[ZawGyi]

ဒုတိယသမီးေလးေမြးဖြားေတာ့မယ့္ မင္းသားေခ်ာႀကီးေဘေယာင္ဂြ်န္းတို႔စံုတြဲ

ပရိသတ္ေတြရင္ထဲ အသည္းစြဲႀကိဳက္ခဲ့ၾကတဲ့ မင္းသားေခ်ာႀကီး ေဘေယာင္ဂြ်န္းနဲ႔ မင္းသမီးေခ်ာေလး ပတ္ခ္ဆိုဂ်င္းတို႔ကေတာ့ ဒီလအေစာပိုင္းမွာပဲ သမီးမိန္းကေလးေမြးဖြားေတာ့မွာပါ။ ေမြးဖြားမယ့္ Due Date ကေတာ့ ဧၿပီလ ၁၀ ရက္ေန႔ျဖစ္ပါမယ္တဲ့။

ဒီတခါေမြးဖြားမွာကေတာ့ ဒုတိယရင္ေသြးျဖစ္ၿပီး ပထမေမြးဖြားခဲ့တဲ့ သားသားေလးကိုေတာ့ ၂၀၁၆ ေအာက္တိုဘာမွာေမြးဖြားခဲ့တာမို႔ ဒီတေခါက္ သမီးမိန္းကေလး ေမွ်ာ္လင့္ခဲ့ရက်ိဳးနပ္သြားပါၿပီ။

ဒါေပမယ့္ ပတ္ခ္ဆိုဂ်င္းအေနနဲ႔လည္း ပထမရင္ေသြးေလးေမြးဖြားခဲ့တုန္းက ေဆးရံုနဲ႔ အတိုက္အခံျဖစ္ခဲ့တဲ့ ေဝဖန္မႈေတြျမင့္တက္ေနၿပီး အစားအစာေတြကို ခြင့္ျပဳခ်က္မရွိဘဲ သယ္ေဆာင္မႈနဲ႔ ေမြးဖြားၿပီးစကေလးငယ္မ်ားထားတဲ့အခန္းကို ခြင့္ျပဳခ်က္မရွိဘဲ မိဘေတြကိုဝင္ခြင့္ေပးခဲ့မႈေတြေၾကာင့္ျဖစ္ပါတယ္။

ေဝဖန္မႈေတြျမင့္တက္ခဲ့တာနဲ႔ပတ္သက္ၿပီး မင္းသမီးက ေတာင္းပန္စာလက္ေရးမူတစ္ေစာင္ထုတ္ျပန္ခဲ့ၿပီး သူမပထမဆံုးသားဦးေမြးဖြားခဲ့တုန္းက ေမြးဖြားခ်ိန္လည္းေစာၿပီး၊ အရမ္းကိုစိတ္လႈပ္ရွားခဲ့မိလို႔ အနားမွာ မိဘေတြ ရွိခ်င္ေဇာနဲ႔ အထူးသားဖြားႀကီးၾကပ္ခန္းထဲဝင္ေစခဲ့မိတာျဖစ္ေၾကာင္း၊ အစားအစာယူတဲ့ကိစၥမွာလည္း မန္ေနဂ်ာကို သတ္မွတ္ထားတဲ့ ဧရိယာထိသာယူေစခဲ့ေၾကာင္း၊ အဓိကက သူတို႔အားလံုးေပၚဂ႐ုစိုက္ခဲ့တဲ့ ဝန္ထမ္းေတြသူနာျပဳေတြအားလံုးအတြက္ ေက်းဇူးတင္စိတ္နဲ႔ ေကြ်းေမြးခ်င္လို႔ယူေဆာင္လာခဲ့ေၾကာင္းေတြ ေရးသားခဲ့ၿပီး ဒီတေခါက္ေတာ့ မိခင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ ပိုမိုႀကိဳးစားမယ့္အေၾကာင္းကတိခံထားခဲ့ပါတယ္။

ခုေလာက္ဆို ဒီစံုတြဲကိုခ်စ္တဲ့ ႏိုင္ငံတကာကပရိသတ္ေတြကေတာ့ ဧၿပီ ၁၀ ရက္မွာေမြးလာမယ့္ သမီးေလးအတြက္ ဆုေတာင္းေမတၱာေတြ ပို႔သေပးေနၾကပါၿပီ။ ေဖေဖနဲ႔ေမေမေခ်ာေခ်ာကလည္း ရင္ခုန္ေနၾကေတာ့မွာပါပဲ။

