[Zawgyi]










မွေးနေ့တရားနာနေပုံ

မွေးနေ့တရားနာနေပုံ



“ယနေ့မွေးနေ့မင်္ဂလာ ✨ 💛







ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

ချစ်စရာကောင်းတဲ့ မွေးနေ့ရှင်လေးဖြစ်ခဲ့တဲ့ ဧငြိမ်းဖြူ

အဆိုတော် ရဲရင့်အောင်ရဲ့ ချစ်သူ မင်းသမီးလေး ဧငြိမ်းဖြူ မွေးနေ့မှာ လှူဒါန်းခဲ့တာတွေနဲ့ပတ်သတ်ပြီး သူမရဲ့လူမှုကွန်ရက်မှာ အခုလိုတင်ထားတာကိုတွေ့ရပါတယ်။ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့နှစ်ယောက် မွေးနေ့မှာ စိတ်ဆိုးနေကြပုံလေးတွေ ကလည်း လူမှုကွန်ရက်ပေါ်မှာ တွေ့ရတာဟာစိတ်ကောက်နေကြပေမယ့်လို့ လိုက်ဖက်ပြီး အင်မတန်ကို ချစ်စရာကောင်းလှပါတယ်။

ချစ်သူနဲ့စိတ်ဆိုးနေပေမယ့် ကိတ်မုန့်ခွံ့ကျွေးလိုက်တဲ့ ချစ်ဖို့ကောင်းတဲ့ မင်းသမီဒလေး ဧငြိမ်းဖြူ

ချစ်သူနဲ့စိတ်ဆိုးနေပေမယ့် ကိတ်မုန့်ခွံ့ကျွေးလိုက်တဲ့ ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေး ဧငြိမ်းဖြူ

ချစ်သူဖြစ်တဲ့ ရဲရင့်အောင်က မွေးနေ့သီချင်းကို လိုက်မဆိုလို့ လက်ခုပ်တီးပြီး ဆိုဖို့ သတိပေးလိုက်တဲ့ ဧငြိမ်းဖြူက ဧပြီ လ ၂၄ ရက်နေ့မှာအသက် ၂၂ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တဲ့ အတွက် ကျေးဇူးတင်သင့်တဲ့ သူတွေကို အခုလိုကျေးဇူးတင်ခဲ့ပါသေးတယ်။

သဘာဝတရားရိပ်သာမှဖွားဖွားကို အနမ်းပေးနေပုံ

သဘာဝတရားရိပ်သာမှဖွားဖွားကို အနမ်းပေးနေပုံ

သဘာဝတရားရိပ်သာမှဖွားဖွားကို ထမင်းကျွေးနေပုံ

သဘာဝတရားရိပ်သာမှဖွားဖွားကို ထမင်းကျွေးနေပုံ

မွေးနေ့တရားနာနေပုံ

မွေးနေ့တရားနာနေပုံ

မွေးနေ့မှာ အိမ်သာဆေးပြီးကုသိုလ်ယူနေပုံ

မွေးနေ့မှာ အိမ်သာဆေးပြီးကုသိုလ်ယူနေပုံ

“ယနေ့မွေးနေ့မင်္ဂလာ ✨ 💛

တကယ်မမေ့နိုင်တဲ့ နေ့လေးပါ …
သန်လျင် “သဘာဝတရားရိပ်သာ” မှာ အဘိုးအဘွားတွေ .. မိဘမဲ့ကလေးတွေ .. စိတ်ဝေဒနာရှင်တွေ .. ခိုလုံရာမဲ့သူတွေ အယောက်ပေါင်း “3100” ကျော်ကို ကိုယ့်ဝင်ငွေလေးနဲ့ လှူဒါန်းခွင့်ရတာ အရမ်းပီတိဖြစ်မိပါတယ် .. ပရဟိတလဲလုပ်ခဲ့ပါတယ် ….

ဝိုင်းဝန်းလိုက်ပါ ကူညီပေးကြသော ချစ်ရသောသူများနှင့် QueenieA လေးတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် … 💛

ပုံလှလှလေးတွေကို ရိုက်ပေးထားကတော့ Ko Nay Min Tun ပါ… ကျေးဇူးပါ ..

အဓိကကျေးဇူးရှင်တွေကတော့ မွေးထုတ်ပေးခဲ့တဲ့ အဖေနဲ့အမေပါ .. တစ်သက်လုံး ကျေးဇူးဆပ်လို့မကုန်ပါဘူး .. 💛 💛 ”

ဆိုပြီးရေးသားဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit: A Nyein Phyu Facebook (Amazing Grace)

ကြည်သာ (Akhayar)

www.akhayar.com