[Zawgyi]

ပရီးမီးယားလိဂ္ပြဲ(၂၀၀)ျပည္႔ခဲ႔တဲ႔ အက္ဇ္ပီလီကြယ္တာ Azpilicueta

ခ်ယ္လ္ဆီးအသင္းေနာက္ခံလူ အက္ဇ္ပီလီကြယ္တာ Azpilicueta ဟာ ခ်ယ္လ္ဆီးကစားသမားဘ၀ ပရီးမီးယားလိဂ္ပြဲ(၂၀၀)ျပည္႔ခဲ႔ပါတယ္။ အက္ဇ္ပီလီကြယ္တာ Azpilicueta ဟာ ပရီးမီးယားလိဂ္ပြဲ(၂၀၀) ျပည္႔ေျမာက္ခဲ႔တဲ႔ (၈)ဦးေျမာက္ စပိန္ကစားသမားလည္းျဖစ္လာခဲ႔ပါတယ္။ ပရီးမီးယားလိဂ္ပြဲ(၂၀၀)ျပည္႔ခဲ႔ၾကတဲ႔ စပိန္ကစားသမားေတြကေတာ႔ ေဒးဗစ္ေဆးဗားလ္ David Silva ၊ မာတာ Mata ၊ ဖာဘရီဂတ္စ္ Fàbregas ၊ ရီနာ Reina ၊ အာတီတာ Arteta ၊ ေတာရက္စ္ Torres ၊ ဒီဂီယာ De Gea တို႔ပဲျဖစ္ပါတယ္။ အက္ဇ္ပီလီကြယ္တာ Azpilicueta ဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ဒုတိယအသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူထားသူျဖစ္ျပီး ခ်ယ္လ္ဆီးအသင္းဟာ နယူးကာဆယ္အသင္းကို (၁ – ၂ )နဲ႔အႏိုင္ရရိွခဲ႔တဲ႔ပြဲမွာ ပရီးမီးယားလိဂ္ပြဲ(၂၀၀)ျပည္႔ခဲ႔တာပါ။

Azpilicueta

Azpilicueta

၂၀၁၂ ခုႏွစ္က အက္ဇ္ပီလီကြယ္တာ Azpilicueta ဟာ မာေဆးလ္အသင္းကေန ခ်ယ္လ္ဆီးအသင္းကိုေျပာင္းေရႊ႕လာခဲ႔သူျဖစ္ျပီး လက္ရိွမွာေတာ႔ သူ႔ရဲ႕ ခ်ယ္လ္ဆီးကစားသမားဘ၀(၇)ရာသီေျမာက္ ေဘာလံုးရာသီကို ျဖတ္သန္းေနသူျဖစ္ပါတယ္။ လက္ရိွအခ်ိန္မွာေတာ႔ အက္ဇ္ပီလီကြယ္တာ Azpilicueta ဟာ အေကာင္းဆံုးပံုစံမွာရိွေနျပီး ခ်ယ္လ္ဆီးအသင္းရဲ႕အမာခံကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

အက္ဇ္ပီလီကြယ္တာ Azpilicueta ရဲ႕ ခ်ယ္လ္ဆီးကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 2014–15, 2016–17
FA Cup: 2017–18
Football League Cup: 2014–15
UEFA Europa League: 2012–13

Ref: Ronaldo.com
Photo: Elite Football , Boston Herald
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ပွဲ(၂၀၀)ပြည့်ခဲ့တဲ့ အက်ဇ်ပီလီကွယ်တာ Azpilicueta

ချယ်လ်ဆီးအသင်းနောက်ခံလူ အက်ဇ်ပီလီကွယ်တာ Azpilicueta ဟာ ချယ်လ်ဆီးကစားသမားဘ၀ ပရီးမီးယားလိဂ်ပွဲ(၂၀၀)ပြည့်ခဲ့ပါတယ်။ အက်ဇ်ပီလီကွယ်တာ Azpilicueta ဟာ ပရီးမီးယားလိဂ်ပွဲ(၂၀၀) ပြည့်မြောက်ခဲ့တဲ့ (၈)ဦးမြောက် စပိန်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲ(၂၀၀)ပြည့်ခဲ့ကြတဲ့ စပိန်ကစားသမားတွေကတော့ ဒေးဗစ်ဆေးဗားလ် David Silva ၊ မာတာ Mata ၊ ဖာဘရီဂတ်စ် Fàbregas ၊ ရီနာ Reina ၊ အာတီတာ Arteta ၊ တောရက်စ် Torres ၊ ဒီဂီယာ De Gea တို့ပဲဖြစ်ပါတယ်။ အက်ဇ်ပီလီကွယ်တာ Azpilicueta ဟာ ချယ်လ်ဆီးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူထားသူဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းကို (၁ – ၂ )နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲ(၂၀၀)ပြည့်ခဲ့တာပါ။

Azpilicueta

Azpilicueta

၂၀၁၂ ခုနှစ်က အက်ဇ်ပီလီကွယ်တာ Azpilicueta ဟာ မာဆေးလ်အသင်းကနေ ချယ်လ်ဆီးအသင်းကိုပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ ချယ်လ်ဆီးကစားသမားဘဝ(၇)ရာသီမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အက်ဇ်ပီလီကွယ်တာ Azpilicueta ဟာ အကောင်းဆုံးပုံစံမှာရှိနေပြီး ချယ်လ်ဆီးအသင်းရဲ့အမာခံကစားသမားအဖြစ်ရပ်တည်နေပါတယ်။

အက်ဇ်ပီလီကွယ်တာ Azpilicueta ရဲ့ ချယ်လ်ဆီးကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 2014–15, 2016–17
FA Cup: 2017–18
Football League Cup: 2014–15
UEFA Europa League: 2012–13

Ref: Ronaldo.com
Photo: Elite Football , Boston Herald
Ko Kyue(Akhayar)
www.akhayar.com