[Zawgyi]

ေဘဘီေလးေတြအတြက္ က်န္းမာႀကံ႕ခိုင္ေစမယ့္ ေယာဂက်င့္စဥ္မ်ား

က်န္းမာႀကံ႕ခိုင္တဲ့ဘဝကို ပိုင္ဆိုင္ႏိုင္ဖု႔ိအတြက္ ေယာဂက်င့္ျခင္းကလည္း တစ္ဖက္တစ္လမ္းက အေထာက္အကူျဖစ္ေစပါတယ္။ ေယာဂက်င့္ျခင္းက စိတ္ဖိစီးမႈကို ေလ်ာ့ပါးေစတဲ့အျပင္ ခႏၶာကိုယ္တြင္း ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ခြန္အားျပည့္ဝေစတဲ့အတြက္ က်န္းမာေပ့ါပါးသြက္လက္ေစပါတယ္။ ဒါ့ေၾကာင့္ ေယာဂကို အသက္အရြယ္မေရြး ျပဳလုပ္သင့္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ေယာဂက်င့္တဲ့အခါမွာ အသက္အပိုင္းအျခားအလုိက္ ျပဳလုပ္ေပးရမယ့္ ပို႔စ္ေတြ အမ်ိဳးမ်ိဳးခြဲျခားထားပါတယ္။ အထူးသျဖင့္ အသက္ ၁၀ ႏွစ္ေအာက္ ကေလးငယ္ေတြအတြက္ အခု ေဖာ္ျပေပးမယ့္ ေယာဂက်င့္စဥ္ေတြဟာဆိုရင္ ျပဳလုပ္ရလြယ္ကူၿပီးေတာ့ ခႏၶာကိုယ္တြင္း အေၾကာမ်ားကို ေကြးဆန္႔ျပဳလုပ္ရတဲ့အတြက္ အရပ္ရွည္ေစၿပီး လ်င္ျမန္စြာႀကီးထြားဖြံ႔ၿဖိဳးဖို႔အတြက္ မ်ားစြာ အေထာက္အကူျပဳပါတယ္။ ဒါ့ေၾကာင့္ မိမိရဲ႕ကေလးငယ္မ်ားကို အခုေဖာ္ျပေပးမယ့္ ေယာဂက်င့္စဥ္အတုိင္း လြယ္လြယ္ကူကူ သင္ၾကားျပသေပးႏုိင္ဖုိ႔အတြက္ ပံုႏွင့္တကြ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) Hero Pose

အခုမွေယာဂစက်င့္မယ့္ ကေလးငယ္ေတြအတြက္ လြယ္ကူတဲ့ ေယာဂပို႔စ္တစ္ခုပါ။ Hero Pose လို႔ေခၚၿပီး ပံုမွာျပထားတဲ့အတိုင္း ဒူးကိုေခါက္ၿပီး ထိုင္လိုက္ရံုပါပဲ။ ဒီေယာဂက်င့္ဖို႔အတြက္ ဝမ္းဗိုက္ထဲအစာရွိေနရင္လည္း ကိစၥမရွိပါဘူး။ ဒါေပမယ့္ မနက္အိပ္ရာထခ်ိန္မွာ ျပဳလုပ္တာက ပိုၿပီး ထိေရာက္မႈ ရွိေစမွာပါ။ ဒီ Position အတိုင္း စကၠန္႔ ၃၀၊ တစ္မိနစ္ခန္႔ေလာက္ ၿငိမ္သက္စြာ ျပဳလုပ္ေပးႏုိင္ပါတယ္။ ကေလးငယ္ေတြအတြက္ ကိုယ္ေနဟန္ထားပံုမွန္အတိုင္းျဖစ္ေစတဲ့ ေယာဂက်င့္စဥ္ပါ။

Hero Pose

(၂) Cow Face Pose

ဒုတိယအဆင့္အေနနဲ႔ Cow Face Pose ကို စတင္သင္ၾကားေပးလို႔ ရပါၿပီ။ အထူးသတိျပဳရမွာကေတာ့ ဝမ္းဗိုက္ထဲ အစာမရွိတဲ့အခ်ိန္ ျပဳလုပ္ဖို႔ပါပဲ။ ပံုမွာျပထားတဲ့အတိုင္း ေျခေထာက္ကို ၾကက္ေျခခတ္သ႑ာန္ ေကြးညြတ္လိုက္ၿပီး လက္အစံုကို ေနာက္ပစ္ၿပီး ထိထားဖို႔ပါတယ္။ ဒီေယာဂက်င့္စဥ္ကို ေန႔စဥ္ေန႔တုိင္း ၁ မိနစ္ခန္႔ျပဳလုပ္ေပးမယ္ဆိုရင္ ေက်ာက္ကပ္က်န္းမာေရးကို အေထာက္အကူျပဳတဲ့အျပင္ ပခံုးနဲ႔ လက္ေမာင္းအေၾကာမ်ားကို ဆြဲဆန္႔ေပးလိုက္တာေၾကာင့္ လက္ျပင္ကုန္းတာမ်ိဳး မျဖစ္ေတာ့ပါဘူး။

