[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

မစောလှဆီကို အလည်သွားခဲ့တဲ့ အေးမြတ်သူ

အေးမြတ်သူ က “ကမ္မဖလ” ရုပ်ရှင်ဇာတ်ကားမှာ မစောလှဆိုတဲ့ဇာတ်ဆောင်နေရာကနေပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ရိုးရိုးယဉ်ယဉ်မြန်မာဝတ်စုံ လေးနဲ့လှနေတဲ့ အေးမြတ်သူရဲ့ဇာတ်ကောင်ပုံစံလေးကိုလည်း ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။ မြန်မာဝတ်စုံ ကိုမှရှေးမြန်မာမိန်းကလေးတွေဝတ်ဆင်တဲ့ ဒီဇိုင်းပုံစံလေးနဲ့မို့အမြင်ဆန်းနေတဲ့ ပုံလေးနဲ့ အေးမြတ်သူကို တွေ့မြင်ရမှာပါ။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာပန်ချီစိုးမိုး ကပုံဖော်ရိုက်ကူးနေတာဖြစ်ပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ မင်းမော်ကွန်း ၊ စိုးရန်အောင် ၊ စိုးသီဟ ၊ မိုးဟေကို ၊ အေးမြတ်သူ နဲ့ စိုးပြည့်သဇင်တို့က အဓိကပါဝင်ထားတာလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာပါဝင်တဲ့ အေးမြတ်သူက “ဒီနေ့ မစောလှ ဆီ ခဏ အလည်သွားတယ်ရှင့်” ဆိုပြီးတော့ ပုံလေးတွေကို သူမရဲ့လူမှုကွန်ရက်မှာတင်ထားတာဖြစ်ပါတယ်။

Photo Credit: Myat Lay ML Facebook

ကြည်သာ (Akhayar)

www.akhayar.com