[Zawgyi]

Ballon d’Or ဆု ပဏာမ ကစားသမားစာရင္း အျပည္႔အစံုထြက္ေပၚလာျပီ

နာမည္ႀကီး ျပင္သစ္ေဘာလုံးမဂၢဇင္း (France Football Magazine)ဟာ ၂၀၁၈ ခုႏွစ္ ဥေရာပအေကာင္းဆုံး ေဘာလုံးသမားဆု (Ballon d’Or)အတြက္ ပဏာမ ကစားသမားအေယာက္(၃၀)စာရင္း အျပည္႔အစံုကို ထုတ္ျပန္ေၾကညာလုိက္ၿပီျဖစ္ပါတယ္။ အခုထုတ္ျပန္လိုက္တဲ႔ ကစားသမားစာရင္းမွာေတာ႔ နာမည္ေက်ာ္ကစားသမားေတြ အားလံုးပါ၀င္ေနခဲ႔ပါတယ္။ ဒီစာရင္းမွာ ပရီးမီးယားလိဂ္နာမည္ေက်ာ္ကစားသမားေတြ ျဖစ္ၾကတဲ႔ အဂြဲ႐ိုး Aguero ၊ ဒီဘ႐ိုင္းနား De Bruyne ၊ ေဖမီႏို Firmino ၊ ဟာဇက္ Hazard ၊ ဟယ္ရီကိန္း Harry Kane ၊ ကြန္ေတ Kante ၊ လိုရစ္ Lloris ၊ မာေန Mane ၊ Pogba ေပါ႔ဘာ ၊ ဆာလာ Salah တို႔ပါ၀င္ခဲ႔ၾကျပီး ခ်န္ပီယံလိဂ္ခ်န္ပီယံ ရီးယဲလ္မက္ဒရစ္အသင္းက ကစားသမား(၈)ဦးထိပါ၀င္ခဲ႔ပါတယ္။ Ballon d’Or ဆုကို ၁၉၅၆ ခုႏွစ္ကစတင္ ခ်ီးျမွင္႔ခဲ႔တာပဲျဖစ္ပါတယ္။ Ballon d’Or ဆုကုိ ၂၀၀၈ ခုႏွစ္က စတင္ၿပီး စီေရာ္နယ္လ္ဒုိ Cristiano Ronaldo နဲ႔ မက္ဆီ Messi တို႔သာ အျပန္အလွန္ ရယူခဲ့ၿပီး တစ္ဦးကုိ (၅)ႀကိမ္စီ ဆြတ္ခူးခဲ့ၾကပါတယ္။ စီေရာ္နယ္လ္ဒုိဟာ Ballon d’Or ဆုကို ၂၀၁၆ ခုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္ ေနာက္ဆံုး(၂)ႏွစ္ဆက္ ရရိွထားပါတယ္။

Cristiano-Ronaldo-With-Ballon-d’Or-Trophy

Cristiano-Ronaldo-With-Ballon-d’Or-Trophy

Ballon d’Or ဆု ပဏာမ ကစားသမားစာရင္း အျပည္႔အစံု

Sergio Aguero , Alisson , Gareth Bale , Karim Benzema , Kevin de Bruyne , Edinson Cavani , Thibaut Courtois , Roberto Firmino, Diego Godin , Antoine Griezmann , Eden Hazard , Isco , Harry Kane , N’Golo Kante , Hugo Lloris , Mario Mandzukic , Sadio Mane , Marcelo , Kylian Mbappe , Lionel Messi , Luka Modric , Neymar , Jan Oblak , Paul Pogba , Cristiano Ronaldo , Ivan Rakitic , Sergio Ramos , Mohamed Salah , Luis Suarez , Raphael Varane

Ref: BBC Sport
Photo: Eurosport , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

Ballon d’Or ဆု ပဏာမ ကစားသမားစာရင်း အပြည့်အစုံထွက်ပေါ်လာပြီ

နာမည်ကြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်း (France Football Magazine)ဟာ ၂၀၁၈ ခုနှစ် ဥရောပအကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)အတွက် ပဏာမ ကစားသမားအယောက်(၃၀)စာရင်း အပြည့်အစုံကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ ကစားသမားစာရင်းမှာတော့ နာမည်ကျော်ကစားသမားတွေ အားလုံးပါဝင်နေခဲ့ပါတယ်။ ဒီစာရင်းမှာ ပရီးမီးယားလိဂ်နာမည်ကျော်ကစားသမားတွေ ဖြစ်ကြတဲ့ အဂွဲရိုး Aguero ၊ ဒီဘရိုင်းနား De Bruyne ၊ ဖေမီနို Firmino ၊ ဟာဇက် Hazard ၊ ဟယ်ရီကိန်း Harry Kane ၊ ကွန်တေ Kante ၊ လိုရစ် Lloris ၊ မာနေ Mane ၊ Pogba ပေါ့ဘာ ၊ ဆာလာ Salah တို့ပါဝင်ခဲ့ကြပြီး ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းက ကစားသမား(၈)ဦးထိပါဝင်ခဲ့ပါတယ်။ Ballon d’Or ဆုကို ၁၉၅၆ ခုနှစ်ကစတင် ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ Ballon d’Or ဆုကို ၂၀၀၈ ခုနှစ်က စတင်ပြီး စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့သာ အပြန်အလှန် ရယူခဲ့ပြီး တစ်ဦးကို (၅)ကြိမ်စီ ဆွတ်ခူးခဲ့ကြပါတယ်။ စီရော်နယ်လ်ဒိုဟာ Ballon d’Or ဆုကို ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် နောက်ဆုံး(၂)နှစ်ဆက် ရရှိထားပါတယ်။

Cristiano-Ronaldo-With-Ballon-d’Or-Trophy

Cristiano-Ronaldo-With-Ballon-d’Or-Trophy

Ballon d’Or ဆု ပဏာမ ကစားသမားစာရင်း အပြည့်အစုံ