[Zawgyi]



မြန်မာဆန်တဲ့ကျွန်မ
ဆုံကြရာဝယ်

ဖိုတို- အားတီ”




ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

အားတီ အိမ်ကို အလည်ရောက်သွားတဲ့ အေးဝတ်ရည်သောင်း

အဆိုတော် အားတီရဲ့အိမ်ကို အလည်ရောက်သွားတဲ့ အေးဝတ်ရည်သောင်း က သူမရဲ့အလှကို အခုလိုဖော်ကျူးလိုက်တာလေးက ချစ်စရာကောင်းလှပါတယ်။ သူမရဲ့လူမှုကွန်ရက်မှာတော့ ဓါတ်ပုံလေးတစ်ပုံနဲ့ ရေးထားတဲ့ စာလေးက ကဗျာဆန်ဆန်လေးရေးထားတာကိုလည်း အခုလိုတွေ့ရပါတယ်။

“ဥရောပအပြင်အဆင်နဲ့အိမ်
မြန်မာဆန်တဲ့ကျွန်မ
ဓာတ်ဖမ်းတော်တဲ့ အဆိုတော်တို့
ဆုံကြရာဝယ်

ဖိုတို- အားတီ”

စာတွေ ကဗျာတွေနဲ့ မစိမ်းလှတဲ့ မအေးသောင်းကတော့ ရေးလိုက်ရင် အဖွဲ့ အနွဲ့လေးတွေနဲ့ သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းလေးကို ပေါ်လွင်အောင်ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေဟာဆိုရင် အင်မတန်မှကို ဆွဲဆောင်မှုရှိစေတာလည်း ဖြစ်ပါတယ်။

အခုလည်း သူငယ်ချင်းအားတီအိမ်ကို အလည်ရောက်တာတောင် ဝါသနာအရ ကဗျာလေး စပ်လို့ပုံလေးတင်ထားတာက ပရိသတ်အတွက် ရင်သပ်ရှုမောဖွယ်ပါ။

Photo Credit:Aye Thaung Facebook

ကြည်သာ (Akhayar)

www.akhayar.com