[Zawgyi]

Ballon d’Or ဆုကိုရရိွဖို႔ ေရပန္းစားေနတဲ႔ ကစားသမား(၅)ဦး

နာမည္ႀကီး ျပင္သစ္ေဘာလုံးမဂၢဇင္း (France Football Magazine)ဟာ ၂၀၁၈ ခုႏွစ္ ဥေရာပအေကာင္းဆုံး ေဘာလုံးသမားဆု (Ballon d’Or)အတြက္ ပဏာမ ကစားသမားအေယာက္(၃၀)စာရင္းကို ထုတ္ျပန္ေၾကညာလုိက္ပါျပီ။ ထုတ္ျပန္လိုက္တဲ႔ ကစားသမားစာရင္းမွာေတာ႔ နာမည္ေက်ာ္ကစားသမားေတြ အားလံုးပါ၀င္ေနျပီး ဒီဆုကိုဘယ္သူရမလဲဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။ ဒါေၾကာင္႔ ပရိသတ္ေတြအတြက္ Ballon d’Or ဆုကိုရရိွဖို႔ ေရပန္းစားေနတဲ႔ ကစားသမား(၅)ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၅) ဘာေပ Mbappe

Mbappe

Mbappe

ျပင္သစ္လူငယ္ တိုက္စစ္မႈး ဘာေပ Mbappe ဟာ ဒီဆုကိုရရိွဖို႔ ေရပန္းစားေနတဲ႔ ကစားသမားတစ္ေယာက္ပါ။ ဘာေပဟာ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက PSG အသင္းနဲ႔အတူ ျပည္တြင္းဆုဖလားေတြ အားလံုးကိုရရိွခဲ႔ျပီး ျပင္သစ္အသင္းနဲ႔လည္း ကမၻာ႔ဖလားခ်န္ပီယံဆုကို ရရိွခဲ႔သလို ေျခစြမ္းျပကစားႏိုင္ခဲ႔ပါတယ္။ လက္ရိွမွာလည္း ဘာေပဟာ ေျခစြမ္းျပကစားေနျပီး Ballon d’Or ဆုကိုရရိွဖို႔ ထိုက္တန္တဲ႔ ကစားသမားေတြထဲက တစ္ေယာက္ပဲ ျဖစ္ပါတယ္။

(၄) ဂရစ္ဇ္မန္း Griezmann

Griezmann

Griezmann

ဥေရာပအေကာင္းဆံုး ကစားသမားဆု ၊ FIFA The Best ဆုတို႔နဲ႔ လြဲေခ်ာ္ခဲ႔ရတဲ႔ ဂရစ္ဇ္မန္း Griezmann အတြက္ Ballon d’Or ဆုဟာ ေနာက္ဆံုးေမွ်ာ္လင္႔ခ်က္တစ္ခုပါပဲ။ အက္သလက္တီကိုအသင္း ယူ႐ိုပါလိဂ္နဲ႔ ဥေရာပစူပါဖလားရရိွခဲ႔တဲ႔ ေနရာမွာ ဂရစ္ဇ္မန္းရဲ႕ စြမ္းေဆာင္ရည္ဟာ အဓိကက်ခဲ႔သလို ျပင္သစ္အသင္း ကမၻာ႔ဖလားခ်န္ပီယံျဖစ္ခဲ႔ရာမွာလည္း ဂရစ္ဇ္မန္းက အေကာင္းဆံုးဦးေဆာင္ခဲ႔တာပါ။ ဂရစ္ဇ္မန္းရဲ႕ ေနာက္ဆံုးေမွ်ာ္လင္႔ခ်က္ Ballon d’Or ဆုက သူ႔အတြက္ျဖစ္လာမလား ဆိုတာစိတ္၀င္စားစရာပါပဲ။

(၃) စီေရာ္နယ္လ္ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

လက္ရိွ ဂ်ဴဗင္တပ္စ္အသင္းမွာ ေျခစြမ္းျပကစားေနတဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက ရီးယဲလ္အသင္းမွာ အေကာင္းဆံုးေျခစြမ္းေတြကို ျပသႏိုင္ခဲ႔သလို ခ်န္ပီယံလိဂ္ ခ်န္ပီယံဆုကိုလည္းရရိွခဲ႔ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ Ballon d’Or ဆုကိုေနာက္ဆံုး(၂)ႏွစ္ဆက္ ရရိွထားတာေၾကာင္႔ (၃)ႏွစ္ဆက္ရယူႏိုင္မလားဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။

(၂) မက္ဆီ Messi

Messi

Messi

ဘာစီလိုနာအသင္းရဲ႕ ပဲ႔ကိုင္ရွင္ မက္ဆီ Messi ဟာ ဒီဆုနဲ႔ေ၀းေနတာ (၂)ႏွစ္ရိွျပီျဖစ္တာေၾကာင္႔ ဒီႏွစ္မွာေတာ႔ သူ႔အလွည္႔ျပန္ေရာက္လာမလားဆိုတာ ေစာင္႔ၾကည္႕သြားရမွာပါ။ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက ျပည္တြင္းဆုဖလားေတြျဖစ္တဲ႔ လာလီဂါနဲ႔ စပိန္ဘုရင္႔ဖလားခ်န္ပီယံဆုေတြကို ရရိွခဲ႔ပါတယ္။

