ျပီးခဲ့တဲ့ ရက္သတၱပတ္ဝန္းက်င္တုန္းက Google ကေန တရုတ္ႏုိင္ငံအတြက္ကို ျပန္လည္ဝင္ေရာက္ဖုိ႔ စိတ္ကူးေနတဲ့သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ Google ဟာ တရုတ္ႏုိင္ငံအတြင္းမွာ ပိတ္ပင္ခံထားရေပမယ့္ Censored Apps နဲ႔ Cloud Services ေတြကို တရုတ္ႏုိင္ငံမွာ ျပန္လည္ေဆာင္ရြက္ဖုိ႔စီစဥ္ေနတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ အခုသတင္းကို တရုတ္ႏုိင္ငံမွာ Google ရဲ႕ အၾကီးမားဆံုးျပိဳင္ဘက္ျဖစ္လာမယ့္ Baidu ကေတာ့ မၾကိဳက္တဲ့ပံုပါပဲ။

Baidu CEO Robin Li

အခုသတင္းက Baidu ကုမၸဏီရဲ႕ CEO ျဖစ္တဲ့ Robin Li ကေန သူရဲ႕ Verified WeChat Account မွာ “တကယ္လုိ႔သာ Google က တရုတ္ႏိုင္ငံကို ဝင္ေရာက္လာမယ္ဆုိရင္လည္း Google ကို PK လုပ္ပစ္ျပီး ထပ္မံအႏုိင္ယူဖုိ႔ ယံုၾကည္ခ်က္ရွိတယ္” လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ PK ဆုိတာကေတာ့ တရုတ္ႏုိင္ငံမွာ အသံုးမ်ားတဲ့ စကားလံုးတစ္ခုျဖစ္ျပီး ဂိမ္းေဆာ့တဲ့အခ်ိန္မ်ိဳးမွာ Player Kill ကို ရည္ညြန္းတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Baidu အေနနဲ႔ Google ကို ေျခမႈန္းပစ္ဖုိ႔ ဝန္မေလးဘူးဆိုတာကို ေျပာေနသလုိပါပဲ။

Google ေရာ Baidu ေရာ Search Engine Service ေတြ၊ Cloud Service ေတြနဲ႔ သူတို႔ရဲ႕ Product ေတြအတြက္ AI ေတြကို ျပဳလုပ္တဲ့ေနရာမွာ နာမည္ၾကီးတဲ့ ကုမၸဏီေတြျဖစ္ပါတယ္။ ဒီကုမၸဏီ ၂ ခုက Hardware Product ေတြကိုလည္း ထုတ္လုပ္ေပမယ့္ Search ကေတာ့ သူတို႔ရဲ႕ အၾကီးမားဆံုးေသာ အာရုံစုိက္မႈျဖစ္ေနပါတယ္။

Baidu CEO Robin Li

Baidu CEO Robin Li ကေတာ့ တရုတ္ႏုိင္ငံက နည္းပညာကုမၸဏီေတြဟာ ျပီးခဲ့တဲ့ ၂၀၁၀ ခုႏွစ္မွာ Censored Search ေတြေၾကာင့္ Google ထြက္ခြာသြားျပီးေနာက္ပိုင္း သိသိသာသာကို တုိးတက္လာခဲ့ျပီး အခုအခ်ိန္မွာ တရုတ္နည္းပညာကုမၸဏီေတြရဲ႕ နည္းပညာေတြကို တျခားေသာ ကုမၸဏီေတြက လိုက္ျပီးခုိးယူတဲ့အေျခအေနေရာက္ေနျပီလုိ႔ေတာင္ေျပာခဲ့တာျဖစ္ပါတယ္။ အခုလုိေျပာရတာကလည္း Google ထြက္ခြာသြားျပီးေနာက္ပိုင္းမွာ Baidu က တရုတ္ေစ်းကြက္ရဲ႕ ၇၀ ရာခုိင္ႏႈန္းေက်ာ္ရရွိေနတာေၾကာင့္လုိ႔ ေျပာလုိ႔ရပါတယ္။

