[Zawgyi]

၂ဝ၁၂ခုႏွစ္မွာ ပန္ဆုိေဗးနီးယားတကၠသုိလ္ (University of Pennsylvania) မွ ပါေမာကၡ အဲဘတ္အီး မန္းနက္စ္ (Albert E. Mannes) ဦးေဆာင္တဲ့အဖြဲ႕ဟာ ဆံပင္ပါတဲ့ရုပ္ပုံနဲ႔ ကတုံးေျပာင္ပုံ (၅၉) ပုံကုိ ျပသၿပီး သုေတသနျပဳလုပ္ခဲ့ၾကပါတယ္။ ကတုံးေျပာင္တဲ့လူေတြဟာ ေအာင္ျမင္ပုံေပါက္ၿပီး မိမိကုိယ္ကုိ ယုံၾကည္မႈပုိရွိေစပါတယ္။ နဂုိအသက္အရြယ္ထက္ ပုိမုိႏုနယ္တဲ့ပုံေပါက္ၿပီး ေယာက္်ားပုိပီသေစပါတယ္။ ေနာက္ၿပီးေတာ့ အရပ္နိမ့္ရင္ေတာင္ မိမိအရပ္ေမာင္းကုိ ပတ္ဝန္းက်င္ သတိမထားမိေစပါဘူး။

မန္းစီးတီးနည္းျပ ဂြာဒီယုိလာ (Guardiola)

မန္းစီးတီးနည္းျပ ဂြာဒီယုိလာ (Guardiola)

ဂ်ာမဏီႏုိင္ငံမွ ဆာလမ္းတကၠသုိလ္ (University of Saarland) ရဲ႕သုေတသနအရ ကတုံးေျပာင္ေတြရဲ႕ဇနီးမယားေတြဟာလည္း ပုံမွန္အသက္အရြယ္ထက္ ပုိၿပီး ႏုပ်ိဳငယ္ရြယ္ပုံေပါက္တယ္ဆုိတာ ေလ့လာသိရျပန္ပါတယ္။ ဒါေပမယ့္ ကတုံးေျပာင္ဆုိတာ ေခါင္းမွာ ဆံပင္လုံးဝမပါတဲ့သူကုိ ဆုိလုိတာပါ။ ေခါင္းတစ္ခုလုံး မေျပာင္ဘဲ ဆံပင္က်ဲက်ဲ ေပါက္တဲ့သူေတြက်ေတာ့ ဆြဲေဆာင္မႈအားနည္းၿပီး သူတစ္ပါးအထင္ေသးဖြယ္ျဖစ္တတ္တယ္လုိ႔ သုေတသနအရ သိရျပန္ပါတယ္။ ကဲ . . . ဒီေလာက္ဆုိ ေျပာင္သလင္းခါေအာင္ ရိတ္သင့္ၿပီထင္ပါတယ္ ပရိသတ္ႀကီးေရ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၂ခုနှစ်မှာ ပန်ဆိုဗေးနီးယားတက္ကသိုလ် (University of Pennsylvania) မှ ပါမောက္ခ အဲဘတ်အီး မန်းနက်စ် (Albert E. Mannes) ဦးဆောင်တဲ့အဖွဲ့ဟာ ဆံပင်ပါတဲ့ရုပ်ပုံနဲ့ ကတုံးပြောင်ပုံ (၅၉) ပုံကို ပြသပြီး သုတေသနပြုလုပ်ခဲ့ကြပါတယ်။ ကတုံးပြောင်တဲ့လူတွေဟာ အောင်မြင်ပုံပေါက်ပြီး မိမိကိုယ်ကို ယုံကြည်မှုပိုရှိစေပါတယ်။ နဂိုအသက်အရွယ်ထက် ပိုမိုနုနယ်တဲ့ပုံပေါက်ပြီး ယောက်ျားပိုပီသစေပါတယ်။ နောက်ပြီးတော့ အရပ်နိမ့်ရင်တောင် မိမိအရပ်မောင်းကို ပတ်ဝန်းကျင် သတိမထားမိစေပါဘူး။

မန်းစီးတီးနည်းပြ ဂွာဒီယိုလာ (Guardiola)

မန်းစီးတီးနည်းပြ ဂွာဒီယိုလာ (Guardiola)

ဂျာမဏီနိုင်ငံမှ ဆာလမ်းတက္ကသိုလ် (University of Saarland) ရဲ့သုတေသနအရ ကတုံးပြောင်တွေရဲ့ဇနီးမယားတွေဟာလည်း ပုံမှန်အသက်အရွယ်ထက် ပိုပြီး နုပျိုငယ်ရွယ်ပုံပေါက်တယ်ဆိုတာ လေ့လာသိရပြန်ပါတယ်။ ဒါပေမယ့် ကတုံးပြောင်ဆိုတာ ခေါင်းမှာ ဆံပင်လုံးဝမပါတဲ့သူကို ဆိုလိုတာပါ။ ခေါင်းတစ်ခုလုံး မပြောင်ဘဲ ဆံပင်ကျဲကျဲ ပေါက်တဲ့သူတွေကျတော့ ဆွဲဆောင်မှုအားနည်းပြီး သူတစ်ပါးအထင်သေးဖွယ်ဖြစ်တတ်တယ်လို့ သုတေသနအရ သိရပြန်ပါတယ်။ ကဲ . . . ဒီလောက်ဆို ပြောင်သလင်းခါအောင် ရိတ်သင့်ပြီထင်ပါတယ် ပရိသတ်ကြီးရေ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com