[Zawgyi]
Balotelli-Man-City
Balotelli-Man-City
Balotelli-Nice
Balotelli-Nice
Ref: BBC Sport
Photo: Sportzwiki , SBI Soccer , Metro
Ko Kyue(Akhayar)
www.akhayar.com
[Unicode]
နိုက်စ်အသင်းမှာ ဆက်ရှိနေမယ့် တိုက်စစ်မှုး ဘာလိုတယ်လီ Balotelli
ဘာလိုတယ်လီ Balotelli ဟာ ခြေစွမ်းပိုင်းကောင်းမွန်တဲ့ ကစားသမားဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ ဘာလိုတယ်လီ Balotelli ဟာသူ့ရဲ့ အကျင့်စရိုက်တချို့ကြောင့် အသင်းတစ်သင်းထဲမှာ အချိန်အကြာကြီးရှိမနေတဲ့သူပါ။ ဘာလိုတယ်လီ Balotelli ရဲ့ တချို့အပြုအမူတွေဟာလည်း ပရိသတ်တွေအတွက် ဖျော်ဖြေမှုတွေဖြစ်ခဲ့ပါတယ်။
Balotelli-Man-City
Balotelli-Man-City
လက်ရှိအချိန်မှာ ဘာလိုတယ်လီ Balotelli ဟာ အသက်(၂၈)နှစ်အရွယ်ကိုရောက်နေပါပြီ။ ဒီအသက်အရွယ်ဟာ ကစားသမားတစ်ယောက်ရဲ့အကောင်းဆုံးအချိန်ကာလဆိုရင်လည်းမမှားပါဘူး။ ဘာလိုတယ်လီ Balotelli ရဲ့လက်ရှိခြေစွမ်းဟာလည်း အကောင်းဆုံးမှာရှိနေခဲ့တာပါ။ အင်တာမီလန် ၊ မန်စီးတီး ၊ အေစီမီလန် ၊ လီဗာပူးလ် စတဲ့အသင်းကြီးတွေမှာ ကစားခဲ့တဲ့ ဘာလိုတယ်လီ Balotelli ဟာ နိုက်စ်အသင်းကနေထွက်ခွာလိုခဲ့သူပါ။ နိုက်စ်အသင်းနည်းပြ ဗီအဲရာ Vieira ကိုယ်တိုင်ကလည်း ဘာလိုတယ်လီ Balotelli အသင်းကနေထွက်ခွာဖို့ အတွက်အကူအညီပေးမယ် ဆိုတဲ့ အခြေအနေတွေလည်းရှိခဲ့ပါတယ်။
Balotelli-Nice
Balotelli-Nice
ဒါပေမဲ့ ဘာလိုတယ်လီ Balotelli ရဲ့အနာဂတ်ဟာ လက်ရှိမှာတော့ နိုက်စ်အသင်းမှာ ဆက်ရှိနေမှာသေချာခဲ့ပါပြီ။ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာတော့ ဘာလိုတယ်လီ Balotelli ဟာ နိုက်စ်အသင်းမှာဆက်ရှိနေမှာဖြစ်ပြီး သူ့ရဲ့နိုက်စ်ကစားသမားဘ၀ (၃)ရာသီမြောက် ဘောလုံးရာသီလည်းဖြစ်လာမှာပါ။ ဘာလိုတယ်လီ Balotelli ဟာ လက်ရှိအချိန်ထိ နိုက်စ်အသင်းအတွက် ပွဲပေါင်း(၆၆)ပွဲကစားထားပြီး သွင်းဂိုး(၄၃)ဂိုးသွင်းယူထားပါတယ်။ အသင်းတစ်သင်းမှာ အချိန်အကြာကြီး မကစားတတ်တဲ့ ဘာလိုတယ်လီ Balotelli တစ်ယောက် နိုက်စ်အသင်းမှာ ဘယ်လောက်ထိအနာဂတ် ဆက်ရှိနေမလဲဆိုတာကတော့ …
Ref: BBC Sport
Photo: Sportzwiki , SBI Soccer , Metro
Ko Kyue(Akhayar)
www.akhayar.com