[Zawgyi]

မလြတ္တမ္းၾကည့္သင့္တဲ့ Bad Genius (2017)

ဒီတစ္ပတ္မွာေတာ့ ၂ဝ၁၇ခုႏွစ္ ေမလ (၃) ရက္ေန႔မွာ ျဖန္႔ခ်ိလုိက္တဲ့ Bad Genius ဆုိတဲ့ ထုိင္းကားအေၾကာင္းကုိ ေျပာျပခ်င္ပါတယ္။ ဒီကားမွာေတာ့ ဒါရုိက္တာ နတၱဝတ္ ပြန္ပီရီယာ (Nattawut Poonpiriya) ရုိက္ကူးထားၿပီး ခြ်တ္တီမြန္ ခြ်န္ခ်ာရြန္စူက်ိဳင္း (Chutimon Chuengcharoensukying) ၊ ခ်န္ႏြန္ စန္တင္နာတြန္ကူး (Chanon Santinatornkul) ၊ တီရာဒြန္ စူပါပြန္ပင္ညိဳ (Teeradon Supapunpinyo) နဲ႔ အီစာရာ ဟုိစူဝမ္ (Eisaya Hosuwan) တုိ႔ ဦးေဆာင္ခဲ့တာပါ။ ႏုိင္ငံတကာ တကၠသုိလ္ဝင္ခြင့္စာေမးပြဲကုိ မသမာနည္းနဲ႔ ဥာဏ္ကစားၿပီး ေျဖဆုိသြားတဲ့ ေက်ာင္းသားတစ္စုရဲ႕ အေၾကာင္းကုိ ရုိက္ကူးထားတာပါ။

ခြ်တ္တီမြန္ ခြ်န္ခ်ာရြန္စူက်ိဳင္း (Chutimon Chuengcharoensukying) ၊ ခ်န္ႏြန္ စန္တင္နာတြန္ကူး (Chanon Santinatornkul) ၊ တီရာဒြန္ စူပါပြန္ပင္ညိဳ (Teeradon Supapunpinyo) နဲ႔ အီစာရာ ဟုိစူဝမ္ (Eisaya Hosuwan)

ခြ်တ္တီမြန္ ခြ်န္ခ်ာရြန္စူက်ိဳင္း (Chutimon Chuengcharoensukying) ၊ ခ်န္ႏြန္ စန္တင္နာတြန္ကူး (Chanon Santinatornkul) ၊ တီရာဒြန္ စူပါပြန္ပင္ညိဳ (Teeradon Supapunpinyo) နဲ႔ အီစာရာ ဟုိစူဝမ္ (Eisaya Hosuwan)

Bad Genius (2017) ဟာ သမားရုိးက်ဇာတ္ကားေတြလုိ မင္းသားကုိ အဓိကထားရုိက္ျပသြားတာ မဟုတ္ဘဲ ေခါင္းေဆာင္ေနရာမွ မင္းသမီး ခြ်တ္တီမြန္ ခြ်န္ခ်ာရြန္စူက်ိဳင္းက ဦးေဆာင္ခဲ့တာပါ။ အလယ္အလတ္မိသားစုမွ ဆင္းသက္လာတဲ့ လင္း (Lynn) ဟာ လူခ်မ္းသာေတြသာ တက္ႏုိင္တဲ့ ပုဂၢလိကအထက္တန္းေက်ာင္းကုိ ပညာသင္ဆုနဲ႔ တက္ေရာက္ေနပါတယ္။ ေက်ာင္းမွာ ဂေရ့ (Grace) နဲ႔ ခင္မင္မိၿပီး ေက်ာင္းစာေတြကုိ ရွင္းျပရင္းကေန စာေမးပြဲခန္းထဲမွာ သူမအတြက္ စာခုိးခ်ေပးခဲ့ပါတယ္။

လင္း (Lynn) နဲ႔ ဂေရ့ (Grace)

လင္း (Lynn) နဲ႔ ဂေရ့ (Grace)

