[Zawgyi]



ဒီလို ချစ်သူတွေအတွက် မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကလည်း ဒီဇိုင်နာ မင်းသက်စံရဲ့ လက်ရာ ရွှေရောင်ထိုင်မသိမ်းလေးကို အခုလို အလှဆုံးဝတ်ပြထားပြန်ပေါ့။



Jewel – ဝိန့်စိန်
Makeup-Zaw Zaw Tun


www.akhayar.com

[Unicode]

ဝါကျွတ်အတွက် သတို့သမီးဝတ်စုံပြည့်နဲ့ တွေ့ရမယ့် မအေးသောင်း

ချစ်သူစုံတွဲလေးတွေ ရှိရင် ဒီဝါကျွတ်မှာ မင်္ဂလာဆောင်ဖို့ စိတ်ကူးရှိတဲ့သူတွေလည်း ရှိမှာပေါ့နော်။ တချို့ကျတော့လည်း ရှိလို့တောင် ကြိုတင်ပြင်ဆင်နေလောက်ပါပြီ။ မင်္ဂလာဆောင်အကြိုဓာတ်ပုံလေးတွေ ဘယ်မှာ ရိုက်မယ်၊ ဘယ်နေရာကို မင်္ဂလာခန်းမအဖြစ်ငှားမယ်ကအစ မင်္ဂလာသတို့သား၊ သတို့သမီး ဝတ်စုံကို ဘယ်လို အလှဆုံးချုပ်လုပ်ပြင်ဆင်မယ်ဆိုတာ အဆုံးပေါ့။

ဒီလို ချစ်သူတွေအတွက် မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကလည်း ဒီဇိုင်နာ မင်းသက်စံရဲ့ လက်ရာ ရွှေရောင်ထိုင်မသိမ်းလေးကို အခုလို အလှဆုံးဝတ်ပြထားပြန်ပေ့ါ။

ဒီဓာတ်ပုံလေးတွေကို မမအေးသောင်းက

“ဒီဇိုင်နာ ကိုမင်းသက်စံ ရဲ့ထိုင်မသိမ်း
သတို့သမီးဝတ်စုံလေးကိုရိုက်ရလို့
အရမ်းကျေနပ်မိတယ်ရှင့်။
ဝတ်စုံလေးက လှလွန်းလို့ ဝါကျွတ်အတွက်တောင်
တခုခုလုပ်ချင်လာသလိုလိုပဲ။

Photo -Wanna Khwanee (Focus Daily )
Jewel – ဝိန့်စိန်
Makeup-Zaw Zaw Tun
Floral-IVY (Floral School)
Planer-Sparkling Event Wedding Planner” ဆိုပြီး တင်ထားခဲ့တာပါ။

မအေးသောင်းက ဝတ်စုံလေးကလှလွန်းလို့ ဝါကျွတ်အတွက်တောင် တစ်ခုခုလုပ်ချင်လာသလိုပဲဆိုတော့ ဒို့အပျိုကြီးတော့ မရိုးတော့ဘူးနော်လို့ ထင်ရပါတယ်။

www.akhayar.com

Photo Credit : Wanna Khwanee (Focus Daily ) & Aye Wut Yi Thaung