ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိလှတဲ့ Rainbow Cake နဲ့နာမည်ရလာတဲ့ Angel Phoo နဲ့တွေ့ဆုံခိုက် အလုပ်စလုပ်ချိန်အခက်အခဲတွေ၊ အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့ သူမအလေးထားတဲ့အရာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

အခက်အခဲ

တော်တော်များများ ထင်ကြတာက ဖူးက နဂိုတည်းက Baking ကိုဝါသနာပါတယ်။ ဒါကြောင့် မုန့်လုပ်နေရရင် မပင်ပန်းဘူး။ Passion လည်းဖြစ်တယ်လို့ထင်ကြတယ်။ အမှန်ပြောရရင် Hobby ထဲမှာ Baking ကမပါဘူး။ ဒါပေမဲ့ တစ်ခုခုကိုစလိုက်ပြီဆိုရင် ကိုယ်စထားတဲ့ဇာတ်လမ်းကို ကိုယ့်ဘာသာပဲအဆုံးသတ်ရမယ်ဆိုတာသိတယ်။

ကိတ်မုန့်လုပ်တဲ့ကာလတလျှောက်ကတော့ အဆင်ပြေတာတွေရော မပြေတာတွေရော ရှိတယ်။ စလုပ်ချိန်ကဆို ကိတ်တစ်လုံးကို တစ်နာရီလောက်ကြာရင်လည်းကြာသွားတယ်။ အရင် Homemade Cake လုပ်တုန်းကဆို နေ့မအိပ် ညမအိပ်လုပ်ရတယ်။ နားချိန်မရှိတော့ မခံနိုင်တော့ဘူး။ နောက်ပိုင်းမှ  ဝန်ထမ်းတွေကို Training ပေးပြီးတော့ ကိုယ်ကဝင်ကြည့်တယ်။ ကြပ်မတ်တယ်ပေါ့။ ဒီမှာက Cake Decoration နဲ့ပတ်သက်ရင် Supply တွေရှာရတာ တော်တော်ခက်တယ်။ တခြားအခက်အခဲတွေလည်းအများကြီးပါပဲ။

angel phoo

အလုပ်အပေါ်ထားတဲ့ခံယူချက်

ပြောချင်တာကတော့ ဘယ်အရာမဆို မလုပ်ခင်အရင်လေ့လာပြင်ဆင်ပါ။ ပြီးတော့တစ်ခါတည်းနဲ့ လက်လျှော့လို့မရဘူး။ အခုနောက်ပိုင်း အသက် ၂၀ အရွယ်တွေလည်း အွန်လိုင်းကနေ ကိုယ်ပိုင်စီးပွားရေးလေးတွေလုပ်နေကြပါပြီ။ အွန်လိုင်းရှော့ပင်းတွေရှိတယ်။ Bakery ဆိုလည်းအများကြီးပါ။ ဆိုင်နဲ့လုပ်တာရော အွန်လိုင်းကနေရောင်းတာရောပေါ့။ ခုခေတ်မှာ You Tube ကနေ Tutorial တွေကြည့်ပြီးလိုက်လုပ်ကြရင်း လူငယ်တွေက လုပ်နိုင်လာကြပြီ။ တီထွင်နိုင်စွမ်းရှိလေကိုယ်က ပိုသာလေပေါ့။ အလုပ်တိုင်းမှာ Competitor တွေကတော့ရှိတယ်။ ဖူးအနေနဲ့တော့ Competitor ရယ်လို့သဘောမထားဘူး။ အဓိကက ကိုယ့် Quality ကိုယ်ထိန်းတယ်။ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်တယ်။

Beginner တွေအနေနဲ့ဆိုရင် Bakery သင်တန်းကတက်ကိုတက်ရမယ်။ ကိတ်မုန့်ဘယ်လိုဖုတ်လဲဆိုတာကို ယေဘုယျသိလာပြီဆိုလို့ရှိရင် ကိုယ်နောက်ပိုင်းဆက်လုပ်သွားလို့ရပြီ။ တချို့ Talent ရှိတဲ့သူတွေကျတော့လည်း YouTube ကနေကြည့်ပြီး လုပ်တတ်သွားတာမျိုးလည်းရှိပါတယ်။

အဓိကက ဘယ်အလုပ်ကိုပဲလုပ်လုပ်ဇွဲမလျှော့ဖို့ပါပဲ။

You May Also Like:မုန့်လုပ်ချင်သူတွေအတွက်အကြံပြုချက်နဲ့ ဝန်ဆောင်မှု

အရေးကြီးသောအရာနှစ်ခု

ဘယ်အလုပ်ပဲလုပ်လုပ် Quality Control နဲ့ Service ကတော့ အဓိကပဲလို့ယူဆပါတယ်။ Quality ကိုဆက်ထိန်းထားနိုင်ဖို့လိုတယ်။ Service လည်းကောင်းဖို့လိုတယ်။ ဖူးဆိုရင် ဆိုင်ကအိမ်မှာဖွင့်ထားတယ်။ လာတဲ့သူတွေအနေနဲ့ Rainbow Cake ကိုကြိုက်လို့တကူးတကလာကြတယ်။ ဆိုင်ကိုတကူးတကလာရတာမို့ ညီမက သူများဆိုင်တွေထက် Customer Service ကိုနှစ်ဆပိုပေးပါတယ်။

အဓိကက Service ရယ် Quality Control ရယ်ကိုတော်တော်လေး အလေးထားပါတယ်။

www.akhayar.com