[Zawgyi]

Cristiano Ronaldo ေခတ္လြန္ ရီးယဲလ္ကုိ ဦးေဆာင္မယ့္သူက Gareth Bale လား

အဓိက တိုက္စစ္မွဴး စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မရွိေတာ့တဲ့ေနာက္ပုိင္း ရီးယဲလ္ Real Madrid အသင္းရဲ႕တုိက္စစ္ကုိ ဦးေဆာင္ရမယ့္တာ၀န္က ဂါရတ္ေဘးလ္ Gareth Bale ဆီ အလုိလုိ က်ေရာက္လာခဲ့ပါၿပီ။ ဂါရတ္ေဘးလ္ကလည္း စီေရာ္နယ္လ္ဒုိေခတ္လြန္ ရီးယဲလ္အသင္းကုိ ဦးေဆာင္ႏုိင္ဖုိ႔ အဆင္သင့္ျဖစ္ေနၿပီးဆုိတာ မွတ္တမ္းေတြအရ သိႏုိင္ပါတယ္။ စီေရာ္နယ္လ္ဒုိ မပါႏုိင္တဲ့ပဲြေတြမွာ ဂါရတ္ေဘးလ္က အထင္ရွားဆုံးျဖစ္ခဲ့ၿပီး စီေရာ္နယ္လ္ဒုိရဲ႕ေလာင္းရိပ္ကုိ မိေနတဲ့အေနအထားလုိ႔ေတာင္ ေျပာရမယ္။

Gareth-Bale-and-Cristiano-Ronaldo

Gareth-Bale-and-Cristiano-Ronaldo

ဂါရတ္ေဘးလ္နဲ႔ စီေရာ္နယ္လ္ဒုိတို႔ ရီးယဲလ္အသင္းမွာ အတူကစားခဲ့တဲ့ (၅)ႏွစ္တာကာလအတြင္း သူတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္ မပါတဲ့ပဲြက သိပ္ေတာ့မရွိပါဘူး။ စီေရာ္နယ္လ္ဒုိ မပါဘဲ ဂါရတ္ေဘးလ္ကစားခဲ့ရတဲ့ ပဲြေပါင္းက (၂၇)ပဲြသာရွိခဲ့ေပမယ့္ ထြက္ေပၚခဲ့တဲ့ ရလဒ္နဲ႔စြမ္းေဆာင္ရည္က အားရစရာပါ။ အဲဒီ(၂၇)ပဲြမွာ ရီးယဲလ္ အႏုိင္ရခဲ့တာက (၂၁)ပဲြအထိရွိခဲ့ၿပီး ရာခုိင္ႏႈန္းအရေျပာရရင္ေတာ့ (၇၈)ရာခုိင္ႏႈန္းအထိရွိခဲ့တယ္။ ဒါ့အျပင္ အဲဒီ (၂၇)ပဲြမွာ ဂါရတ္ေဘးလ္ သြင္းယူခဲ့တဲ့ဂုိးအေရအတြက္က (၂၂)ဂုိးအထိရွိခဲ့တာေၾကာင့္ တစ္ပဲြပ်မ္းမွ် (၀.၈၁)ဂုိးႏႈန္းသြင္းယူခဲ့တာျဖစ္ၿပီး ရီးယဲလ္ကစားသမားဘ၀တစ္ေလွ်ာက္ တစ္ပြဲပ်မ္းမွ်သြင္းဂုိးႏႈန္း (၀.၄၆)ဂုိးထက္ေတာင္ ပုိမ်ားေနပါေသးတယ္။ အဓိပၸါယ္ကေတာ့ စီေရာ္နယ္လ္ဒုိ မပါႏုိင္ရင္ ဂါရတ္ေဘးလ္ရဲ႕ စြမ္းေဆာင္ရည္က ပုံမွန္ထက္ ႏွစ္ဆပုိေကာင္းတယ္ဆုိတဲ့ သေဘာပါပဲ။

Gareth-Bale-Record

Gareth-Bale-Record

တကယ္ေတာ့ စီေရာ္နယ္လ္ဒုိထက္ ဂါရတ္ေဘးလ္က ရီးယဲလ္အသင္းနဲ႔လမ္းခဲြဖုိ႔ ပုိနီးစပ္ခဲ့တာပါ။ ၿပီးခဲ့တဲ့ေမလတုန္းက လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြအၿပီး ဂါရတ္ေဘးလ္က ပုံမွန္ကစားခြင့္မရတဲ့အတြက္ ရီးယဲလ္ကေန ထြက္ေတာ့မယ္လုိ႔ လူသိရွင္ၾကားဖြင့္ဟေျပာဆုိခ့ဲဖူးပါတယ္။ အခု စီေရာ္နယ္လ္ဒုိ ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့အတြက္ ဂါရတ္ေဘးလ္ဟာ အရင္ကထက္ ပုိလုပ္ပုိင္ခြင့္ရေတာ့မွာျဖစ္လုိ႔ ရီးယဲလ္အသင္းမွာပဲ ဆက္ကစားဖုိ႔ ဆုံးျဖတ္လုိက္ပုံပါပဲ။ စီေရာ္နယ္လ္ဒုိ ေခတ္တစ္ခု အဆုံးသတ္သြားခ်ိန္ ရီးယဲလ္ကုိ ဦးေဆာင္သြားမယ့္သူက ဂါရတ္ေဘးလ္ျဖစ္လာမလားဆုိတာေတာ့ လာမယ့္ရာသီမွာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါေတာ့တယ္ . . .