ဒီအခ်ိန္မွာ ဂေရ့ရဲ႕ရည္းစား ပတ္ (Pat) ဟာ အေၾကာင္းစုံကုိ သိသြားၿပီး သူနဲ႔သူငယ္ခ်င္းေတြအတြက္ပါ ကူညီေပးဖုိ႔ ဆုိလာပါတယ္။ တစ္ဘာသာကုိ ဘတ္သုံးေထာင္ႏႈန္းနဲ႔ ဘာသာအားလုံးအတြက္ သူငယ္ခ်င္းေတြကုိ ကူညီေပးဖုိ႔ ေတာင္းဆုိလာတဲ့အခါ လင္းအတြက္ ၂၃၄,ဝဝဝ ဘတ္အထိ ရခဲ့ပါတယ္။ ဘတ္ႏွစ္သိန္းေက်ာ္ဆုိတာ ပတ္တုိ႔လုိ လူကုံထံအသုိင္းအဝုိင္းမွာသာ ဘာမဟုတ္တဲ့ ပမာဏလုိ႔ ဆုိႏုိင္ေပမယ့္ လင္းတုိ႔လုိ လူလတ္တန္းစားအတြက္ မက္ေလာက္စရာ ပမာဏျဖစ္တဲ့အတြက္ လက္ခံလုိက္ပါတယ္။

စာေမးပြဲျမင္ကြင္း

စာေမးပြဲျမင္ကြင္း

ကြ်န္ေတာ္တုိ႔ႏုိင္ငံမွာသာ က်က္စာကုိ အဓိကထားေပမယ့္ ႏုိင္ငံတကာမွာေတာ့ စာေမးပြဲမွာ Multiple Choice ကုိပဲ ေမးပါတယ္။ Sign Language ကုိပဲ သုံးၿပီး ABCDE အေျဖေတြကုိ သူငယ္ခ်င္းေတြကုိ အခ်က္ျပေပးသြားတဲ့ ေက်ာင္းသူကေတာ့ လင္းပါပဲ။ ပညာသင္ဆုနဲ႔ ေက်ာင္းေနရတဲ့ လင္းဟာ အပုိဝင္ေငြေတြပါ ရေနတဲ့အတြက္ သူ႕ဖခင္ေက်ာင္းဆရာႀကီးကုိေတာင္ ေထာက္ပံ့ႏုိင္တဲ့အေျခအေန ျဖစ္လာပါတယ္။ သူ႕အတြက္လည္း အပုိေငြရ သူငယ္ခ်င္းေတြလည္း အဆင့္ေကာင္းေကာင္းရဆုိေတာ့ ဒီအေျခအေနဟာ ႏွစ္ဖက္စလုံးကုိ အဆင္ေျပေစတဲ့ Win – Win Situation ပါပဲ။

ဘန္႔ (Bank) နဲ႔ လင္း (Lynn)

ဘန္႔ (Bank) နဲ႔ လင္း (Lynn)

သူတုိ႔ေနတဲ့ ပုဂၢလိကေက်ာင္းမွာ လင္းလုိပဲ စာေတာ္တဲ့ ေက်ာင္းသားတစ္ေယာက္ ရွိပါေသးတယ္။ သူ႕ရဲ႕နာမည္က ဘန္႔ (Bank) ပါ။ ဘန္႔ကေတာ့ အေျခခံလူတန္းစားမွ ေပါက္ဖြားလာတာျဖစ္ၿပီး ပညာသင္စရိတ္ျမင့္မားတဲ့ ပုဂၢလိေက်ာင္းကုိ တက္ဖုိ႔ သူ႕မိခင္ႀကီးဟာ ပင္မင္းေလ်ွာ္ရတာျဖစ္ပါတယ္။ ပညာကုိလည္း ႀကိဳးစားရင္း ေက်ာင္းျပန္လာရင္ မိခင္ႀကီးကုိ ကူညီၿပီး အဝတ္ေလ်ွာက္ရတဲ့ လူလိမၼာဘန္႔ဟာ ရုိးသားႀကိဳးစားလြန္းသူပါ။ ဒီအခ်ိန္မွာ ေက်ာင္းအုပ္ႀကီးက အေတာ္ဆုံးေက်ာင္းသားတစ္ေယာက္ကုိပဲ စကၤာပူႏုိင္ငံပညာသင္ဆုေပးအပ္မယ္ဆုိလုိ႔ ဆုိလာပါတယ္။ ေနာက္တစ္ႀကိမ္စာေမးပြဲမွာ ပတ္နဲ႔သူငယ္ခ်င္းေတြ မသမာလုပ္ေနတာကုိ ဘန္႔က သတိထားမိၿပီး ေက်ာင္းအုပ္ႀကီးကုိ တုိင္လုိက္ရာကေန ေပၚသြားပါတယ္။ လင္းအတြက္ စကၤာပူစေကာလားရွစ္ ပယ္ခ်လုိက္ၿပီး ပညာသင္ႏွစ္ၿပီးရင္ ပညာသင္ဆုအတြက္ ဘန္႔ကပဲ ၿပိဳင္ဘက္မရွိေအာင္ျမင္ေတာ့မွာပါ။