Cow Face Pose

(၃) Happy Baby Pose

ကေလးငယ္ေတြ ေဆာ့ကစားရင္း ျပဳလုပ္တဲ့အမူအရာလို႔ ေျပာလို႔ရပါတယ္။ Happy Baby Pose လို႔ေခၚတဲ့ ဒီေယာဂက်င့္စဥ္ကို ျပဳလုပ္တဲ့အခါ မနက္ေစာေစာနဲ႔ ညအိပ္ရာဝင္ခါးနီး ျပဳလုပ္ေပးတာ အေကာင္းဆံုးပါပဲ။ ကေလးငယ္မ်ား စိတ္ရႈပ္ေထြးမႈ၊ စိတ္အလိုမက်မႈမ်ားကို ေလ်ာ့ပါးသက္သာေစၿပီး ခါးနာျခင္း၊ ေက်ာနာျခင္းတို႔အတြက္ သက္သာေစပါတယ္။ ပံုမွာျပထားတဲ့အတိုင္း စကၠန္႔ ၃၀ ေလာက္ ျပဳလုပ္ခုိင္းပါ။

Happy Baby Pose

(၄) Cobra Pose

ခႏၶာကိုယ္တြင္း လိုအပ္တဲ့ေအာက္ဆီဂ်င္ အလံုအေလာက္ရရွိျခင္းက က်န္းမာႀကံ႕ခုိင္တဲ့ဘဝကို ပိုင္ဆိုင္ႏိုင္မွာပါ။ Cobra Pose ေယာဂက်င့္စဥ္က ခႏၶာကိုယ္တြင္း လိုအပ္တဲ့ ေအာက္ဆီဂ်င္ကို အလံုအေလာက္ရရွိေစပါတယ္။ ဒါ့အျပင္ အေၾကာမ်ားကို ေျပေလ်ာ့ေစတဲ့အတြက္ အရပ္ထြက္လာဖို႔ အေထာက္အကူျပဳပါတယ္။ ၁၅စကၠန္႔၊ စကၠန္႔ ၃၀ေလာက္ ျပဳလုပ္ေပးရံုနဲ႔ လံုေလာက္ပါၿပီ။

Cobra Pose

(၅) Cat Pose

ကေလးငယ္ေတြအတြက္ေတာ့ ေပါ့ေပါ့ပါးပါးနဲ႔ ျပဳလုပ္ရလြယ္ကူတဲ့ ေယာဂက်င့္စဥ္က အသင့္ေတာ္ဆံုးပါပဲ။ ေၾကာင္ေပါင္ပံုစံလို ေလးဖက္ေထာက္ၿပီး လုပ္ရတဲ့အတြက္ Cat Pose လို႔ ေခၚပါတယ္။ ပံုမွာျပထားတဲ့အတုိင္း ၁၀ စကၠန္႔ေလာက္ ျပဳလုပ္ေပးရပါမယ္။ ဒီေယာဂက်င့္စဥ္က ကေလးငယ္ေတြရဲ႕ အစာေခ်ဖ်က္စနစ္ကို ေကာင္းမြန္ေစၿပီး ခႏၶာကိုယ္တြင္း ေသြးလည္ပတ္မႈ ေကာင္းမြန္ေစတဲ့အတြက္ လန္းဆန္းတက္ၾကြလာေစပါတယ္။

Cat Pose

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဘေဘီလေးတွေအတွက် ကျန်းမာကြံ့ခိုင်စေမယ့် ယောဂကျင့်စဉ်များ

ကျန်းမာကြံ့ခိုင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖု့ိအတွက် ယောဂကျင့်ခြင်းကလည်း တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေပါတယ်။ ယောဂကျင့်ခြင်းက စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့အပြင် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခွန်အားပြည့်ဝစေတဲ့အတွက် ကျန်းမာပေ့ါပါးသွက်လက်စေပါတယ်။ ဒါ့ကြောင့် ယောဂကို အသက်အရွယ်မရွေး ပြုလုပ်သင့်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ယောဂကျင့်တဲ့အခါမှာ အသက်အပိုင်းအခြားအလိုက် ပြုလုပ်ပေးရမယ့် ပို့စ်တွေ အမျိုးမျိုးခွဲခြားထားပါတယ်။ အထူးသဖြင့် အသက် ၁၀ နှစ်အောက် ကလေးငယ်တွေအတွက် အခု ဖော်ပြပေးမယ့် ယောဂကျင့်စဉ်တွေဟာဆိုရင် ပြုလုပ်ရလွယ်ကူပြီးတော့ ခန္ဓာကိုယ်တွင်း အကြောများကို ကွေးဆန့်ပြုလုပ်ရတဲ့အတွက် အရပ်ရှည်စေပြီး လျင်မြန်စွာကြီးထွားဖွံ့ဖြိုးဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် မိမိရဲ့ကလေးငယ်များကို အခုဖော်ပြပေးမယ့် ယောဂကျင့်စဉ်အတိုင်း လွယ်လွယ်ကူကူ သင်ကြားပြသပေးနိုင်ဖို့အတွက် ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

