[Zawygyi]

၂၀၁၇-၁၈ ရာသီ ခ်န္ပီယံလိဂ္အေကာင္းဆုံး သြင္းဂုိးဆုကုိ ဆြတ္ခူးခဲ့တဲ့ ဂါရတ္ေဘးလ္ Gareth Bale

ရီးယဲလ္အသင္းရဲ႕ ေ၀းလ္စ္ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ Gareth Bale ဟာ ၂၀၁၇-၁၈ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြ အေကာင္းဆုံးသြင္းဂုိးဆုကုိ ဆြတ္ခူးရရွိခဲ့ပါတယ္။ ဒါေပမဲ့ ပရိသတ္ေတြထင္သလုိ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြတုန္းက ေနာက္ျပန္ကန္ခ်က္နဲ႔ သြင္းယူခဲ့တဲ့ဂုိးေတာ့ မဟုတ္ပါဘူး။ ပရိသတ္ေတြအေနနဲ႔ ၂၀၁၇- ၁၈ ရာသီ ခ်န္ပီယံလိဂ္အေကာင္းဆုံးဂုိးကုိ ဂ်ဴဗင္တပ္စ္နဲ႔ပဲြက စီေရာ္နယ္လ္ဒုိ C.Ronaldo ရဲ႕ ေနာက္ျပန္ကန္ခ်က္ သြင္းဂုိး ဒါမွမဟုတ္ ဂါရတ္ေဘးလ္ရဲ႕ ဗုိလ္လုပဲြသြင္းဂုိးေတြထဲက တစ္ခုခုက ေရြးခ်ယ္ခံရမယ္လုိ႔ ထင္ေနပါလိမ့္မယ္။

Gareth-Bale-Goal-Against-Dortmund

Gareth-Bale-Goal-Against-Dortmund

ဒါေပမဲ့ တကယ္တမ္းေရြးခ်ယ္ခံခဲ့ရတာကေတာ့ ေဒ့ါမြန္နဲ႔ အုပ္စုပဲြတုန္းက ဂါရတ္ေဘးလ္ သြင္းယူခဲ့တဲ့ ဂုိးပဲျဖစ္ပါတယ္။ အုပ္စုပဲြတုန္းက ေဒ့ါမြန္ကုိ အေ၀းကြင္းမွာ (၃-၁)ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ပဲြက ပဲြခ်ိန္(၁၈)မိနစ္မွာ ကာဗာဟယ္လ္ Carvalhal ရဲ႕ ေပးပုိ႔မႈကုိ ဂါရတ္ေဘးလ္က ေျမမက်ကန္သြင္းခ့ဲတာပါ။ ဒီရာသီ ခ်န္ပီယံလိဂ္ သြင္းဂုိးဆုအတြက္ UEFA ၀က္ဘ္ဆုိက္မွာ ပရိသတ္ေတြရဲ႕ မဲေပးမႈအရ အဲဒီဂုိးက (၁၉%)အထိရရွိခဲ့ၿပီး စီေရာ္နယ္လ္ဒုိရဲ႕ ေနာက္ျပန္ကန္ခ်က္ဂုိးက (၁၈%)သာရွိခဲ့တယ္။ အံ့အားသင့္စရာေကာင္းတာက ဗုိလ္လုပဲြတုန္းက ဂါရတ္ေဘးလ္ သြင္းယူခဲ့တဲ့ ဂုိးဟာ မဲအေရအတြက္ (၁၂%)သာ ရရွိခဲ့တာပါပဲ။

REF:Marca,The Sun
Photo:Marca,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်အကောင်းဆုံး သွင်းဂိုးဆုကို ဆွတ်ခူးခဲ့တဲ့ ဂါရတ်ဘေးလ် Gareth Bale

ရီးယဲလ်အသင်းရဲ့ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ် Gareth Bale ဟာ ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အကောင်းဆုံးသွင်းဂိုးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေထင်သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ဂိုးတော့ မဟုတ်ပါဘူး။ ပရိသတ်တွေအနေနဲ့ ၂၀၁၇- ၁၈ ရာသီ ချန်ပီယံလိဂ်အကောင်းဆုံးဂိုးကို ဂျူဗင်တပ်စ်နဲ့ပွဲက စီရော်နယ်လ်ဒို C.Ronaldo ရဲ့ နောက်ပြန်ကန်ချက် သွင်းဂိုး ဒါမှမဟုတ် ဂါရတ်ဘေးလ်ရဲ့ ဗိုလ်လုပွဲသွင်းဂိုးတွေထဲက တစ်ခုခုက ရွေးချယ်ခံရမယ်လို့ ထင်နေပါလိမ့်မယ်။

Gareth-Bale-Goal-Against-Dortmund

Gareth-Bale-Goal-Against-Dortmund

ဒါပေမဲ့ တကယ်တမ်းရွေးချယ်ခံခဲ့ရတာကတော့ ဒေ့ါမွန်နဲ့ အုပ်စုပွဲတုန်းက ဂါရတ်ဘေးလ် သွင်းယူခဲ့တဲ့ ဂိုးပဲဖြစ်ပါတယ်။ အုပ်စုပွဲတုန်းက ဒေ့ါမွန်ကို အဝေးကွင်းမှာ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲက ပွဲချိန်(၁၈)မိနစ်မှာ ကာဗာဟယ်လ် Carvalhal ရဲ့ ပေးပို့မှုကို ဂါရတ်ဘေးလ်က မြေမကျကန်သွင်းခဲ့တာပါ။ ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုးဆုအတွက် UEFA ဝက်ဘ်ဆိုက်မှာ ပရိသတ်တွေရဲ့ မဲပေးမှုအရ အဲဒီဂိုးက (၁၉%)အထိရရှိခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ နောက်ပြန်ကန်ချက်ဂိုးက (၁၈%)သာရှိခဲ့တယ်။ အံ့အားသင့်စရာကောင်းတာက ဗိုလ်လုပွဲတုန်းက ဂါရတ်ဘေးလ် သွင်းယူခဲ့တဲ့ ဂိုးဟာ မဲအရေအတွက် (၁၂%)သာ ရရှိခဲ့တာပါပဲ။

REF:Marca,The Sun
Photo:Marca,Twitter
Naing Linn(Akhayar)
www.akhayar.com