ဥာဏ္ႀကီးရွင္ လင္း (Lynn)

ဥာဏ္ႀကီးရွင္ လင္း (Lynn)

ဇာတ္လမ္းကုိ အေျပာင္းအလဲျဖစ္သြားတာက ပတ္ရဲ႕မိဘေတြပါပဲ။ Report Card ေတြမွာ အဆင့္တက္လာတဲ့ ပတ္ကုိ ပီတီျဖစ္ေနၿပီး အေမရိကန္ႏုိင္ငံမွ ေဘာ့စတြန္တကၠသုိလ္ (Boston University) ကုိ ေျပာင္းေပးဖုိ႔အထိ ရည္ရြယ္လာပါတယ္။ ပတ္နဲ႔အတူ ရည္းစား ဂေရ့ကုိပါ ေက်ာင္းတက္ေစဖုိ႔ပါ။ ဒီအခ်ိန္မွာ စိန္နားကပ္အေရာင္န႔ဲ ပါးေျပာင္ေနတဲ့ ပတ္တုိ႔စုံတြဲဟာ ေခြးေျခမီးေလာင္ျဖစ္ေတာ့တာပဲ။ ႏုိင္ငံတကာတကၠသုိလ္ဝင္ခြင့္စာေမးပြဲ (STIC) ကုိ ဘယ္လုိဥာဏ္နီဥာဏ္နက္ သုံးၿပီး ေျဖဆုိမလဲ။ ဒီကိစၥမွာ ဘယ္သူေတြ ပါဝင္လာမလဲ။ လင္းတစ္ေယာက္တည္းေကာ ဒီကိစၥကုိ လုပ္ေဆာင္ႏုိင္မလားဆုိတာ ဆက္မေရးေတာ့ပါဘူး။ မၾကည့္ရေသးတဲ့သူေတြအတြက္ အရသာပ်က္သြားမွာစုိးလုိ႔ ဒီမွာပဲ ရပ္ထားလုိက္ပါမယ္။

Bad Genius (2017)

Bad Genius (2017)

ဒီဇာတ္ကားကုိ ရုိက္ကူးတဲ့ ဒါရုိက္တာ နတၱဝတ္ ပြန္ပီရီယာဆုိတာ Countdown (2012) နဲ႔ The Library (2013) ဇာတ္ကားေတြနဲ႔ နာမည္ေက်ာ္လာတဲ့ ဒါရုိက္တာပါ။ ၿပီးေတာ့ လင္းအျဖစ္ သရုပ္ေဆာင္ထားတဲ့ မင္းသမီး ခြ်တ္တီမြန္ ခြ်န္ခ်ာရြန္စူက်ိဳင္းဆုိတာ (၂၁) ႏွစ္သာ ရွိပါေသးတယ္။ ပြဲဦးထြက္သာ ျဖစ္ေပမယ့္ တကယ့္ဝါရင့္သရုပ္ေဆာင္လုိမ်ိဳး လုပ္သြားတာက အထင္ႀကီးစရာပါ။ ၿပီးေတာ့လည္း ဘန္႔အျဖစ္ သရုပ္ေဆာင္ထားတဲ့ ခ်န္ႏြန္ စန္တင္နာတြန္ကူးနဲ႔ ဂေရ႕အျဖစ္ ပါဝင္ထားတဲ့ အီစာရာ ဟုိစူဝမ္တုိ႔ဟာ (၂၁) ႏွစ္သာရွိေသးတဲ့ မ်က္ႏွာသစ္သရုပ္ေဆာင္ေတြပါ။ ပတ္အျဖစ္ သရုပ္ေဆာင္ထားတဲ့ တီရာဒြန္ စူပါပြန္ပင္ညိဳဟာဆုိရင္ (၂ဝ)ႏွစ္ပဲ ရွိပါေသးတယ္။

