[Zawgyi]








www.akhayar.com

[Unicode]

သုသုရဲ့ ပြင်ဆင်မှုတွေနဲ့ တစ်မျိုးပြောင်းပြီး လှပနေတဲ့ မအေးသောင်း

မအေးသောင်းကို မြင်နေကြ မြန်မာဝတ်စုံတွေနဲ့ ကြည့်ရတာ ရိုးနေပြီဆိုရင် သူ့ကို မြင်နေကြပုံစံမဟုတ်ဘဲ အနက်ရောင်ဝတ်စုံလေးနဲ့ Makeup Look ရှင်းရှင်းကြည်ကြည်လေးနဲ့ ခုလို ပုံလေးတွေကို ကြည့်လိုက်ပါဦး။

မအေးသောင်း တက်ရောက်ခဲ့တဲ့ ပွဲဟာ Remax ရဲ့ ဆိုင်သစ်ဖွင့်ပွဲလည်း ဖြစ်တာကြောင့် မင်းသား ဇဏ်ခီလည်း ပွဲတက်ခဲ့ပြီး မအေးသောင်းနဲ့ တူတူ ဓာတ်ပုံတွေ ရိုက်ကူးမျှဝေခဲ့ပါတယ်။

မအေးသောင်းကို အခုလို ပုံစံဆန်းဆန်းလေး ဖြစ်အောင် ပြင်ပေးခဲ့တာကတော့ မိတ်ကပ် သုသု (ညီညီမောင် စမ်းချောင်း ) ဖြစ်ပြီး သုသုက သူ့ရဲ့ Facebook Account မှာလည်း

“မအေးသောင်း အတွက် သု ရဲ့ မိတ်ကပ် ဆံပင်ပြင်ဆင်မှုပါ
ပါးပါးကြည်ကြည် မိတ်ကပ်ပြင်ဆင်မှု မျက်ဝန်း အလှအတွက်မျက်တောင်လေးကအစ ဂရုစိုက်ပြီး အလှဆုံးလိမ်းပေးဖြစ်တယ်

Beautiful makeup by Nyi Nyi Maung

#QueenThuThu” လို့ တင်ထားခဲ့ပါတယ်။

www.akhayar.com

Photo Credit : Amazing Grace & Aye Thaung’s Facebook Account