[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

Instagram မှာ အချစ်အကြောင်းတွေ ဖွင့်ဟခဲ့တဲ့ အေးမြတ်သူ

အေးမြတ်သူက သူမရဲ့Instagram အကောင့်မှာ အချစ်အကြောင်းနဲ့ ပတ်သက်တဲ့ စာလေးတွေကိုရေးထားတာတွေ့ရပါတယ်။ အခုရေးထားတဲ့ စာလေးတွေနဲ့ ပေါ့ပေါ့ပါးပါး အိမ်နေရင်းဖက်ရှင်လေးကို တွဲပြီးတင်ထားခဲ့တာဖြစ်ပါတယ်။

“ဘဝမှာ သက်တောင့်သက်သာနေနိုင်ဖို့စိတ်ခလေးတွေပြင်ဆင်ရမယ် #လွမ်းနေစိတ်ကိုထိန်းချုပ်ရင်းသူ့ကိုပိုချစ်နေဖို့တွေးရတယ်
#သူအနှောင်အယှက်မဖြစ်အောင်နေထိုင်ရင်း သူ့အချစ်ကိုရဖို့ကြိုးစာနေတယ်ရှင့် #သဝန်မတိုတက်သောကျမနှင့်သဝန်တိုစရာမလိုသာသူ #miissu”

သူမကို ကြည့်လိုက်ရင် အမြဲပျော်ပျော်ရွှင်ရွှင် သွက်သွက်လက်လက်နဲ့တွေ့ရပြီးတော့ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ အခု MRTV4 မှာ ပြသလျက်ရှိတဲ့ မိုးကောင်းကင်အိပ်မက် ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ဗီလိန်ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ အတွက် ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့သူလို့တောင်ဆိုရမှာ လည်းဖြစ်ပါတယ်။

Photo Credit:Myatlay8686 Instagram

ကြည်သာ (Akhayar)

www.akhayar.com