[Unicode]

ဒုတိယသမီးလေးမွေးဖွားတော့မယ့် မင်းသားချောကြီးဘေယောင်ဂျွန်းတို့စုံတွဲ

ပရိသတ်တွေရင်ထဲ အသည်းစွဲကြိုက်ခဲ့ကြတဲ့ မင်းသားချောကြီး ဘေယောင်ဂျွန်းနဲ့ မင်းသမီးချောလေး ပတ်ခ်ဆိုဂျင်းတို့ကတော့ ဒီလအစောပိုင်းမှာပဲ သမီးမိန်းကလေးမွေးဖွားတော့မှာပါ။ မွေးဖွားမယ့် Due Date ကတော့ ဧပြီလ ၁၀ ရက်နေ့ဖြစ်ပါမယ်တဲ့။

ဒီတခါမွေးဖွားမှာကတော့ ဒုတိယရင်သွေးဖြစ်ပြီး ပထမမွေးဖွားခဲ့တဲ့ သားသားလေးကိုတော့ ၂၀၁၆ အောက်တိုဘာမှာမွေးဖွားခဲ့တာမို့ ဒီတခေါက် သမီးမိန်းကလေး မျှော်လင့်ခဲ့ရကျိုးနပ်သွားပါပြီ။

ဒါပေမယ့် ပတ်ခ်ဆိုဂျင်းအနေနဲ့လည်း ပထမရင်သွေးလေးမွေးဖွားခဲ့တုန်းက ဆေးရုံနဲ့ အတိုက်အခံဖြစ်ခဲ့တဲ့ ဝေဖန်မှုတွေမြင့်တက်နေပြီး အစားအစာတွေကို ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်မှုနဲ့ မွေးဖွားပြီးစကလေးငယ်များထားတဲ့အခန်းကို ခွင့်ပြုချက်မရှိဘဲ မိဘတွေကိုဝင်ခွင့်ပေးခဲ့မှုတွေကြောင့်ဖြစ်ပါတယ်။

ဝေဖန်မှုတွေမြင့်တက်ခဲ့တာနဲ့ပတ်သက်ပြီး မင်းသမီးက တောင်းပန်စာလက်ရေးမူတစ်စောင်ထုတ်ပြန်ခဲ့ပြီး သူမပထမဆုံးသားဦးမွေးဖွားခဲ့တုန်းက မွေးဖွားချိန်လည်းစောပြီး၊ အရမ်းကိုစိတ်လှုပ်ရှားခဲ့မိလို့ အနားမှာ မိဘတွေ ရှိချင်ဇောနဲ့ အထူးသားဖွားကြီးကြပ်ခန်းထဲဝင်စေခဲ့မိတာဖြစ်ကြောင်း၊ အစားအစာယူတဲ့ကိစ္စမှာလည်း မန်နေဂျာကို သတ်မှတ်ထားတဲ့ ဧရိယာထိသာယူစေခဲ့ကြောင်း၊ အဓိကက သူတို့အားလုံးပေါ်ဂရုစိုက်ခဲ့တဲ့ ဝန်ထမ်းတွေသူနာပြုတွေအားလုံးအတွက် ကျေးဇူးတင်စိတ်နဲ့ ကျွေးမွေးချင်လို့ယူဆောင်လာခဲ့ကြောင်းတွေ ရေးသားခဲ့ပြီး ဒီတခေါက်တော့ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ပိုမိုကြိုးစားမယ့်အကြောင်းကတိခံထားခဲ့ပါတယ်။

ခုလောက်ဆို ဒီစုံတွဲကိုချစ်တဲ့ နိုင်ငံတကာကပရိသတ်တွေကတော့ ဧပြီ ၁၀ ရက်မှာမွေးလာမယ့် သမီးလေးအတွက် ဆုတောင်းမေတ္တာတွေ ပို့သပေးနေကြပါပြီ။ ဖေဖေနဲ့မေမေချောချောကလည်း ရင်ခုန်နေကြတော့မှာပါပဲ။

EiEiKhineMinn ( Akhayar )