လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာမှာ ဦးနှောက်က အရေးအကြီးဆုံးပါ။ ဦးနှောက်မရှိတဲ့လူဟာ ဘယ်နေရာမှာမှ သုံးလို့မရပါဘူး။ ဒါကြောင့်ဦးနှောက်ကို ဂရုစိုက်ဖို့လိုပါတယ်။ အမှုမဲ့အမှတ်မဲ့ ပြုလုပ်မိတဲ့ အချက်လေးတွေက မထင်မှတ်ဘဲနဲ့ ဦးနှောက်ကိုထိခိုက်တတ်ပါတယ်။ ဥာဏ်ကိုလျော့နည်းစေနိုင်တဲ့ အချက်လေးတွေကို အခရာသူ၊ အခရာသားတွေ ဂရုစိုက်လိုက်ပါ။

() စကားပြောနည်းခြင်း

စကားပြောနည်းတာက ဥာဏ်ရည်ထိခိုက်စေပါတယ်။ ဒီလိုပြောလို့ စကားများများပြောရမယ်၊ အမြဲတတွတ်တွတ်ပြောနေရမယ်လို့ မဆိုလိုပါဘူး။ ပညာရပ်ဆိုင်ရာစကားတွေ၊ အသိအမြင်တိုးတက်ဖို့ အချင်းချင်းပြောဆိုဆွေးနွေးရမယ်လို့ ပြောချင်တာပါ။ မဟုတ်ရင် အချိန်ကြာလာတာနဲ့အမျှ ဥာဏ်ရည်လျော့နည်းလာတတ်ပါတယ်။

() တွေးခေါ်မှုနည်းပါးခြင်း

တွေးခေါ်မှုနည်းလာတာနဲ့အမျှ ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းက လျော့ကျလာပါတယ်။ ဦးနှောက်ကို ဖွံ့ဖြိုးချင်တယ်ဆိုရင် များများတွေးခေါ်ပေးဖို့လိုပါတယ်။ ကိုယ်ရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ဆိုင်တဲ့အရာတွေကို များများ စဉ်းစားပေးပါ။ အကြောင်းအရာတစ်ခုနဲ့တစ်ခုကို ဆက်စပ်တွေးခေါ်တတ်အောင် လေ့ကျင့်ပါ။ တွေးခေါ်မှုလျော့နည်းတဲ့ အချိန်ကြာလာရင် ဦးနှောက်ကျုံ့သွားတတ်လို့ပါ။

 () နေမကောင်းတဲ့အချိန်မှာ ဦးနှောက်ကို အလုပ်လုပ်ခိုင်းခြင်း

နေကောင်းဖြစ်တဲ့အချိန်မှာ စာကျက်တာတို့၊ ဥာဏ်သုံးပြီးလုပ်ရတဲ့အလုပ်တွေ ဘာတစ်ခုမှ မလုပ်သင့်ပါဘူး။ အဲ့ဒီလိုအချိန်မျိုးမှာ ဦးနှောက်ကိုအနားမပေးခဲ့ရင် ဥာဏ်ရည်လျော့နည်းမှုကို မလွဲမသွေကြုံတွေ့ရမှာပါ။

() ခေါင်းကိုအစွပ်တစ်ခုခုစွပ်၍ အိပ်ခြင်း

အိပ်နေတဲ့အချိန်မှာ ခေါင်းစွပ် မစွပ်သင့်ပါဘူး။ ခေါင်းစွပ် စွပ်ပြီးအိပ်တဲ့အတွက်ကြောင့် ခေါင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်များပြားလာပြီး အောက်ဆီဂျင်လျော့နည်းသွားပါတယ်။ ဒါဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုလျော့ကျစေနိုင်ပါတယ်။

() အိပ်ရေးမဝခြင်း

အိပ်တယ်ဆိုတာ ဦးနှောက်ကို အနားပေးတာပါ။ အိပ်ရေးပျက်တာများလာတာနဲ့အမျှ ဦးနှောက်မှာရှိတဲ့ ဆဲလ် (Cell) တွေသေသွားတတ်ပါတယ်။

 () လေထုညစ်ညမ်းခြင်း

ဦးနှောက်ဆိုတာက ကျွန်တော်တို့ခန္ဓာကိုယ်မှာ အောက်ဆီဂျင်အများဆုံးသုံးစွဲတဲ့အပိုင်းပါ။ ညစ်ညမ်းတဲ့လေကို ရှုမိရင် ဦးနှောက်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏကို မရနိုင်တော့ပါဘူး။ အဲ့ဒီလိုမျိုးခဏခဏကြုံလာရင် ဥာဏ်ရည်လျော့နည်းသွားနိုင်ပါတယ်။

 () သကြားစားသုံးမှုများပြားခြင်း

အချိုဓါတ်ကို လူတော်တော်များများနှစ်သက်ကြပေမယ့် သကြားဓါတ်အများအပြားစားသုံးခြင်းက ဦးနှောက် ဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ ပရိုတိန်းနဲ့ အာဟာရဓါတ်တွေကို ရယူတဲ့နေရာမှာ အနှောက်အယှက်ပေးပါတယ်။

 () ဆေးလိပ်သောက်ခြင်း

ဆေးလိပ်က ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာက အထူးပြောဖို့မလိုပါဘူး။ ဆေးလိပ်သောက်ခြင်းကဦးနှောက်ကို ကျုံ့စေတဲ့အပြင် အသက်ကြီးလာတဲ့အချိန်ရောက်ရင် သတိမေ့တတ်နိုင်ပါတယ်။

() ဒေါသကြီးခြင်း

ဒေါသကြီးတဲ့အချိန်မှာ ဦးနှောက်မှာရှိတဲ့သွေးကြောတွေ မာကျောတောင့်တင်းသွားတတ်ပါတယ်။ ဒေါသအရမ်းထွက်တတ်တာက မကောင်းတဲ့အပြင် စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကိုလည်း ကျဆင်းစေပါတယ်။

(၁၀) မနက်စာမစားခြင်း

မနက်စာ မစားတဲ့လူတွေဟာ သွေးထဲမှာပါဝင်ဖို့လိုအပ်တဲ့ သကြားဓါတ်ပမာဏကို မရရှိပါဘူး။ အဲ့ဒီလိုမရရှိခဲ့ရင် ဦးနှောက်အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကို မပို့ဆောင်နိုင်တော့တဲ့အတွက် ကြာလာရင် မှတ်ဥာဏ်ယိုယွင်းမှုကိုဖြစ်စေပါတယ်။

မင်းသုခ (အခရာ)

(www.akhayar.com)