[Zawgyi]

ေအးဝတ္ရည္ေသာင္း သက္ငယ္မုဒိမ္းေတြကိုတိုက္ထုတ္တဲ့အဖြဲ႕အစည္းေတြမွာ ဘာလို႔ ပါဝင္ခ်င္ရတာလဲ

သရုပ္ေဆာင္ေအးဝတ္ရည္ေသာင္းက လတ္တေလာျဖစ္ပ်က္ေနတဲ့ သက္ငယ္မုဒိမ္းျပႆနာေတြနဲ႔ ပတ္သက္ၿပီး အဖြဲ႔အစည္းေတြထဲမွာပါဝင္လႈပ္ရွားေပးခ်င္ပါတယ္လို႔ ေျပာပါတယ္။ “အစ္္မအေနနဲ႔ အဲဒီလိုသတင္းေတြၾကားရရင္ အရမ္းကိုစိတ္မေကာင္းျဖစ္မိတယ္။ အမွန္အတိုင္ေျပာရရင္ အစ္မကိုယ္တိုင္လည္း အဲဒါေတြကို ကူညီေျဖရွင္းေပးေနတဲ့ အဖြဲ႔အစည္းထဲမွာပါဝင္ကူညီေပးခ်င္တယ္။ အဲဒီအမႈကိုက်ဴးလြန္တဲ့သူေတြကိုလည္း ထိထိေရာက္ေရာက္ျပစ္ဒဏ္ေပးမယ္ဆိုရင္ေတာ့ ေနာက္ထပ္မလုပ္ရဲေတာ့ဘူးလုိ႔ေတာ့ ထင္တယ္။ ဒီအမႈေတြနည္းေအာင္၊ ပေပ်ာက္ေအာင္ကူညီေပးမယ့္အဖြဲ႔အစည္းေတြ ကို ကူညီေပးဖို႔ အစ္မဘက္က အၿမဲအဆင္သင့္ပါ။ ဘယ္လိုကိစၥပဲျဖစ္ျဖစ္ အသိပညာေလးေတြရွိရင္ ႀကိဳတင္ကာကြယ္တတ္ရမယ္ဆုိတဲ့ဟာေလးေတြေပါ့။ မိဘမဲ့ကေလးမ်ားလာတာလည္း Sex Education နည္းလို႔ျဖစ္ၾကတာ။ လိင္အသိပညာေပးေလးေတြ၊ သားဆက္ျခားျခင္းေတြကုိ ပညာေပးလုိက္မယ္ဆုိရင္ေတာ့ ဆင္ျခင္ႏိုင္မယ္။ တခ်ဳိ႕ဆုိ သိကုိမသိတာ ကမ္ပိန္းေတြအမ်ားႀကီးလုပ္ဖို႔လုိတယ္။ အႏုပညာရွင္ေတြပါ ပူးေပါင္းပါဝင္ၾကမယ္ဆုိရင္ေတာ့ ပုိၿပီးထိေရာက္မယ္ထင္တယ္။ အဲဒီလုိပူးေပါင္းပါဝင္ရတာကုိလည္း သေဘာက်တယ္” လို႔ ေအးဝတ္ရည္ေသာင္းက သက္ငယ္မုဒိမ္းေတြနဲ႔ ပတ္ သက္ၿပီး သူမအျမင္ကိုေျပာျပပါတယ္။

ေအးဝတ္ရည္ေသာင္းက လတ္တေလာအေနနဲ႔ ဒါရိုက္တာမင္းဦးရိုက္ကူးေနတဲ့ “မ်က္ႏွာဖံုးမ်ား” အမည္ရွိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးမွာ နီနီဆုိိတဲ့ အလွျပင္ဆုိင္ကမန္ေနဂ်ာတစ္ဦးရဲ႕ ဇာတ္ေကာင္ေနရာကေန ေက်ာ္ထက္ေအာင္၊ မင္းဦး၊ အိေခ်ာပို၊ စိုးျပည့္သဇင္၊ ျမႏွင္းရည္လြင္၊ ေမတို႔နဲ႔ အတူပါဝင္သရုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အေးဝတ်ရည်သောင်း သက်ငယ်မုဒိမ်းတွေကိုတိုက်ထုတ်တဲ့အဖွဲ့အစည်းတွေမှာ ဘာလို့ ပါဝင်ချင်ရတာလဲ

သရုပ်ဆောင်အေးဝတ်ရည်သောင်းက လတ်တလောဖြစ်ပျက်နေတဲ့ သက်ငယ်မုဒိမ်းပြဿနာတွေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတွေထဲမှာပါဝင်လှုပ်ရှားပေးချင်ပါတယ်လို့ ပြောပါတယ်။ “အစ်မအနေနဲ့ အဲဒီလိုသတင်းတွေကြားရရင် အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်။ အမှန်အတိုင်ပြောရရင် အစ်မကိုယ်တိုင်လည်း အဲဒါတွေကို ကူညီဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းထဲမှာပါဝင်ကူညီပေးချင်တယ်။ အဲဒီအမှုကိုကျူးလွန်တဲ့သူတွေကိုလည်း ထိထိရောက်ရောက်ပြစ်ဒဏ်ပေးမယ်ဆိုရင်တော့ နောက်ထပ်မလုပ်ရဲတော့ဘူးလို့တော့ ထင်တယ်။ ဒီအမှုတွေနည်းအောင်၊ ပပျောက်အောင်ကူညီပေးမယ့်အဖွဲ့အစည်းတွေ ကို ကူညီပေးဖို့ အစ်မဘက်က အမြဲအဆင်သင့်ပါ။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် အသိပညာလေးတွေရှိရင် ကြိုတင်ကာကွယ်တတ်ရမယ်ဆိုတဲ့ဟာလေးတွေပေါ့။ မိဘမဲ့ကလေးများလာတာလည်း Sex Education နည်းလို့ဖြစ်ကြတာ။ လိင်အသိပညာပေးလေးတွေ၊ သားဆက်ခြားခြင်းတွေကို ပညာပေးလိုက်မယ်ဆိုရင်တော့ ဆင်ခြင်နိုင်မယ်။ တချို့ဆို သိကိုမသိတာ ကမ်ပိန်းတွေအများကြီးလုပ်ဖို့လိုတယ်။ အနုပညာရှင်တွေပါ ပူးပေါင်းပါဝင်ကြမယ်ဆိုရင်တော့ ပိုပြီးထိရောက်မယ်ထင်တယ်။ အဲဒီလိုပူးပေါင်းပါဝင်ရတာကိုလည်း သဘောကျတယ်” လို့ အေးဝတ်ရည်သောင်းက သက်ငယ်မုဒိမ်းတွေနဲ့ ပတ် သက်ပြီး သူမအမြင်ကိုပြောပြပါတယ်။

အေးဝတ်ရည်သောင်းက လတ်တလောအနေနဲ့ ဒါရိုက်တာမင်းဦးရိုက်ကူးနေတဲ့ “မျက်နှာဖုံးများ” အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ နီနီဆိိုတဲ့ အလှပြင်ဆိုင်ကမန်နေဂျာတစ်ဦးရဲ့ ဇာတ်ကောင်နေရာကနေ ကျော်ထက်အောင်၊ မင်းဦး၊ အိချောပို၊ စိုးပြည့်သဇင်၊ မြနှင်းရည်လွင်၊ မေတို့နဲ့ အတူပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။