STIC စာေမးပြဲအတြက္ ေဆြးေႏြးပြဲ

STIC စာေမးပြဲအတြက္ ေဆြးေႏြးပြဲ

ဒီဇာတ္ကားဟာ သားသမီးကုိ အေတာ္ဆုံးျဖစ္ေစခ်င္တဲ့ မိဘေတြရဲ႕ဆႏၵေတြက သားသမီးေတြကုိ ဖိအားျဖစ္ေစၿပီး ထြက္ေပါက္ရွာရင္းကေန လမ္းေၾကာင္းလြဲသြားပုံကုိ ပညာေပးထားတာပါ။ ၿပီးေတာ့ ဥာဏ္ဘယ္ေလာက္ပဲေကာင္းပါေစ မေကာင္းတဲ့ဘက္မွာ ေတာ္ေနရင္ မဟုတ္ေသးပါဘူး၊ လူငယ္ေတြအတြက္ ေျခလွမ္းတစ္လွမ္းမွားတာနဲ႔ ဘဝပ်က္သြားတတ္တဲ့အေၾကာင္းေတြကုိ ရုိက္ကူးျပထားတာပါ။ ဒီဇာတ္ကားကုိ ၾကည့္ရင္းက ကုိယ့္စိတ္ထဲမွာ ခံစားရတဲ့အေၾကာင္းေတြကုိလည္း ရင္ဖြင့္ၾကပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မလွတ်တမ်းကြည့်သင့်တဲ့ Bad Genius (2017)

ဒီတစ်ပတ်မှာတော့ ၂ဝ၁၇ခုနှစ် မေလ (၃) ရက်နေ့မှာ ဖြန့်ချိလိုက်တဲ့ Bad Genius ဆိုတဲ့ ထိုင်းကားအကြောင်းကို ပြောပြချင်ပါတယ်။ ဒီကားမှာတော့ ဒါရိုက်တာ နတ္တဝတ် ပွန်ပီရီယာ (Nattawut Poonpiriya) ရိုက်ကူးထားပြီး ချွတ်တီမွန် ချွန်ချာရွန်စူကျိုင်း (Chutimon Chuengcharoensukying) ၊ ချန်နွန် စန်တင်နာတွန်ကူး (Chanon Santinatornkul) ၊ တီရာဒွန် စူပါပွန်ပင်ညို (Teeradon Supapunpinyo) နဲ့ အီစာရာ ဟိုစူဝမ် (Eisaya Hosuwan) တို့ ဦးဆောင်ခဲ့တာပါ။ နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မသမာနည်းနဲ့ ဉာဏ်ကစားပြီး ဖြေဆိုသွားတဲ့ ကျောင်းသားတစ်စုရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။

ချွတ်တီမွန် ချွန်ချာရွန်စူကျိုင်း (Chutimon Chuengcharoensukying) ၊ ချန်နွန် စန်တင်နာတွန်ကူး (Chanon Santinatornkul) ၊ တီရာဒွန် စူပါပွန်ပင်ညို (Teeradon Supapunpinyo) နဲ့ အီစာရာ ဟိုစူဝမ် (Eisaya Hosuwan)

ချွတ်တီမွန် ချွန်ချာရွန်စူကျိုင်း (Chutimon Chuengcharoensukying) ၊ ချန်နွန် စန်တင်နာတွန်ကူး (Chanon Santinatornkul) ၊ တီရာဒွန် စူပါပွန်ပင်ညို (Teeradon Supapunpinyo) နဲ့ အီစာရာ ဟိုစူဝမ် (Eisaya Hosuwan)

Bad Genius (2017) ဟာ သမားရိုးကျဇာတ်ကားတွေလို မင်းသားကို အဓိကထားရိုက်ပြသွားတာ မဟုတ်ဘဲ ခေါင်းဆောင်နေရာမှ မင်းသမီး ချွတ်တီမွန် ချွန်ချာရွန်စူကျိုင်းက ဦးဆောင်ခဲ့တာပါ။ အလယ်အလတ်မိသားစုမှ ဆင်းသက်လာတဲ့ လင်း (Lynn) ဟာ လူချမ်းသာတွေသာ တက်နိုင်တဲ့ ပုဂ္ဂလိကအထက်တန်းကျောင်းကို ပညာသင်ဆုနဲ့ တက်ရောက်နေပါတယ်။ ကျောင်းမှာ ဂရေ့ (Grace) နဲ့ ခင်မင်မိပြီး ကျောင်းစာတွေကို ရှင်းပြရင်းကနေ စာမေးပွဲခန်းထဲမှာ သူမအတွက် စာခိုးချပေးခဲ့ပါတယ်။

လင်း (Lynn) နဲ့ ဂရေ့ (Grace)

လင်း (Lynn) နဲ့ ဂရေ့ (Grace)

