[Zawgyi]

ညတိုင္းေစာင့္ၾကည့္ေနရတဲ့ ကိုရီးယားဇာတ္ကားေကာင္း တစ္ခု Backflow

Channel 7 မွာ ည ၇ နာ၇ီတိုင္းလာေနက်ျဖစ္တဲ့ ခ်စ္ႀကိဳးေလးသြယ္ ဆုိတဲ့ ကိုရီးယားဇာတ္ကား Backflow Drama Series ကိုၾကည့္ဖူးတဲ့ သူေတြအေနနဲ႔ ဒီဇာတ္ကားလာမယ့္ အခ်ိန္ကိုပဲေစာင့္ေမွ်ာ္ေနၾကပါတယ္။ ဒီဇာတ္ကား ဟာစစလာခ်င္းကထက္ အခုဆိုရင္ ဇာတ္ရွိန္ကတေျဖးေျဖး ျမင့္လို႔လာၿပီး ပိုၾကည့္လို႔ေကာင္းလာပါတယ္။ -ဒီဇာတ္ကားထဲမွာ Shin Da-Eun ၊ Seo Do-Young ၊ Lee Jae –Hwang နဲ႔ Kim Hae – In တို႔ ကအဓိက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

သူတို႔ရဲ ႔သရုပ္ေဆာင္မႈေတြပီျပင္တဲ့ အတြက္လည္း ဇာတ္လမ္းက ပိုေကာင္းလာတာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာပါဝင္တဲ့ မင္းသမီး Shin Da- Eun ဟာ  မင္းသား Lee Jae- Hwang နဲ႔ Seo Do-Young တို႔နွစ္ေယာက္စလံုးနဲ႔ ခ်စ္ႀကိဳက္တဲ့ေနရာကေနသရုပ္ေဆာင္ရတဲ့ မင္းသမီးျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ သူ႔အေနနဲ႔ ဟန္ေဆာင္ေကာင္းၿပီး စိတ္ပင္ပန္းမႈေတြရွိတဲ့ ဇာတ္ရုပ္ေနရာကေနပီျပင္စြာ သရုပ္ေဆာင္နိုင္တာကိုလည္း ေတြ႔ရပါတယ္။ သူမ ဒီလိုမ်ိဳး နွစ္ဦး စလံုးရဲ ႔ခ်စ္သူျဖစ္သြားရတာကလည္း တစ္ေယာက္ကိုေတာ့သူမစိတ္ရင္းနဲ႔ ခ်စ္ေပမယ့္လို႔ ေနာက္တစ္ေယာက္ျဖစ္တဲ့ Lee Jae-Hwang ကိုေတာ့ သူ႔အေဖေသရတာနဲ႔ပတ္သက္လို႔ သိခ်င္တဲ့ အတြက္မင္းသားနွစ္ေယာက္ရဲ ႔မိသားစုထဲ ကို ဝင္လာရင္းကေနဟန္ေဆာင္ၿပီးခ်စ္ခဲ့ရတာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မင္းသား Lee Jae- Hwang ကေတာ့ မသိရွာဘဲ သူမကိုတကယ္ခ်စ္မိသြားတဲ့ အခါဘာေတြဆက္ျဖစ္မလဲဆိုတာကလည္း စိတ္ဝင္စားစရာပါ။

မင္းသမီးနဲ႔ ပထမစ  ႀကိဳက္ခဲ့တဲ့ မင္းသားျဖစ္သူ Seo Do-Young က အရင္က မ်က္စိကြယ္ေနသူတစ္ေယာက္ျဖစ္ေပမယ့္လည္း သူမနဲ႔ျပန္ဆံုတဲ့ အခ်ိန္မွာေတာ့ မ်က္စိကိုခြဲစိတ္ကုသၿပီးလို႔ ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္တဲ့ အတြက္ အစ္ကိုရဲ ႔မိန္းကေလးအျဖစ္စစေတြ႔ခ်င္းမွာ မမွတ္မိေပမယ့္လည္း တစ္အိမ္ထဲမွာ အခ်ိန္ေတြၾကာလာတာနဲ႔ အမွ်သူခ်စ္ခဲ့ဖူးသူမွန္းတေျဖးေျဖးသိိလို႔လာခဲ့တာျဖစ္ပါတယ္။