(၁) မိုဒရစ္ Modric

Modric

Modric

ဥေရာပအေကာင္းဆံုး ကစားသမားဆု ၊ FIFA The Best ဆုေတြကို ပူပူေႏြးေႏြးရရိွထားတဲ႔ မိုဒရစ္ Modric ဟာ Ballon d’Or ဆုကိုရရိွဖို႔ ေရပန္းအစားဆံုး ကစားသမားပဲျဖစ္ပါတယ္။ မိုဒရစ္ဟာ ၿပီးခဲ့တဲ့ရာသီက ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႀကိမ္ဆက္ ရယူႏိုင္ခ့ဲတဲ့အျပင္ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ႐ုိေအးရွားအသင္းကုိ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဗိုလ္လုပဲြ တက္ေရာက္ႏုိင္ေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့ပါတယ္။ မုိဒရစ္ဟာ ဥေရာပအေကာင္းဆုံးေဘာလုံးသမားဆု ၊ FIFA The Best ဆုေတြကို ဆြတ္ခူးခ့ဲတာေၾကာင္႔ Ballon D’or ဆု ကိုပါရယူႏိုင္မလားဆိုတာကေတာ႔ ရင္ခုန္စရာပါပဲ။

Ref: Sportskeeda
Photo: Chicago Tribune , IOL , Thewinin , SPORTbible , Business Insider , FIFA.Com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

Ballon d’Or ဆုကိုရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမား(၅)ဦး

နာမည်ကြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်း (France Football Magazine)ဟာ ၂၀၁၈ ခုနှစ် ဥရောပအကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)အတွက် ပဏာမ ကစားသမားအယောက်(၃၀)စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ထုတ်ပြန်လိုက်တဲ့ ကစားသမားစာရင်းမှာတော့ နာမည်ကျော်ကစားသမားတွေ အားလုံးပါဝင်နေပြီး ဒီဆုကိုဘယ်သူရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါကြောင့် ပရိသတ်တွေအတွက် Ballon d’Or ဆုကိုရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမား(၅)ဦးကို ဖော်ပြပေးလိုက်ပါတယ်။

(၅) ဘာပေ Mbappe

Mbappe

Mbappe

ပြင်သစ်လူငယ် တိုက်စစ်မှုး ဘာပေ Mbappe ဟာ ဒီဆုကိုရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတစ်ယောက်ပါ။ ဘာပေဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက PSG အသင်းနဲ့အတူ ပြည်တွင်းဆုဖလားတွေ အားလုံးကိုရရှိခဲ့ပြီး ပြင်သစ်အသင်းနဲ့လည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့သလို ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ဘာပေဟာ ခြေစွမ်းပြကစားနေပြီး Ballon d’Or ဆုကိုရရှိဖို့ ထိုက်တန်တဲ့ ကစားသမားတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

(၄) ဂရစ်ဇ်မန်း Griezmann

Griezmann

Griezmann

ဥရောပအကောင်းဆုံး ကစားသမားဆု ၊ FIFA The Best ဆုတို့နဲ့ လွဲချော်ခဲ့ရတဲ့ ဂရစ်ဇ်မန်း Griezmann အတွက် Ballon d’Or ဆုဟာ နောက်ဆုံးမျှော်လင့်ချက်တစ်ခုပါပဲ။ အက်သလက်တီကိုအသင်း ယူရိုပါလိဂ်နဲ့ ဥရောပစူပါဖလားရရှိခဲ့တဲ့ နေရာမှာ ဂရစ်ဇ်မန်းရဲ့ စွမ်းဆောင်ရည်ဟာ အဓိကကျခဲ့သလို ပြင်သစ်အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ရာမှာလည်း ဂရစ်ဇ်မန်းက အကောင်းဆုံးဦးဆောင်ခဲ့တာပါ။ ဂရစ်ဇ်မန်းရဲ့ နောက်ဆုံးမျှော်လင့်ချက် Ballon d’Or ဆုက သူ့အတွက်ဖြစ်လာမလား ဆိုတာစိတ်ဝင်စားစရာပါပဲ။

(၃) စီရော်နယ်လ်ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

လက်ရှိ ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရီးယဲလ်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့သလို ချန်ပီယံလိဂ် ချန်ပီယံဆုကိုလည်းရရှိခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ Ballon d’Or ဆုကိုနောက်ဆုံး(၂)နှစ်ဆက် ရရှိထားတာကြောင့် (၃)နှစ်ဆက်ရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

(၂) မက်ဆီ Messi

Messi

Messi

ဘာစီလိုနာအသင်းရဲ့ ပဲ့ကိုင်ရှင် မက်ဆီ Messi ဟာ ဒီဆုနဲ့ဝေးနေတာ (၂)နှစ်ရှိပြီဖြစ်တာကြောင့် ဒီနှစ်မှာတော့ သူ့အလှည့်ပြန်ရောက်လာမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြည်တွင်းဆုဖလားတွေဖြစ်တဲ့ လာလီဂါနဲ့ စပိန်ဘုရင့်ဖလားချန်ပီယံဆုတွေကို ရရှိခဲ့ပါတယ်။

(၁) မိုဒရစ် Modric

Modric

Modric

ဥရောပအကောင်းဆုံး ကစားသမားဆု ၊ FIFA The Best ဆုတွေကို ပူပူနွေးနွေးရရှိထားတဲ့ မိုဒရစ် Modric ဟာ Ballon d’Or ဆုကိုရရှိဖို့ ရေပန်းအစားဆုံး ကစားသမားပဲဖြစ်ပါတယ်။ မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ဆက် ရယူနိုင်ခဲ့တဲ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ မိုဒရစ်ဟာ ဥရောပအကောင်းဆုံးဘောလုံးသမားဆု ၊ FIFA The Best ဆုတွေကို ဆွတ်ခူးခဲ့တာကြောင့် Ballon D’or ဆု ကိုပါရယူနိုင်မလားဆိုတာကတော့ ရင်ခုန်စရာပါပဲ။

Ref: Sportskeeda
Photo: Chicago Tribune , IOL , Thewinin , SPORTbible , Business Insider , FIFA.Com
Ko Kyue(Akhayar)
www.akhayar.com