယ်။

El-Clasico

El-Clasico

King Cristiano
El Clasico သွင်းဂိုးအများဆုံး ကစားသမားမဟုတ်ပေမဲ့ ရီးယဲလ်အတွက် El Clasico သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့တဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဒီစတီဖာနို Di Stefano ရဲ့ စံချိန်ကိုတော့ စီရော်နယ်လ်ဒို C.Ronaldo လိုက်မီခဲ့ပါပြီ။ ရီးယဲလ်အတွက် El Clasico သွင်းဂိုးအများဆုံး ကစားသမားတွေအဖြစ် ဒီစတီဖာနိုနဲ့အတူ စီရော်နယ်လ်ဒိုဟာ သွင်းဂိုး (၁၈)ဂိုးနဲ့အတူ ရပ်တည်နိုင်ခဲ့ပါတယ်။ El Clasico ရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ Messi က သွင်းဂိုး (၂၈)ဂိုးနဲ့ ရပ်တည်နေပါတယ်။

ဘာစီလိုနာအတွက် ရှားပါးအနီကတ်
ဘာစီလိုနာအသင်းမှာ တိုက်ရိုက်အနီကတ်ပြခံရတယ်ဆိုတာ ဖြစ်တော့ဖြစ်ခဲ ကိစ္စတစ်ခုလိုကိုဖြစ်နေတယ်။ အနီးစပ်ဆုံး တိုက်ရိုက်အနီပြခံရတာဆိုလို့ လွန်ခဲ့တဲ့ (၃)နှစ်လောက်က အီဘာနဲ့ ပွဲမှာ ပြခံခဲ့ရတဲ့ မာရှေယာနို Mascherano ပဲရှိတယ်။ အခုပွဲစဉ်မှာ ရီးယဲလ်နောက်ခံလူ မာဆယ်လို Marcelo ကို ဒေါသအလျောက် တုံ့ပြန်ခဲ့တဲ့ ဘာစီလိုနာနောက်ခံလူ ဆာဂျီရော်ဘတ်တို Sergi Roberto ကတော့ ၂၀၁၅ နောက်ပိုင်း ထုတ်ပယ်ခံရတဲ့ ဘာစီလိုနာကစားသမားဖြစ်ခဲ့တယ်။

ပြိုင်ဘက် (၂)ဦး သွင်းဂိုး (၁၀၀၀)
လက်ရှိဘောလုံးကမ္ဘာရဲ့ အငြင်းပွားဖွယ်မရှိ အကောင်းဆုံး ကစားသမား(၂)ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ (၂)ဦးပေါင်း ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတွေအတွက် သွင်းယူပေးခဲ့တဲ့ သွင်းဂိုး (၁၀၀၀)ပြည့်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။ (၂)ဦးပေါင်း သွင်းဂိုးမှာ ဘာစီလိုနာအသင်းအတွက် မက်ဆီက (၅၅၁)ဂိုး၊ ရီးယဲလ်အသင်းအတွက် စီရော်နယ်လ်ဒိုက (၄၄၉)ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီက ဘာစီလိုနာအသင်းမှာ (၁၄)ရာသီလောက်ကစားခဲ့ပြီး တစ်ရာသီပျမ်းမျှ ဂိုး (၄၀)လောက်သာ သွင်းယူနိုင်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာမှ မန်ယူကနေ ရီးယဲလ်အသင်းကို ရောက်ရှိလာတဲ့ စီရော်နယ်ဒိုကတော့ အသင်းအတွက် (၉)ရာသီခန့် ကစားခဲ့ပြီး တစ်ရာသီပျမ်းမျှ ဂိုး (၅၀)အထိ သွင်းယူထားတာဖြစ်ပါတယ်။

REF:Daily Mail
Photo:Daily Mail, Firstpost
Aung Kyaw Wai(Akhayar)
www.akhayar.com