[Zawgyi]

ေအစီမီလန္အသင္းဆီ အငွားနဲ႔ ေရာက္ရွိဖုိ႔ နီးစပ္ေနတဲ့ ဘာကာယုိကုိ Bakayoko

ခ်ယ္လ္ဆီးကြင္းလယ္လူ ဘာကာယိုကုိ Bakayoko ဟာ စတမ္းဖုိ႔ဒ္ဘရစ္ခ်္ေျမမွာ စိတ္ပ်က္စရာေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီးတဲ့ေနာက္ သူ႔ရဲ႕ ခ်ယ္လ္ဆီးကစားသမားဘ၀ကုိ အဆုံးသတ္ၿပီး မီလန္ေျမမွာ ေအစီမီလန္အသင္းနဲ႔အတူ ကစားသမားဘ၀သစ္ စတင္ဖုိ႔ ျပင္ဆင္ေနပါၿပီ။ ၿပီးခဲ့တ့ဲေႏြရာသီက မုိနာကုိအသင္းကေန ခ်ယ္လ္ဆီးအသင္းဆီ ေပါင္သန္း(၄၀)နဲ႔ ေရာက္ရွိခဲ့တဲ့ ဘာကာယုိကုိဟာ လန္ဒန္ေျမမွာ အသားမက်ဘဲ ေျခစြမ္းျပႏုိင္ဖုိ႔ ႐ုန္းကန္ခဲ့ရသူပါ။ အသက္(၂၃)ႏွစ္အရြယ္သာ ရွိေသးတဲ့ ျပင္သစ္ကြင္းလယ္လူ ဘာကာယုိကုိဟာ ဟတ္ဒါဖီးလ္နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပဲြမွာ ပါ၀င္ခဲ့ျခင္းမရွိတဲ့အျပင္ နည္းျပဆာရီ Sarri ကလည္း သူ႕ရဲ႕ အနာဂတ္အစီအစဥ္မွာပါ ဘာကာယုိကုိ ကုိ ထည့္သြင္းထားပုံ မရပါဘူး။

Bakayoko-is-set-to-complete-a-season-long-loan-switch-to-Italian-giants-AC-Milan

Bakayoko-is-set-to-complete-a-season-long-loan-switch-to-Italian-giants-AC-Milan

အခုဆုိရင္ ဘာကာယုိကုိဟာ ေအစီမီလန္အသငး္ရဲ႕ ရင္ခြင္ကုိ တစ္ရာသီအငွားနဲ႔ ခုိလံႈေတာ့မွာျဖစ္ၿပီး ရာသီကုန္ရင္ ေပါင္(၃၅.၅)သန္းနဲ႔ အၿပီးေျပာင္းေရႊ႕ဖုိ႔လည္း ရွိေနပါၿပီ။ ဘာကာယုိကုိဟာ ဒီေန႔(တနလၤာ)မွာ ေအစီမီလန္အသင္းနဲ႔ ေဆးစစ္မႈခံယူမွာျဖစ္ၿပီး မၾကာခင္အခ်ိန္အတြင္ ေအစီမီလန္အက်ႌနဲ႔ သူ႔ကုိ ျမင္ေတြ႕ရေတာ့မွာပါ။ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ (၂၅)ပဲြကစားခြင့္ရခဲ့ေပမယ့္လည္း ပရိသတ္စိတ္ေက်နပ္ေလာက္တဲ့ ေျခစြမ္းမ်ိဳး မျပသႏုိင္ခဲ့တဲ့အတြက္ ေ၀ဖန္မႈေတြ ခံခဲ့ရသလုိ အဲဒီအတြက္ ဆုိးက်ိဳးကေတာ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ ျပင္သစ္အသင္းမွာ ခ်န္လွပ္ခံခဲ့ရတာပါပဲ။ အခု ခ်ယ္လ္ဆီးကြင္းလယ္မွာလည္း ေယာ္ဂ်င္ဟုိ Jorginho ၊ ရီးယဲလ္အသင္းက အငွားေရာက္လာတဲ့ ကုိဗာခ်စ္ Kovacic တို႔လုိ ကစားသမားေတြ ရွိေနၿပီျဖစ္တာေၾကာင့္ ဆာရီက ဘာကာယုိကုိကုိ အငွားခ်ဖုိ႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ မီလန္ေျမမွာ ဘာကာယုိကုိအတြက္ ေအာင္ျမင္မႈေတြ ေစာင့္ႀကိဳေနပါေစလုိ႔ပဲ ဆုေတာင္းရေတာ့မွာပါ။