အခ်စ္ ၊ အမုန္း ၊ ေလာဘ ၊ မာန ေတြနဲ႔ စိတ္ထားမွန္သူေတြ ၊ စိတ္ထားယုတ္သူေတြ အေၾကာင္း ကို တစ္ေနရာတည္းမွာ ရရွိခံစားနိုင္တဲ့မိသားစုကို အေျခခံ ကိုရီးယားဇာတ္လမ္းတြဲ ပဲျဖစ္ပါတယ္။ ကိုရီးယားနိုင္ငံမွာေတာ့ ၂၀၁၇ ခုနွစ္ နိုဝင္ဘာလ ၁၃ ရက္ေန႔ ကေန ၂၀၁၈ ခုနွစ္ ဧၿပီလ ၂၇ ရက္ေန႔အထိျပသခဲ့တဲ့ ရုပ္သံဇာတ္လမ္းတြဲလည္း ျဖစ္ပါတယ္။ အပိုင္း ၁၁၉ အထိရွိတဲ့ ကိုရီးယားဇာတ္လမ္းတြဲျဖစ္ၿပီး MBC ရုပ္သံ ကေနျပသခဲ့တာျဖစ္ပါတယ္။

ဇာတ္ကားထဲမွာပါဝင္တဲ့ မင္းသားနွစ္ေယာက္နဲ႔ မင္းသမီးအေၾကာင္း ကိုလည္း အနည္းငယ္ေဖာ္ျပေပးလိုက္ပါတယ္။

Lee Jae- Hwang

မင္းသား Lee Jae-Hwang ကိုေတာ့ ၁၉၇၆ ခုနွစ္ ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာေမြးခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ ႔အရပ္ကေတာ့ ၁၈၀ စင္တီမီတာ ရွိၿပီး ေသြးအမ်ိဳးအစားကေတာ့ O ေသြးျဖစ္ပါတယ္။ သူပါဝင္သရုပ္ေဆာင္ဖူးတဲ့ ဇာတ္ကားေတြကေတာ့ Eve’s Love (2015) ၊ Hold My Hand (2013-2014) နဲ႔ You’re My Favorite (2012-2013) အစရွိတဲ့ ဇာတ္ကားေတြျဖစ္ပါတယ္။

Shin Da-Eun

Shin Da- Eun ကုိေတာ့ ၁၉၈၅ ခုနွစ္ ဇန္နဝါရီလ ၇ ရက္ေန႔မွာေမြးခဲ့တာျဖစ္ပါတယ္။ Shin Da-Eun ဟာ ၂၀၁၆ ခုနွစ္မွာ ဒီဇိုင္နာ Im Sung-bin နဲ႔လက္ထပ္ခဲ့တာျဖစ္ပါတယ္။ သူမပါဝင္ဖူးတဲ့ ဇာတ္ကားေတြကေတာ့ The Sons(2012) ၊ Give Love Away (2013) နဲ႔ The Return of Hwang Geumbok(2015) စတာေတြျဖစ္ပါတယ္။

