[Zawgyi]

ဆံပင္ေၾကာင့္ လူမႈကြန္ရက္မွာ နာမည္ၾကီးေနတဲ့ (၆)လသားကေလးငယ္

လူၾကီးေတြထက္ေတာင္ ဆံပင္ေကာင္းေနလုိ႕ လူမႈကြန္ရက္သုံးစြဲသူေတြၾကားမွာ နာမည္ၾကီးေနတဲ့ ကေလးတစ္ေယာက္ပါ။ လူတခ်ိဳ႕က ဆံပင္မသန္လုိ႕ ၊    ဆံပင္ပါးလုိ႕ ၊ဆံပင္ကၽြတ္လုိ႕ ဆုိၿပီး ဆံပင္အတြက္ ဗီတာမင္ ပါတဲ့ အားျဖည့္ပစၥည္းေတြကုိ ေစ်းၾကီးေပးျပီး ၀ယ္သုံးေနခ်ိန္မွာ တစ္ခ်ိဳ႕က်ေတာ့လည္း  ေမြးရာပါဆံပင္ေကာင္းသူေတြမုိ႕ အတိတ္ဘ၀က ဆုေတာင္းေကာင္းခဲ့တယ္လုိ႕ ဆုိရမွာပါ ။

ဆံေကသာနဲ႕ပတ္သက္ျပီးဆုုေတာင္းေကာင္းၾကသူေတြထဲမွာ အသက္(၆)လသားအရြယ္သာရွိေသးတဲ့ Baby Chanco ဆုိတဲ့ ကေလးမေလးလည္း ပါ၀င္ေနတာကုိေတြ႕ရပါတယ္။ ေမြးရာပါ ဆံပင္အုံထူလြန္းတဲ့ ခ်န္ကုိ ေလးဟာ Instagramနဲ႕ Facebook စာမ်က္ႏွာေတြမွာ မိခင္ျဖစ္သူက ဓာတ္ပုံေလးေတြရုိက္ျပီး တင္ေပးရာကေန ဆယ္လီျဖစ္လာသူေလးဆုိလည္းမမွားပါဘူး။


နက္ေမွာင္ၿပီး ခ်စ္စရာေကာင္းတဲ့ သူမရဲ႕ ဆံပင္ပုံစံ ကုိ ျမင္ဖူးကာစမွာေတာ့ ကေလးက ဒီအသက္အရြယ္ေလးနဲ႕ ဒီေလာက္ဆံပင္ရွိႏုိင္ပါ့မလားဆုိျပီး လူမႈကြန္ရက္သုံးစြဲသူေတြက ေ၀ခြဲမရျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ခ်န္ကုိေလးရဲ႕ ေမေမက ခ်န္ကုိေလး ႏွစ္လသားအရြယ္ကေန စျပီး ခ်စ္စဖြယ္ပုံေလးေတြကုိ Instagram မွာ မွ်ေ၀ခဲ့ခ်ိန္ကစၿပီး လက္ရွိအခ်ိန္ထိ Follower အေရအတြက္ (၃၉၀၀၀၀) ေက်ာ္ ရွိလာျပီလုိ႕ သိရပါတယ္။


ကေလးရဲ႕ ဆံပင္ေတြဟာ ဆံပင္အစစ္လား ၊အတုလား မသဲကြဲေလာက္ေအာင္ နက္ေမွာင္ထူထဲလြန္းတာမုိ႕ ျမင္ရသူတုိင္းကုိ အခ်စ္ပုိေစခဲ့ျပီး ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးနဲ႕ အသဲယားစရာေကာင္းတဲ့ ခ်န္ကုိေလးရဲ႕ လႈပ္ရွားမႈပုံေလးေတြကုိ လူမႈကြန္ရက္မွာ ေန႕စဥ္နဲ႕ အမွ် စိတ္၀င္တစားေစာင့္ၾကည့္သူေတြက သိသိသာသာမ်ားလာခဲ့ပါတယ္။  ပရိသတ္ၾကီးလည္း ခ်န္ကုိေလးကုိ ျမင္ျပီး ခ်စ္သြားျပီဆုိတာ ေသခ်ာပါတယ္။