REF:Daily Mail
Photo:AC Milan News,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အေစီမီလန်အသင်းဆီ အငှားနဲ့ ရောက်ရှိဖို့ နီးစပ်နေတဲ့ ဘာကာယိုကို Bakayoko

ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကို Bakayoko ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မြေမှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် သူ့ရဲ့ ချယ်လ်ဆီးကစားသမားဘဝကို အဆုံးသတ်ပြီး မီလန်မြေမှာ အေစီမီလန်အသင်းနဲ့အတူ ကစားသမားဘဝသစ် စတင်ဖို့ ပြင်ဆင်နေပါပြီ။ ပြီးခဲ့တဲ့နွေရာသီက မိုနာကိုအသင်းကနေ ချယ်လ်ဆီးအသင်းဆီ ပေါင်သန်း(၄၀)နဲ့ ရောက်ရှိခဲ့တဲ့ ဘာကာယိုကိုဟာ လန်ဒန်မြေမှာ အသားမကျဘဲ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရသူပါ။ အသက်(၂၃)နှစ်အရွယ်သာ ရှိသေးတဲ့ ပြင်သစ်ကွင်းလယ်လူ ဘာကာယိုကိုဟာ ဟတ်ဒါဖီးလ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့အပြင် နည်းပြဆာရီ Sarri ကလည်း သူ့ရဲ့ အနာဂတ်အစီအစဉ်မှာပါ ဘာကာယိုကို ကို ထည့်သွင်းထားပုံ မရပါဘူး။

Bakayoko-is-set-to-complete-a-season-long-loan-switch-to-Italian-giants-AC-Milan

Bakayoko-is-set-to-complete-a-season-long-loan-switch-to-Italian-giants-AC-Milan

အခုဆိုရင် ဘာကာယိုကိုဟာ အေစီမီလန်အသင်းရဲ့ ရင်ခွင်ကို တစ်ရာသီအငှားနဲ့ ခိုလှုံတော့မှာဖြစ်ပြီး ရာသီကုန်ရင် ပေါင်(၃၅.၅)သန်းနဲ့ အပြီးပြောင်းရွှေ့ဖို့လည်း ရှိနေပါပြီ။ ဘာကာယိုကိုဟာ ဒီနေ့(တနင်္လာ)မှာ အေစီမီလန်အသင်းနဲ့ ဆေးစစ်မှုခံယူမှာဖြစ်ပြီး မကြာခင်အချိန်အတွင် အေစီမီလန်အင်္ကျီနဲ့ သူ့ကို မြင်တွေ့ရတော့မှာပါ။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၅)ပွဲကစားခွင့်ရခဲ့ပေမယ့်လည်း ပရိသတ်စိတ်ကျေနပ်လောက်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရသလို အဲဒီအတွက် ဆိုးကျိုးကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ချန်လှပ်ခံခဲ့ရတာပါပဲ။ အခု ချယ်လ်ဆီးကွင်းလယ်မှာလည်း ယော်ဂျင်ဟို Jorginho ၊ ရီးယဲလ်အသင်းက အငှားရောက်လာတဲ့ ကိုဗာချစ် Kovacic တို့လို ကစားသမားတွေ ရှိနေပြီဖြစ်တာကြောင့် ဆာရီက ဘာကာယိုကိုကို အငှားချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မီလန်မြေမှာ ဘာကာယိုကိုအတွက် အောင်မြင်မှုတွေ စောင့်ကြိုနေပါစေလို့ပဲ ဆုတောင်းရတော့မှာပါ။

REF:Daily Mail
Photo:AC Milan News,Getty Images
Naing Linn(Akhayar)
www.akhayar.com