 Seo Do-Young

Seo Do-Young ကိုေတာ့ ၁၉၈၁ ခုနွစ္ ဧၿပီလ ၁၄  ရက္ေန႔မွာေမြးခဲ့တဲ့အတြက္ အခုဆိုရင္ အသက္က ၃၇ နွစ္ရွိေနပါၿပီ။ မင္းသား Soe Do-Young ဟာ Backflow(2107-2018)မွာ မ်က္စိကြယ္ေနရာကေန ခြဲစိတ္လိုက္လို႔ျပန္လည္ေကာင္းမြန္လာတဲ့ သူေနရာကေနသရုပ္ေဆာင္ထားတာျဖစ္ၿပီး သူခ်စ္ရတဲ့ သူဟာ အစ္ကိုလက္ထပ္မယ့္မိန္းကေလး လို႔သိထားရတဲ့အတြက္ စိတ္မတင္မက်နဲ႔ခ်စ္သူကို ခ်စ္ေနပါလ်က္လက္လြတ္ဆံုးရံႈးရမွာကို မလိုလားတဲ့ေနရာကေနပီျပင္စြာ သရုပ္ေဆာင္ထားသူတစ္ဦးလည္း ျဖစ္ပါတယ္။ သူပါဝင္ဖူးတဲ့ ဇာတ္ကားေတြကေတာ့ Miss Mamma Mia(2015) ၊ Enchanting Neighbor (2015) ၊ Flower of Revenge(2013) စတာေတြျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: AsianWiki

www.akhayar.com
[Unicode]

ညတိုင်းစောင့်ကြည့်နေရတဲ့ ကိုရီးယားဇာတ်ကားကောင်း တစ်ခု Backflow

Channel 7 မှာ ည ၇ နာရီတိုင်းလာနေကျဖြစ်တဲ့ ချစ်ကြိုးလေးသွယ် ဆိုတဲ့ ကိုရီးယားဇာတ်ကား Backflow Drama Series ကိုကြည့်ဖူးတဲ့ သူတွေအနေနဲ့ ဒီဇာတ်ကားလာမယ့် အချိန်ကိုပဲစောင့်မျှော်နေကြပါတယ်။ဒီဇာတ်ကား ဟာစစလာချင်းကထက် အခုဆိုရင် ဇာတ်ရှိန်ကတဖြေးဖြေး မြင့်လို့လာပြီး ပိုကြည့်လို့ကောင်းလာပါတယ်။ -ဒီဇာတ်ကားထဲမှာ Shin Da-Eun ၊ Seo Do-Young ၊ Lee Jae –Hwang နဲ့ Kim Hae – In တို့ ကအဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

သူတို့ရဲ့သရုပ်ဆောင်မှုတွေပီပြင်တဲ့ အတွက်လည်း ဇာတ်လမ်းက ပိုကောင်းလာတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ မင်းသမီး Shin Da- Eun ဟာ မင်းသား Lee Jae- Hwang နဲ့ Seo Do-Young တို့နှစ်ယောက်စလုံးနဲ့ ချစ်ကြိုက်တဲ့နေရာကနေသရုပ်ဆောင်ရတဲ့ မင်းသမီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူ့အနေနဲ့ ဟန်ဆောင်ကောင်းပြီး စိတ်ပင်ပန်းမှုတွေရှိတဲ့ ဇာတ်ရုပ်နေရာကနေပီပြင်စွာ သရုပ်ဆောင်နိုင်တာကိုလည်း တွေ့ရပါတယ်။ သူမ ဒီလိုမျိုး နှစ်ဦး စလုံးရဲ့ချစ်သူဖြစ်သွားရတာကလည်း တစ်ယောက်ကိုတော့သူမစိတ်ရင်းနဲ့ ချစ်ပေမယ့်လို့ နောက်တစ်ယောက်ဖြစ်တဲ့ Lee Jae-Hwang ကိုတော့ သူ့အဖေသေရတာနဲ့ပတ်သက်လို့ သိချင်တဲ့ အတွက်မင်းသားနှစ်ယောက်ရဲ့မိသားစုထဲ ကို ဝင်လာရင်းကနေဟန်ဆောင်ပြီးချစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မင်းသား Lee Jae- Hwang ကတော့ မသိရှာဘဲ သူမကိုတကယ်ချစ်မိသွားတဲ့ အခါဘာတွေဆက်ဖြစ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။

