[Zawgyi]







အ​ကောင့်​ကို ပြန်​လာယူနိုင်​ပါတယ်​ ခင်​ဗျာ ဒါ​ပေမဲ့ စည်းကမ်းချက်​​လေး ​တွေ​တော့ လိုက်​နာ​ပေးနိုင်​ရပါ့မယ်​ အများကြီး မဟုတ်​ပါ…

၁ ~~~ ဒီအ​ကောင့်​နဲ့ မင်းသမီး ရဲ့ အ​ကောင့်​တစ်​ခုခုနဲ့ Tag တွဲပီး Live လွင့်​​ပေးနိုင်​ရပါ့မည်​ ဘာလို့လဲ ဆို​တော့ အ​ကောင့်​ပိုင်​ရှင်​ ဟုတ်​မဟုတ်​ သိချင်​လို့ပါ…






အေးမြတ်သူ

အေးမြတ်သူ

အေးမြတ်သူ


www.akhayar.com

[Unicode]

အေးမြတ်သူ Account ပြန်လိုချင်ရင် Live လွှင့်ပါလို့  ဆိုလိုက်တဲ့ Hacker အဖွဲ့

မြန်မာဝတ်စုံလေးတွေနဲ့ အမြဲတမ်းလှနေတတ်တဲ့၊ သွက်လက်ပြီး ကျက်သရေရှိတဲ့ မင်းသမီးလေး အေးမြတ်သူဟာ လူမှုကွန်ရက်တွေပေါ်နဲ့ အင်တာဗျူးတွေမှာလည်း စကားပြောဆိုဆက်ဆံရေးကောင်းလို့ လူချစ်လူခင်များတဲ့ မင်းသမီးလေး ဖြစ်ပါတယ်။

အခုတော့ သူ့ရဲ့ အကောင့်တစ်ခုဖြစ်တဲ့ Aye Myat Thu Facebook Account ဟာ ဟက်ခံထားရပုံပေါ်ပြီး Cover Photo ကို မေလ ၁၆ ရက် နေ့လည်ပိုင်းကမှ ပြောင်းလိုက်တာကို တွေ့ရပါတယ်။

cover photo ပြောင်းလိုက်စဉ်

Cover Photo ပြောင်းပြီး သိပ်မကြာခင်မှာပဲ အကောင့်ပြန်ယူချင်ရင်လုပ်ရမယ့် စည်းကမ်းချက်တွေကို  Aye Myat Thu Account ကပဲ ခုလို တင်လိုက်တာ တွေ့ရပါတယ်။

မင်္ဂလာပါ မင်းသမီး အေးမြတ်သူ

အကောင့်ကို ပြန်လာယူနိူင်ပါတယ် ခင်ဗျာ ဒါပေမဲ့ စည်းကမ်းချက်လေး တွေတော့ လိုက်နာပေးနိူင်ရပါ့မယ် အများကြီး မဟုတ်ပါ…

၁ ~~~ ဒီအကောင့်နဲ့ မင်းသမီး ရဲ့ အကောင့်တစ်ခုခုနဲ့ Tag တွဲပီး Live လွင့်ပေးနိူင်ရပါ့မည် ဘာလို့လဲ ဆိုတော့ အကောင့်ပိုင်ရှင် ဟုတ်မဟုတ် သိချင်လို့ပါ…

၂ ~~~ အကောင့်ပိုင်ရှင် လက်တည်းကိုသာ အကောင့်ပြန်ပေးမှာ ဖြစ်သောကြောင့်ဖြစ်ပါသည် Tag တွဲပီး Live လွင့်ပေးတဲ့ အကောင့်ကိုသာ လျှင် Cb ကနေ ပြန်လည်း အကောင့်ပြန်ပေးမှာ ဖြစ်ပါသည် !!

စည်းကမ်းချက်လေးတွေ လိုက်နာပေးဖို့ မေတ္တာရပ်ခံပါသည်…

မှတ်ချက် ~~~ သူများ အကောင့်ရဲ့ Chat box ကို ဝင်ကြည့်တာ ဝါသနာ မပါ…

အေးမြတ်သူကို ပြောလိုက်တဲ့ စည်းကမ်းချက်များ

ဒီလို အကောင့်အဟက်မခံရခင်မှာ အေးမြတ်သူဟာ သင်္ကြန်ပုံရိပ်လေးတွေနဲ့ Shayi ဝတ်စုံလေးတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေး တင်ခဲ့ပါသေးတယ်။

အေးမြတ်သူ

အေးမြတ်သူ

အေးမြတ်သူ

ဟက်ကာတွေ ပြောသလို အေးမြတ်သူအနေနဲ့ Live လွှင့်ပြီး ပြန်ယူမှာလား မယူဘူးလားဆိုတာတော့ စောင့်မျှော်ကြည့်ရှုရမှာပါ။

www.akhayar.com

Photo Credit : Aye Myat Thu’s Facebook Account