(၁) Hero Pose

အခုမှယောဂစကျင့်မယ့် ကလေးငယ်တွေအတွက် လွယ်ကူတဲ့ ယောဂပို့စ်တစ်ခုပါ။ Hero Pose လို့ခေါ်ပြီး ပုံမှာပြထားတဲ့အတိုင်း ဒူးကိုခေါက်ပြီး ထိုင်လိုက်ရုံပါပဲ။ ဒီယောဂကျင့်ဖို့အတွက် ဝမ်းဗိုက်ထဲအစာရှိနေရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် မနက်အိပ်ရာထချိန်မှာ ပြုလုပ်တာက ပိုပြီး ထိရောက်မှု ရှိစေမှာပါ။ ဒီ Position အတိုင်း စက္ကန့် ၃၀၊ တစ်မိနစ်ခန့်လောက် ငြိမ်သက်စွာ ပြုလုပ်ပေးနိုင်ပါတယ်။ ကလေးငယ်တွေအတွက် ကိုယ်နေဟန်ထားပုံမှန်အတိုင်းဖြစ်စေတဲ့ ယောဂကျင့်စဉ်ပါ။

Hero Pose

(၂) Cow Face Pose

ဒုတိယအဆင့်အနေနဲ့ Cow Face Pose ကို စတင်သင်ကြားပေးလို့ ရပါပြီ။ အထူးသတိပြုရမှာကတော့ ဝမ်းဗိုက်ထဲ အစာမရှိတဲ့အချိန် ပြုလုပ်ဖို့ပါပဲ။ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို ကြက်ခြေခတ်သဏ္ဍာန် ကွေးညွတ်လိုက်ပြီး လက်အစုံကို နောက်ပစ်ပြီး ထိထားဖို့ပါတယ်။ ဒီယောဂကျင့်စဉ်ကို နေ့စဉ်နေ့တိုင်း ၁ မိနစ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ပခုံးနဲ့ လက်မောင်းအကြောများကို ဆွဲဆန့်ပေးလိုက်တာကြောင့် လက်ပြင်ကုန်းတာမျိုး မဖြစ်တော့ပါဘူး။

Cow Face Pose

(၃) Happy Baby Pose

ကလေးငယ်တွေ ဆော့ကစားရင်း ပြုလုပ်တဲ့အမူအရာလို့ ပြောလို့ရပါတယ်။ Happy Baby Pose လို့ခေါ်တဲ့ ဒီယောဂကျင့်စဉ်ကို ပြုလုပ်တဲ့အခါ မနက်စောစောနဲ့ ညအိပ်ရာဝင်ခါးနီး ပြုလုပ်ပေးတာ အကောင်းဆုံးပါပဲ။ ကလေးငယ်များ စိတ်ရှုပ်ထွေးမှု၊ စိတ်အလိုမကျမှုများကို လျော့ပါးသက်သာစေပြီး ခါးနာခြင်း၊ ကျောနာခြင်းတို့အတွက် သက်သာစေပါတယ်။ ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ လောက် ပြုလုပ်ခိုင်းပါ။

Happy Baby Pose

(၄) Cobra Pose

ခန္ဓာကိုယ်တွင်း လိုအပ်တဲ့အောက်ဆီဂျင် အလုံအလောက်ရရှိခြင်းက ကျန်းမာကြံ့ခိုင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ Cobra Pose ယောဂကျင့်စဉ်က ခန္ဓာကိုယ်တွင်း လိုအပ်တဲ့ အောက်ဆီဂျင်ကို အလုံအလောက်ရရှိစေပါတယ်။ ဒါ့အပြင် အကြောများကို ပြေလျော့စေတဲ့အတွက် အရပ်ထွက်လာဖို့ အထောက်အကူပြုပါတယ်။ ၁၅စက္ကန့်၊ စက္ကန့် ၃၀လောက် ပြုလုပ်ပေးရုံနဲ့ လုံလောက်ပါပြီ။

Cobra Pose

(၅) Cat Pose

ကလေးငယ်တွေအတွက်တော့ ပေါ့ပေါ့ပါးပါးနဲ့ ပြုလုပ်ရလွယ်ကူတဲ့ ယောဂကျင့်စဉ်က အသင့်တော်ဆုံးပါပဲ။ ကြောင်ပေါင်ပုံစံလို လေးဖက်ထောက်ပြီး လုပ်ရတဲ့အတွက် Cat Pose လို့ ခေါ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ၁၀ စက္ကန့်လောက် ပြုလုပ်ပေးရပါမယ်။ ဒီယောဂကျင့်စဉ်က ကလေးငယ်တွေရဲ့ အစာချေဖျက်စနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့အတွက် လန်းဆန်းတက်ကြွလာစေပါတယ်။

Cat Pose

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။