ဒီအချိန်မှာ ဂရေ့ရဲ့ရည်းစား ပတ် (Pat) ဟာ အကြောင်းစုံကို သိသွားပြီး သူနဲ့သူငယ်ချင်းတွေအတွက်ပါ ကူညီပေးဖို့ ဆိုလာပါတယ်။ တစ်ဘာသာကို ဘတ်သုံးထောင်နှုန်းနဲ့ ဘာသာအားလုံးအတွက် သူငယ်ချင်းတွေကို ကူညီပေးဖို့ တောင်းဆိုလာတဲ့အခါ လင်းအတွက် ၂၃၄,ဝဝဝ ဘတ်အထိ ရခဲ့ပါတယ်။ ဘတ်နှစ်သိန်းကျော်ဆိုတာ ပတ်တို့လို လူကုံထံအသိုင်းအဝိုင်းမှာသာ ဘာမဟုတ်တဲ့ ပမာဏလို့ ဆိုနိုင်ပေမယ့် လင်းတို့လို လူလတ်တန်းစားအတွက် မက်လောက်စရာ ပမာဏဖြစ်တဲ့အတွက် လက်ခံလိုက်ပါတယ်။

စာမေးပွဲမြင်ကွင်း

စာမေးပွဲမြင်ကွင်း

ကျွန်တော်တို့နိုင်ငံမှာသာ ကျက်စာကို အဓိကထားပေမယ့် နိုင်ငံတကာမှာတော့ စာမေးပွဲမှာ Multiple Choice ကိုပဲ မေးပါတယ်။ Sign Language ကိုပဲ သုံးပြီး ABCDE အဖြေတွေကို သူငယ်ချင်းတွေကို အချက်ပြပေးသွားတဲ့ ကျောင်းသူကတော့ လင်းပါပဲ။ ပညာသင်ဆုနဲ့ ကျောင်းနေရတဲ့ လင်းဟာ အပိုဝင်ငွေတွေပါ ရနေတဲ့အတွက် သူ့ဖခင်ကျောင်းဆရာကြီးကိုတောင် ထောက်ပံ့နိုင်တဲ့အခြေအနေ ဖြစ်လာပါတယ်။ သူ့အတွက်လည်း အပိုငွေရ သူငယ်ချင်းတွေလည်း အဆင့်ကောင်းကောင်းရဆိုတော့ ဒီအခြေအနေဟာ နှစ်ဖက်စလုံးကို အဆင်ပြေစေတဲ့ Win – Win Situation ပါပဲ။

ဘန့် (Bank) နဲ့ လင်း (Lynn)

ဘန့် (Bank) နဲ့ လင်း (Lynn)

သူတို့နေတဲ့ ပုဂ္ဂလိကကျောင်းမှာ လင်းလိုပဲ စာတော်တဲ့ ကျောင်းသားတစ်ယောက် ရှိပါသေးတယ်။ သူ့ရဲ့နာမည်က ဘန့် (Bank) ပါ။ ဘန့်ကတော့ အခြေခံလူတန်းစားမှ ပေါက်ဖွားလာတာဖြစ်ပြီး ပညာသင်စရိတ်မြင့်မားတဲ့ ပုဂ္ဂလိကျောင်းကို တက်ဖို့ သူ့မိခင်ကြီးဟာ ပင်မင်းလျှော်ရတာဖြစ်ပါတယ်။ ပညာကိုလည်း ကြိုးစားရင်း ကျောင်းပြန်လာရင် မိခင်ကြီးကို ကူညီပြီး အဝတ်လျှောက်ရတဲ့ လူလိမ္မာဘန့်ဟာ ရိုးသားကြိုးစားလွန်းသူပါ။ ဒီအချိန်မှာ ကျောင်းအုပ်ကြီးက အတော်ဆုံးကျောင်းသားတစ်ယောက်ကိုပဲ စင်္ကာပူနိုင်ငံပညာသင်ဆုပေးအပ်မယ်ဆိုလို့ ဆိုလာပါတယ်။ နောက်တစ်ကြိမ်စာမေးပွဲမှာ ပတ်နဲ့သူငယ်ချင်းတွေ မသမာလုပ်နေတာကို ဘန့်က သတိထားမိပြီး ကျောင်းအုပ်ကြီးကို တိုင်လိုက်ရာကနေ ပေါ်သွားပါတယ်။ လင်းအတွက် စင်္ကာပူစကောလားရှစ် ပယ်ချလိုက်ပြီး ပညာသင်နှစ်ပြီးရင် ပညာသင်ဆုအတွက် ဘန့်ကပဲ ပြိုင်ဘက်မရှိအောင်မြင်တော့မှာပါ။

