ရှေးဟောင်း Speaker တွေကို Smart Speaker အဖြစ်ပြောင်းပေးသွားမယ့် Bang & Olufsen
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Bang & Olufsen ဟာ Audio ပိုင်းမှာ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်ပြီးတော့ လက်ရှိအချိန်မှာလည်း Audio Headphones ၊ Speakers တွေအပြင် Luxury Car Brand တွေမှာလည်း Audio ပိုင်းကို တာဝန်ယူထားတာဖြစ်ပါတယ်။ အခုလည်း Bang & Olusfen ဟာ HiFiBerry နဲ့ ပူးပေါင်းပြီးတော့ ရှေးဟောင်း Speaker တွေကို Smart Wireless Speakers တွေအဖြစ်ပြောင်းလဲနိုင်မယ့် DIY Project တစ်ခုကို စတင်နေပြီဖြစ်ပါတယ်။
အရင်တုန်းက Speaker တွေကို ဘယ်လိုမျိုး Wireless Smart Speaker တွေအဖြစ်ပြောင်းလဲပေးမလဲဆိုတာအတွက် B&O ကနေ Beocreate 4 Channel Amplifier ကို ထုတ်ပေးလိုက်ပြီးတော့ အဆိုပါ Amplifier ဟာ Passive Loudspeaker တွေအတွက် ဒီဇိုင်းပြုလုပ်ထားတာပဲဖြစ်ပါတယ်။ အဆိုပါ Beocreate 4 ဟာ Digital Amplifier အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပေမယ့် Wi-Fi နဲ့ Bluetooth တွေကို အသုံးပြုနိုင်ဖို့အတွက်ကတော့ Raspberry Pi ကိုလိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။
အခု Beocreate 4 ဟာ 4 Channel Amplifier တစ်ခုဖြစ်ပြီး 30W Channel ၂ ခု နဲ့ 60W Channel ၂ ခုပါဝင်မှာဖြစ်ပါတယ်။ Power အနေနဲ့တော့ Single External 12-24V Source တစ်ခုပဲလိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ B&O Audio နဲ့ အတူဆောင်ရွက်ထားတဲ့ HiFiBerry ရဲ့ ပြောကြားချက်အရတော့ အခု Beocreate 4 စာ 4-8 Ohm Speakers ၄ ခုအထိ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။ အခု Beocreate 4 Amplifier ကို အသုံးပြုသူတွေအနေနဲ့ ဒီအတိုင်း အသုံးပြုချင်တဲ့ Speaker တွေမှာ တပ်ဆင်လိုက်ရုံပဲဖြစ်ပြီး AirPlay ၊ Bluetooth ဒါမှ Spotify လို Service တွေအသုံးပြုနိုင်ဖို့အတွက် Software လည်းပါဝင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ HiFiBerry ကတော့ အဆိုပါ Software ကို Open-Source ပြုလုပ်ပေးထားတဲ့အတွက် နောက်ပိုင်းမှာ Developer တွေအနေနဲ့ အကန့်အသတ်မဲ့ ဖန်တီးမှုတွေကို ပြုလုပ်နိုင်မယ်လို့ ပြေကြားခဲ့ပါတယ်။
အခု B&O Audio နဲ့ HiFiBerry တို့ ပေါင်းစပ်ဖန်တီးတဲ့ Beocreate 4 Amplifier ဟာ တော်တေ်ာလေးကို ဖန်တီးမှုကောင်းမွန်တဲ့ Product တစ်ခုဖြစ်ပေမယ့် တစ်ခုရှိတာကတော့ DIY Product တစ်ခုဖြစ်တဲ့အတွက် Audio ပိုင်းကို သေချာနားလည်တဲ့သူတွေအတွက်ပဲ အဆင်ပြေဦးမှာပါ။ ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၁၈၉ နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com