REF:AS
Photo:Evening Standard,Goal,Wikipedia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Cristiano Ronaldo ခေတ်လွန် ရီးယဲလ်ကို ဦးဆောင်မယ့်သူက Gareth Bale လား

အဓိက တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo မရှိတော့တဲ့နောက်ပိုင်း ရီးယဲလ် Real Madrid အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ရမယ့်တာဝန်က ဂါရတ်ဘေးလ် Gareth Bale ဆီ အလိုလို ကျရောက်လာခဲ့ပါပြီ။ ဂါရတ်ဘေးလ်ကလည်း စီရော်နယ်လ်ဒိုခေတ်လွန် ရီးယဲလ်အသင်းကို ဦးဆောင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီးဆိုတာ မှတ်တမ်းတွေအရ သိနိုင်ပါတယ်။ စီရော်နယ်လ်ဒို မပါနိုင်တဲ့ပွဲတွေမှာ ဂါရတ်ဘေးလ်က အထင်ရှားဆုံးဖြစ်ခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့လောင်းရိပ်ကို မိနေတဲ့အနေအထားလို့တောင် ပြောရမယ်။

Gareth-Bale-and-Cristiano-Ronaldo

Gareth-Bale-and-Cristiano-Ronaldo

ဂါရတ်ဘေးလ်နဲ့ စီရော်နယ်လ်ဒိုတို့ ရီးယဲလ်အသင်းမှာ အတူကစားခဲ့တဲ့ (၅)နှစ်တာကာလအတွင်း သူတို့နှစ်ယောက်ထဲက တစ်ယောက် မပါတဲ့ပွဲက သိပ်တော့မရှိပါဘူး။ စီရော်နယ်လ်ဒို မပါဘဲ ဂါရတ်ဘေးလ်ကစားခဲ့ရတဲ့ ပွဲပေါင်းက (၂၇)ပွဲသာရှိခဲ့ပေမယ့် ထွက်ပေါ်ခဲ့တဲ့ ရလဒ်နဲ့စွမ်းဆောင်ရည်က အားရစရာပါ။ အဲဒီ(၂၇)ပွဲမှာ ရီးယဲလ် အနိုင်ရခဲ့တာက (၂၁)ပွဲအထိရှိခဲ့ပြီး ရာခိုင်နှုန်းအရပြောရရင်တော့ (၇၈)ရာခိုင်နှုန်းအထိရှိခဲ့တယ်။ ဒါ့အပြင် အဲဒီ (၂၇)ပွဲမှာ ဂါရတ်ဘေးလ် သွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၂၂)ဂိုးအထိရှိခဲ့တာကြောင့် တစ်ပွဲပျမ်းမျှ (ဝ.၈၁)ဂိုးနှုန်းသွင်းယူခဲ့တာဖြစ်ပြီး ရီးယဲလ်ကစားသမားဘဝတစ်လျှောက် တစ်ပွဲပျမ်းမျှသွင်းဂိုးနှုန်း (ဝ.၄၆)ဂိုးထက်တောင် ပိုများနေပါသေးတယ်။ အဓိပ္ပါယ်ကတော့ စီရော်နယ်လ်ဒို မပါနိုင်ရင် ဂါရတ်ဘေးလ်ရဲ့ စွမ်းဆောင်ရည်က ပုံမှန်ထက် နှစ်ဆပိုကောင်းတယ်ဆိုတဲ့ သဘောပါပဲ။

Gareth-Bale-Record

Gareth-Bale-Record

တကယ်တော့ စီရော်နယ်လ်ဒိုထက် ဂါရတ်ဘေးလ်က ရီးယဲလ်အသင်းနဲ့လမ်းခွဲဖို့ ပိုနီးစပ်ခဲ့တာပါ။ ပြီးခဲ့တဲ့မေလတုန်းက လီဗာပူးလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီး ဂါရတ်ဘေးလ်က ပုံမှန်ကစားခွင့်မရတဲ့အတွက် ရီးယဲလ်ကနေ ထွက်တော့မယ်လို့ လူသိရှင်ကြားဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။ အခု စီရော်နယ်လ်ဒို ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့အတွက် ဂါရတ်ဘေးလ်ဟာ အရင်ကထက် ပိုလုပ်ပိုင်ခွင့်ရတော့မှာဖြစ်လို့ ရီးယဲလ်အသင်းမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်ပုံပါပဲ။ စီရော်နယ်လ်ဒို ခေတ်တစ်ခု အဆုံးသတ်သွားချိန် ရီးယဲလ်ကို ဦးဆောင်သွားမယ့်သူက ဂါရတ်ဘေးလ်ဖြစ်လာမလားဆိုတာတော့ လာမယ့်ရာသီမှာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတော့တယ် . . .

REF:AS
Photo:Evening Standard,Goal,Wikipedia
Naing Linn(Akhayar)
www.akhayar.com