မင်းသမီးနဲ့ ပထမစ ကြိုက်ခဲ့တဲ့ မင်းသားဖြစ်သူ Seo Do-Young က အရင်က မျက်စိကွယ်နေသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူမနဲ့ပြန်ဆုံတဲ့ အချိန်မှာတော့ မျက်စိကိုခွဲစိတ်ကုသပြီးလို့ ပြန်လည်ကောင်းမွန်နေပြီဖြစ်တဲ့ အတွက် အစ်ကိုရဲ့မိန်းကလေးအဖြစ်စစတွေ့ချင်းမှာ မမှတ်မိပေမယ့်လည်း တစ်အိမ်ထဲမှာ အချိန်တွေကြာလာတာနဲ့ အမျှသူချစ်ခဲ့ဖူးသူမှန်းတဖြေးဖြေးသိလို့လာခဲ့တာဖြစ်ပါတယ်။

အချစ် ၊ အမုန်း ၊ လောဘ ၊ မာန တွေနဲ့ စိတ်ထားမှန်သူတွေ ၊ စိတ်ထားယုတ်သူတွေ အကြောင်း ကို တစ်နေရာတည်းမှာ ရရှိခံစားနိုင်တဲ့မိသားစုကို အခြေခံ ကိုရီးယားဇာတ်လမ်းတွဲ ပဲဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ကနေ ၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့အထိပြသခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ အပိုင်း ၁၁၉ အထိရှိတဲ့ ကိုရီးယားဇာတ်လမ်းတွဲဖြစ်ပြီး MBC ရုပ်သံ ကနေပြသခဲ့တာဖြစ်ပါတယ်။

ဇာတ်ကားထဲမှာပါဝင်တဲ့ မင်းသားနှစ်ယောက်နဲ့ မင်းသမီးအကြောင်း ကိုလည်း အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။

Lee Jae- Hwang

မင်းသား Lee Jae-Hwang ကိုတော့ ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အရပ်ကတော့ ၁၈၀ စင်တီမီတာ ရှိပြီး သွေးအမျိုးအစားကတော့ O သွေးဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ဖူးတဲ့ ဇာတ်ကားတွေကတော့ Eve’s Love (2015) ၊ Hold My Hand (2013-2014) နဲ့ You’re My Favorite (2012-2013) အစရှိတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။

Shin Da-Eun

Shin Da- Eun ကိုတော့ ၁၉၈၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။ Shin Da-Eun ဟာ ၂၀၁၆ ခုနှစ်မှာ ဒီဇိုင်နာ Im Sung-bin နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူမပါဝင်ဖူးတဲ့ ဇာတ်ကားတွေကတော့ The Sons(2012) ၊ Give Love Away (2013) နဲ့ The Return of Hwang Geumbok(2015) စတာတွေဖြစ်ပါတယ်။

Seo Do-Young

Seo Do-Young ကိုတော့ ၁၉၈၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာမွေးခဲ့တဲ့အတွက် အခုဆိုရင် အသက်က ၃၇ နှစ်ရှိနေပါပြီ။ မင်းသား Soe Do-Young ဟာ Backflow(2107-2018)မှာ မျက်စိကွယ်နေရာကနေ ခွဲစိတ်လိုက်လို့ပြန်လည်ကောင်းမွန်လာတဲ့ သူနေရာကနေသရုပ်ဆောင်ထားတာဖြစ်ပြီး သူချစ်ရတဲ့ သူဟာ အစ်ကိုလက်ထပ်မယ့်မိန်းကလေး လို့သိထားရတဲ့အတွက် စိတ်မတင်မကျနဲ့ချစ်သူကို ချစ်နေပါလျက်လက်လွတ်ဆုံးရှုံးရမှာကို မလိုလားတဲ့နေရာကနေပီပြင်စွာ သရုပ်ဆောင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူပါဝင်ဖူးတဲ့ ဇာတ်ကားတွေကတော့ Miss Mamma Mia(2015) ၊ Enchanting Neighbor (2015) ၊ Flower of Revenge(2013) စတာတွေဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: AsianWiki

www.akhayar.com