[Zawgyi]



Iggy Azalea

Iggy Azalea


Iggy Azalea

Iggy Azalea


Iggy Azalea

Iggy Azalea


Su Yi Htet (Akhayar)

[Unicode]

Iggy Azalea ကို ဒေါ်လာ တစ်သန်းတန်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တဲ့ Porn Company “Bang Bros”

နိုဝင်ဘာလ (၂)ရက်နေ့က Iggy Azalea ဟာ Island Records နဲ့ လမ်းခွဲလိုက်ပြီလို့ သူမရဲ့ Twitter စာမျက်နှာကနေ ကြေညာခဲ့ပြီးနောက်မှာ တစ်ဆက်တည်းဆိုသလို သူမဟာ Free Agent တစ်ယောက်ဖြစ်သွားပြီ ၊ကိုယ်ပိုင်လှုပ်ရှားမှုတွေကို လွတ်လွတ်လပ်လပ်ဆက်တိုက်လုပ်တော့မယ်လို့ ဆိုခဲ့ပါတယ်။

Iggy Azalea

Iggy Azalea

ဒီလိုကြေညာပြီးတဲ့နောက် Iggy က သူမအနေနဲ့ ဂီတနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုသလို တစ်စုံတစ်ယောက်က Feature အနေနဲ့ လိုချင်တယ်ဆိုရင်လည်း ပါဝင်ပေးမယ်လို့လည်း ပြောခဲ့ပါတယ်။

Iggy Azalea

Iggy Azalea

သူမရဲ့ Twitter စာမျက်နှာက တစ်ဆင့် ဒီသတင်းတွေ ပေါ်ထွက်လာပြီးနောက်မှာ Iggy ကို Feature အနေနဲ့ ဘယ်သူကမှ ကမ်းလှမ်းခြင်းမရှိသေးပေမယ့် ထူးထူးခြားခြား Bang Bros ကတော့ သူမကို Porn Game ထဲကို ဝင်ရောက်ဖို့ စတင်ကမ်းလှမ်းခဲ့ပါတယ်။ Porn Company တစ်ခုဖြစ်တဲ့ “Bang Bros” ဟာ Iggy ကို သူတို့ရဲ့ စီးရီးဖြစ်တဲ့ “Ass Parade” အတွက် လက်မှတ်ထိုးစာချုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ပြီးတော့ အဲ့ဒီစာချုပ်ကမ်းလှမ်းမှုက ဒေါ်လာ တစ်သန်းတန်တယ်လို့ ဆိုပါတယ်။

Iggy Azalea

Iggy Azalea

Iggy အနေနဲ့ သဘောတူတယ် မတူဘူးဆိုတာ အခုချိန်ထိ မသိရသေးပေမယ့် ဒီရက်ပိုင်း Instagram မှာ လုံး၀ အဟော့တလိုင်း ဆက်စီကျကျ ပုံတွေတောက်လျှောက်တင်နေတာမို့ Iggy Azalea တစ်ယောက်က သူမရဲ့ နဂိုလမ်းကြောင်းပေါ်မှာပဲ ဆက်လျှောက်လှမ်းမလား.. “Bang Bros” ရဲ့ ကမ်းလှမ်းချက်တွေကို လက်ခံမလားဆိုတာ ပရိသတ်တွေ စောင့်ကြည့်ချင်စရာပါပဲ။

Su Yi Htet (Akhayar)