Stella ( Akhayar)

www.Akhayar.com 

 

[Unicode]

ဆံပင်ကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ (၆)လသားကလေးငယ်

လူကြီးတွေထက်တောင် ဆံပင်ကောင်းနေလို့ လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ နာမည်ကြီးနေတဲ့ ကလေးတစ်ယောက်ပါ။ လူတချို့က ဆံပင်မသန်လို့ ၊ ဆံပင်ပါးလို့ ၊ဆံပင်ကျွတ်လို့ ဆိုပြီး ဆံပင်အတွက် ဗီတာမင် ပါတဲ့ အားဖြည့်ပစ္စည်းတွေကို ဈေးကြီးပေးပြီး ဝယ်သုံးနေချိန်မှာ တစ်ချို့ကျတော့လည်း မွေးရာပါဆံပင်ကောင်းသူတွေမို့ အတိတ်ဘဝက ဆုတောင်းကောင်းခဲ့တယ်လို့ ဆိုရမှာပါ ။


ဆံကေသာနဲ့ပတ်သက်ပြီးဆုတောင်းကောင်းကြသူတွေထဲမှာ အသက်(၆)လသားအရွယ်သာရှိသေးတဲ့ Baby Chanco ဆိုတဲ့ ကလေးမလေးလည်း ပါဝင်နေတာကိုတွေ့ရပါတယ်။ မွေးရာပါ ဆံပင်အုံထူလွန်းတဲ့ ချန်ကို လေးဟာ လူမှုကွန်ရက်တွေဖြစ်တဲ့  Instagram နဲ့ Facebook  စာမျက်နှာတွေမှာ မိခင်ဖြစ်သူက ဓာတ်ပုံလေးတွေရိုက်ပြီး တင်ပေးရာကနေ ဆယ်လီဖြစ်လာသူလေးဆိုလည်းမမှားပါဘူး။


နက်မှောင်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ ဆံပင်ပုံစံ ကို မြင်ဖူးကာစမှာတော့ ကလေးက ဒီအသက်အရွယ်လေးနဲ့ ဒီလောက်ဆံပင်ရှိနိုင်ပါ့မလားဆိုပြီး လူမှုကွန်ရက်သုံးစွဲသူတွေက ဝေခွဲမရဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ကိုလေးရဲ့ မေမေက ချန်ကိုလေး နှစ်လသားအရွယ်ကနေ စပြီး ချစ်စဖွယ်ပုံလေးတွေကို Instagram မှာ မျှဝေခဲ့ချိန်ကစပြီး လက်ရှိအချိန်ထိ Follower အရေအတွက် (၃၉၀၀၀၀) ကျော် ရှိလာပြီလို့ သိရပါတယ်။


ကလေးရဲ့ ဆံပင်တွေဟာ ဆံပင်အစစ်လား ၊အတုလား မသဲကွဲလောက်အောင် နက်မှောင်ထူထဲလွန်းတာမို့ မြင်ရသူတိုင်းကို အချစ်ပိုစေခဲ့ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အသဲယားစရာကောင်းတဲ့ ချန်ကိုလေးရဲ့ လှုပ်ရှားမှုပုံလေးတွေကို လူမှုကွန်ရက်မှာ နေ့စဉ်နဲ့ အမျှ စိတ်ဝင်တစားစောင့်ကြည့်သူတွေက သိသိသာသာများလာခဲ့ပါတယ်။  ပရိသတ်ကြီးလည်း ချန်ကိုလေးကို ချစ်သွားပြီဆိုတာ သေချာပါတယ်။

Stella ( Akhayar)

www.Akhayar.com