Baidu အေနနဲ႔ အခုလုိမ်ိဳး ယံုၾကည္ခ်က္အျပည့္အဝရွိေနေပမယ့္ ျပီးခဲ့တဲ့ ရက္ပိုင္းတုန္းက တရုတ္ႏုိင္ငံ Weibo Social Media မွာျပဳလုပ္ခဲ့တဲ့ Voting အရေတာ့ လူေပါင္း ၈၅ ရာခိုင္ႏႈန္းေက်ာ္က Baidu အစား Google ကို ေရြးခ်ယ္ခဲ့ၾကတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Baidu ရဲ႕ CEO Robin Li က ဒီအတိုင္း ယံုၾကည္ခ်က္ေတြမတရားျမင့္မားေနတာလား၊ တကယ္ပဲ တရုတ္ႏုိင္ငံမွာ Google ျပန္လည္ဝင္ေရာက္ဖုိ႔ မျဖစ္ႏုိင္တာလားဆုိတာက စိတ္ဝင္စားဖုိ႔ ေကာင္းေနပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ပြီးခဲ့တဲ့ ရက်သတ္တပတ်ဝန်းကျင်တုန်းက Google ကနေ တရုတ်နိုင်ငံအတွက်ကို ပြန်လည်ဝင်ရောက်ဖို့ စိတ်ကူးနေတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ Google ဟာ တရုတ်နိုင်ငံအတွင်းမှာ ပိတ်ပင်ခံထားရပေမယ့် Censored Apps နဲ့ Cloud Services တွေကို တရုတ်နိုင်ငံမှာ ပြန်လည်ဆောင်ရွက်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုသတင်းကို တရုတ်နိုင်ငံမှာ Google ရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်လာမယ့် Baidu ကတော့ မကြိုက်တဲ့ပုံပါပဲ။

Baidu CEO Robin Li

အခုသတင်းက Baidu ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Robin Li ကနေ သူရဲ့ Verified WeChat Account မှာ “တကယ်လို့သာ Google က တရုတ်နိုင်ငံကို ဝင်ရောက်လာမယ်ဆိုရင်လည်း Google ကို PK လုပ်ပစ်ပြီး ထပ်မံအနိုင်ယူဖို့ ယုံကြည်ချက်ရှိတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ PK ဆိုတာကတော့ တရုတ်နိုင်ငံမှာ အသုံးများတဲ့ စကားလုံးတစ်ခုဖြစ်ပြီး ဂိမ်းဆော့တဲ့အချိန်မျိုးမှာ Player Kill ကို ရည်ညွန်းတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Baidu အနေနဲ့ Google ကို ခြေမှုန်းပစ်ဖို့ ဝန်မလေးဘူးဆိုတာကို ပြောနေသလိုပါပဲ။

Google ရော Baidu ရော Search Engine Service တွေ၊ Cloud Service တွေနဲ့ သူတို့ရဲ့ Product တွေအတွက် AI တွေကို ပြုလုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ ဒီကုမ္ပဏီ ၂ ခုက Hardware Product တွေကိုလည်း ထုတ်လုပ်ပေမယ့် Search ကတော့ သူတို့ရဲ့ အကြီးမားဆုံးသော အာရုံစိုက်မှုဖြစ်နေပါတယ်။

Baidu CEO Robin Li

Baidu CEO Robin Li ကတော့ တရုတ်နိုင်ငံက နည်းပညာကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ Censored Search တွေကြောင့် Google ထွက်ခွာသွားပြီးနောက်ပိုင်း သိသိသာသာကို တိုးတက်လာခဲ့ပြီး အခုအချိန်မှာ တရုတ်နည်းပညာကုမ္ပဏီတွေရဲ့ နည်းပညာတွေကို တခြားသော ကုမ္ပဏီတွေက လိုက်ပြီးခိုးယူတဲ့အခြေအနေရောက်နေပြီလို့တောင်ပြောခဲ့တာဖြစ်ပါတယ်။ အခုလိုပြောရတာကလည်း Google ထွက်ခွာသွားပြီးနောက်ပိုင်းမှာ Baidu က တရုတ်ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရရှိနေတာကြောင့်လို့ ပြောလို့ရပါတယ်။

Baidu အနေနဲ့ အခုလိုမျိုး ယုံကြည်ချက်အပြည့်အဝရှိနေပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက တရုတ်နိုင်ငံ Weibo Social Media မှာပြုလုပ်ခဲ့တဲ့ Voting အရတော့ လူပေါင်း ၈၅ ရာခိုင်နှုန်းကျော်က Baidu အစား Google ကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Baidu ရဲ့ CEO Robin Li က ဒီအတိုင်း ယုံကြည်ချက်တွေမတရားမြင့်မားနေတာလား၊ တကယ်ပဲ တရုတ်နိုင်ငံမှာ Google ပြန်လည်ဝင်ရောက်ဖို့ မဖြစ်နိုင်တာလားဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com