[Zawgyi]





www.akhayar.com

[Unicode]

ဂန္တဝင်ဆန်ပြီး ခမ်းနားလွန်းတဲ့ ပုဂံရောက် အေးမြတ်သူရဲ့ အလှပုံရိပ်များ

ဇာတ်ကားတွေ ခပ်သွက်သွက်ရိုက်ကူးနေတဲ့ အေးမြတ်သူကတော့ အားတဲ့အချိန်မှာလည်း ခရီးလေးတွေ ထွက်တတ်သူပါ။ အခုလည်း မမြတ်လေးလို့ ခေါ်တဲ့ အေးမြတ်သူတစ်ယောက် မြန်မာလူမျိုးတွေရဲ့ နှလုံးသည်းပွတ်ရှိရာ ပုဂံမြေကို ရောက်ရှိနေခဲ့ပါတယ်။

ဒီပုံတွေကိုတော့ “မြန်မာပြည်ကခရီးသွားတွေ နဲ့ နိုင်ငံတကာကခရီသွားတွေ ပါ
အင်စတာဂရမ် လို လူမှုကွန်ရက်မှာ တင်လေ့ရှိတဲ့
ဒီဇိုင်းတွေကာလာတွေကို ရူးသွပ်ခဲ့ဖူးတဲ့
မမြတ်လေးရဲ့ဆန္ဒလေးက ပုဂံမှာ ပြည့်ဝသွားပြီရှင့်
ဂန္တဝင်မြောက်ပြီးခမ်းနားလွန်းတဲ့ပုဂံ #bagan #uuyekalawthar 
အကြိမ်မြောက်များစွာရောက်ခဲ့ဖူးပေမယ့်ဘယ်တော့မှမရိုးသွားတဲ့အလှတရားများနှင့်ပုဂံ
#နှလုံးသားထဲကပုဂံ #မြန်မာ့နှလုံးသားထဲခိုနားခြင်း

” ဆိုတဲ့ Caption လေးနဲ့ တင်ထားခဲ့တာ ဖြစ်ပါတယ်။ အေးမြတ်သူဟာ အဖြူရောင်ဝတ်စုံလေးနဲ့ လှပနေသလို ဦးဦးရဲကလောသားရဲ့ ဓာတ်ပုံလက်ရာကလည်း ပုဂံကို ရင်သပ်ရှုမောဖြစ်စေနိုင်တာမို့ မျှဝေပေးလိုက်ပါတယ်။

www.akhayar.com

Photo Credit : UUYEKALAWTHAR & Aye Myat Thu