ဉာဏ်ကြီးရှင် လင်း (Lynn)

ဉာဏ်ကြီးရှင် လင်း (Lynn)

ဇာတ်လမ်းကို အပြောင်းအလဲဖြစ်သွားတာက ပတ်ရဲ့မိဘတွေပါပဲ။ Report Card တွေမှာ အဆင့်တက်လာတဲ့ ပတ်ကို ပီတီဖြစ်နေပြီး အမေရိကန်နိုင်ငံမှ ဘော့စတွန်တက္ကသိုလ် (Boston University) ကို ပြောင်းပေးဖို့အထိ ရည်ရွယ်လာပါတယ်။ ပတ်နဲ့အတူ ရည်းစား ဂရေ့ကိုပါ ကျောင်းတက်စေဖို့ပါ။ ဒီအချိန်မှာ စိန်နားကပ်အရောင်နဲ့ ပါးပြောင်နေတဲ့ ပတ်တို့စုံတွဲဟာ ခွေးခြေမီးလောင်ဖြစ်တော့တာပဲ။ နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (STIC) ကို ဘယ်လိုဉာဏ်နီဉာဏ်နက် သုံးပြီး ဖြေဆိုမလဲ။ ဒီကိစ္စမှာ ဘယ်သူတွေ ပါဝင်လာမလဲ။ လင်းတစ်ယောက်တည်းကော ဒီကိစ္စကို လုပ်ဆောင်နိုင်မလားဆိုတာ ဆက်မရေးတော့ပါဘူး။ မကြည့်ရသေးတဲ့သူတွေအတွက် အရသာပျက်သွားမှာစိုးလို့ ဒီမှာပဲ ရပ်ထားလိုက်ပါမယ်။

Bad Genius (2017)

Bad Genius (2017)

ဒီဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ နတ္တဝတ် ပွန်ပီရီယာဆိုတာ Countdown (2012) နဲ့ The Library (2013) ဇာတ်ကားတွေနဲ့ နာမည်ကျော်လာတဲ့ ဒါရိုက်တာပါ။ ပြီးတော့ လင်းအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး ချွတ်တီမွန် ချွန်ချာရွန်စူကျိုင်းဆိုတာ (၂၁) နှစ်သာ ရှိပါသေးတယ်။ ပွဲဦးထွက်သာ ဖြစ်ပေမယ့် တကယ့်ဝါရင့်သရုပ်ဆောင်လိုမျိုး လုပ်သွားတာက အထင်ကြီးစရာပါ။ ပြီးတော့လည်း ဘန့်အဖြစ် သရုပ်ဆောင်ထားတဲ့ ချန်နွန် စန်တင်နာတွန်ကူးနဲ့ ဂရေ့အဖြစ် ပါဝင်ထားတဲ့ အီစာရာ ဟိုစူဝမ်တို့ဟာ (၂၁) နှစ်သာရှိသေးတဲ့ မျက်နှာသစ်သရုပ်ဆောင်တွေပါ။ ပတ်အဖြစ် သရုပ်ဆောင်ထားတဲ့ တီရာဒွန် စူပါပွန်ပင်ညိုဟာဆိုရင် (၂ဝ)နှစ်ပဲ ရှိပါသေးတယ်။

STIC စာမေးပွဲအတွက် ဆွေးနွေးပွဲ

STIC စာမေးပွဲအတွက် ဆွေးနွေးပွဲ

ဒီဇာတ်ကားဟာ သားသမီးကို အတော်ဆုံးဖြစ်စေချင်တဲ့ မိဘတွေရဲ့ဆန္ဒတွေက သားသမီးတွေကို ဖိအားဖြစ်စေပြီး ထွက်ပေါက်ရှာရင်းကနေ လမ်းကြောင်းလွဲသွားပုံကို ပညာပေးထားတာပါ။ ပြီးတော့ ဉာဏ်ဘယ်လောက်ပဲကောင်းပါစေ မကောင်းတဲ့ဘက်မှာ တော်နေရင် မဟုတ်သေးပါဘူး၊ လူငယ်တွေအတွက် ခြေလှမ်းတစ်လှမ်းမှားတာနဲ့ ဘဝပျက်သွားတတ်တဲ့အကြောင်းတွေကို ရိုက်ကူးပြထားတာပါ။ ဒီဇာတ်ကားကို ကြည့်ရင်းက ကိုယ့်စိတ်ထဲမှာ ခံစားရတဲ့အကြောင်းတွေကိုလည်း ရင်ဖွင့်ကြပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။