[Zawgyi]

ဆယ္စုႏွစ္အတြင္းမွာ ငွက္ေပ်ာသီးေတြ မ်ိဳးတုန္းေပ်ာက္ကြယ္ေတာ့မွာလား

ငွက္ေပ်ာသီးဆုိတာ ကမၻာေပၚမွာ လူႀကိဳက္မ်ားတဲ့ သီးႏွံတစ္မ်ိဳးပဲျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံမွာဆုိရင္ ငွက္ေပ်ာသီးေစ်းကြက္ဟာ ပန္းသီးနဲ႔လိေမၼာ္သီးေစ်းြကြက္ထက္ေတာင္ ပုိႀကီးတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ငွက္ေပ်ာ္မႈိတစ္မ်ိဳးရဲ႕ အႏၱရာယ္ေၾကာင့္ ငွက္ေပ်ာသီးေတြဟာ ေပ်ာက္ကြယ္ေတာ့မွာလားလုိ႔ ရုကၡေဗဒပညာရွင္ေတြက ေမးခြန္းထုတ္ေနၾကပါတယ္။ ေနာက္ဆယ္ႏွစ္အတြင္းမွာေတာင္ ငွက္ေပ်ာသီးရွားပါးလာတဲ့ ျပႆနာနဲ႔ ရင္ဆုိင္လာႏုိင္တယ္လုိ႔ ခန္႔မွန္းေနၾကပါတယ္။

ပနားမားေရာဂါ (Panana Disease) လုိ႔ ေခၚၾကတဲ့ ငွက္ေပ်ာမိႈတစ္မ်ိဳးဟာ အပင္ကုိ ေျမဆီလႊာမွ အာဟာရနဲ႔ ေရ စားသုံးမႈကုိ တားဆီးေစၿပီး ညွိဳးေျခာက္ေစပါတယ္။ ဒါ့ေၾကာင့္ ငွက္ေပ်ာညွိဳးေသေရာဂါလုိ႔လည္း ေခၚၾကပါတယ္။ လက္ရွိအခ်ိန္မွာ ကမၻာ့ေစ်းကြက္ဝင္ ငွက္ေပ်ာမ်ိဳးက သီးေမႊးငွက္ေပ်ာ (Cavendish Banana) ပဲျဖစ္ပါတယ္။ ၂ဝရာစုတုန္းက Gros Michel ငွက္ေပ်ာမ်ိဳးေတြဟာ ေစ်းကြက္မွာ နာမည္ေက်ာ္ခဲ့ၿပီး ပနားမားေရာဂါရဲ႕ ဒဏ္ေၾကာင့္ ၁၉၂ဝခုႏွစ္ဝန္းက်င္မွာ ငွက္ေပ်ာသီးရွားပါးတဲ့ျပႆနာကုိ ရင္ဆုိင္ခဲ့ရပါတယ္။ အဲဒီအခ်ိန္မွာ သီးေမႊးငွက္ေပ်ာေတြဟာ ေစ်းကြက္ဝင္လာခဲ့ၿပီး ၁၉၉၈ခုႏွစ္နဲ႔ ၂ဝဝဝခုႏွစ္ၾကားမွာ ကမၻာ့ငွက္ေပ်ာေစ်းကြက္ကုိ ၄၇ရာခုိင္ႏႈန္းအထိ လႊမ္းမုိးထားႏုိင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ပနားမားမႈိေရာဂါဟာ အာရွတုိက္နဲ႔ အာဖရိကတုိက္မွာရွိတဲ့ သီးေမႊးငွက္ေပ်ာပင္ေတြကုိ တုိက္ခုိက္ေနၿပီး ေသေၾကေစပါတယ္။ ကမၻာ့သီးေမႊးေစ်းကြက္ကုိ ေထာက္ပံ့ေပးေနတဲ့ ေတာင္အေမရိကတုိက္ကုိ ပနားမားမႈိေရာဂါဟာ ေရာက္ရွိသြားရင္ ေနာက္ဆယ္ႏွစ္အတြင္းမွာ ငွက္ေပ်ာသီးေတြ မ်ိဳးတုန္းသြားႏုိင္တယ္လုိ႔ သုံးသပ္ေနၾကတာပဲျဖစ္ပါတယ္။ ငွက္ေပ်ာသီးေတြ ေလာကမွာ ေပ်ာက္ကြယ္သြားႏုိင္လား ဘယ္လုိထင္လဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ဆယ်စုနှစ်အတွင်းမှာ ငှက်ပျောသီးတွေ မျိုးတုန်းပျောက်ကွယ်တော့မှာလား

ငှက်ပျောသီးဆိုတာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ သီးနှံတစ်မျိုးပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် ငှက်ပျောသီးဈေးကွက်ဟာ ပန်းသီးနဲ့လိမ္မော်သီးဈေးွကွက်ထက်တောင် ပိုကြီးတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ငှက်ပျော်မှိုတစ်မျိုးရဲ့ အန္တရာယ်ကြောင့် ငှက်ပျောသီးတွေဟာ ပျောက်ကွယ်တော့မှာလားလို့ ရုက္ခဗေဒပညာရှင်တွေက မေးခွန်းထုတ်နေကြပါတယ်။ နောက်ဆယ်နှစ်အတွင်းမှာတောင် ငှက်ပျောသီးရှားပါးလာတဲ့ ပြဿနာနဲ့ ရင်ဆိုင်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ပနားမားရောဂါ (Panana Disease) လို့ ခေါ်ကြတဲ့ ငှက်ပျောမှိုတစ်မျိုးဟာ အပင်ကို မြေဆီလွှာမှ အာဟာရနဲ့ ရေ စားသုံးမှုကို တားဆီးစေပြီး ညှိုးခြောက်စေပါတယ်။ ဒါ့ကြောင့် ငှက်ပျောညှိုးသေရောဂါလို့လည်း ခေါ်ကြပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့ဈေးကွက်ဝင် ငှက်ပျောမျိုးက သီးမွှေးငှက်ပျော (Cavendish Banana) ပဲဖြစ်ပါတယ်။ ၂ဝရာစုတုန်းက Gros Michel ငှက်ပျောမျိုးတွေဟာ ဈေးကွက်မှာ နာမည်ကျော်ခဲ့ပြီး ပနားမားရောဂါရဲ့ ဒဏ်ကြောင့် ၁၉၂ဝခုနှစ်ဝန်းကျင်မှာ ငှက်ပျောသီးရှားပါးတဲ့ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ သီးမွှေးငှက်ပျောတွေဟာ ဈေးကွက်ဝင်လာခဲ့ပြီး ၁၉၉၈ခုနှစ်နဲ့ ၂ဝဝဝခုနှစ်ကြားမှာ ကမ္ဘာ့ငှက်ပျောဈေးကွက်ကို ၄၇ရာခိုင်နှုန်းအထိ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ပနားမားမှိုရောဂါဟာ အာရှတိုက်နဲ့ အာဖရိကတိုက်မှာရှိတဲ့ သီးမွှေးငှက်ပျောပင်တွေကို တိုက်ခိုက်နေပြီး သေကြေစေပါတယ်။ ကမ္ဘာ့သီးမွှေးဈေးကွက်ကို ထောက်ပံ့ပေးနေတဲ့ တောင်အမေရိကတိုက်ကို ပနားမားမှိုရောဂါဟာ ရောက်ရှိသွားရင် နောက်ဆယ်နှစ်အတွင်းမှာ ငှက်ပျောသီးတွေ မျိုးတုန်းသွားနိုင်တယ်လို့ သုံးသပ်နေကြတာပဲဖြစ်ပါတယ်။ ငှက်ပျောသီးတွေ လောကမှာ ပျောက်ကွယ်သွားနိုင်လား ဘယ်လိုထင်လဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com