[Zawgyi]

ရည္းစားရႈပ္တဲ့ အဆုိေတာ္အျဖစ္ သရုပ္ေဆာင္ထားတယ္ဆုိတဲ့ ေရႊထူး

ဧည့္သည္ ဆိုတဲ့ ဇာတ္ကားအတြက္ ကန္ေတာ့ပြဲေပးတဲ့ အခမ္းအနားကို ဇြန္လ ၁ ရက္ေန႕နံနက္ကေရႊတိဂံုဘုရားရင္ျပင္ေတာ္ေပၚမွာ က်င္းပခဲ့တာျဖစ္ပါတယ္။ ကန္ေတာ့ပြဲတက္ေရာက္လာၾကတဲ့ေရႊထူး၊ေရႊမံႈရတီနဲ႕ေနျခည္ဦးတို႕ကလည္း  ဇာတ္ကားနဲ႕ပတ္သက္လို႕ အခုလိုေျပာျပခဲ့ၾကပါတယ္။

ေရႊထူး

“ဇာတ္ကားထဲက ကာရိုက္တာကဆိုးတဲ့ေယာက္က်ားေလးတစ္ေယာက္ အဆိုေတာ္ပဲ အဲ့ဒါကိုမွ ရည္းစားရႈပ္တဲ့ပံုစံမ်ိဳးေပါ့။ ဒုတိယဇာတ္ကားဆိုေတာ့ျပင္ဆင္ထားတာေတြကသရုပ္ေဆာင္ပိုင္းကို အဓိကျပင္ဆင္ထားပါတယ္။ ဘာပဲျဖစ္ျဖစ္ၾကည့္ၾကတဲ့ ပရိသတ္ေတြက ပထမဇာတ္ကားမွာ အသစ္တစ္ေယာက္အေနနဲ႕နားလည္ေပးတယ္ ဆိုေတာ့သူတို႕အတြက္လည္း အားနာတယ္ သူတို႕အတြက္လည္း ပိုႀကိဳးစားခ်င္တယ္ ဒါေၾကာင့္ ကြ်န္ေတာ္ဒုတိယကားမွာ ျပင္ဆင္ထားပါတယ္။ ဇာတ္ကားကေတာ့  လူငယ္ေတြၾကားမွာျဖစ္ေလ့ျဖစ္ထရွိတဲ့ အခ်စ္ဇာတ္လမ္းမ်ိဳးဆိုေတာ့ ကြ်န္ေတာ္ကိုယ္တိုင္လည္း သေဘာက်ပါတယ္။”

ေရႊမံႈရတီ

“အဓိက ကေတာ့လူငယ္ေတြအေနနဲ႕ ဘယ္လိုပဲျဖစ္ျဖစ္လူတစ္ေယာက္ရဲ႕ အခ်စ္ကိုမကစားသင့္ဘူး ဆိုတာကိုျပတာပါ။ၿပီးေတာ့ လူငယ္သဘာဝကို ရည္ညႊန္းထားတဲ့ ကာရိုက္တာက နည္းနည္းေတာ့ဆန္းတယ္ ညီမကိုယ္တိုင္လည္း မျဖစ္ဖူးပါဘူး။ ဇာတ္လမ္းေလးကလည္းဆန္းတယ္။ ဒါရိုက္တာကလည္း ဦးညႊန္႔ေအာင္ဆိုေတာ့ ရိုက္ျဖစ္သြားတာပါ။”

ေနျခည္ဦး

“ဇာတ္လမ္းထဲမွာ ေနျခည္က အခ်စ္ကို အရမ္းရႈးသြပ္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ခံစားခ်က္နဲ႕ ရိုက္ကူးရမွာပါ။ ဒီဇာတ္ကားဟာ ပထမအေနနဲ႕ ကမ္းလွန္းခံရတဲ့ ဇာတ္ကားပါ။ ဒီကား မွာ ေနျခည္က မိန္းကေလးဆန္တယ္ဆိုတာထက္ အခ်စ္ကိုပဲ ကိုးကြယ္ၿပီးေတာ့ အခ်စ္ကို ရႈးသြပ္တဲ့ ေကာင္မေလးတစ္ေယာက္ပါ။ ကိုယ့္ခ်စ္ေပ်ာ္မယ္ဆိုရင္ ဘာပဲလုပ္ေပးရလုပ္ေပးရ ဘာပဲေပးဆပ္ရေပးဆပ္ရဆိုတဲ့ ကာရိုက္တာေလးေပါ့ေနာ္။ စိတ္ေတာ့လႈပ္ရွားေနပါတယ္ ဒီဇာတ္ကားထဲက ကာရိုက္တာေလးေပါ့ေနာ္။ အျပင္မွာ ဒီဇာတ္ကားထဲကေကာင္မေလးလို ေယာက္က်ားေလးတစ္ေယာက္အေပၚ တကယ္ေရာခ်စ္နိုင္ပါ့မလား ဆိုၿပီးေတြးၿပီးစိတ္ပူေနမိပါတယ္။”

ဒါရုိက္တာ ညႊန္႔ျမန္မာညီညီေအာင္ ရုိက္ကူးတဲ့ ဧည့္သည္ရုပ္ရွင္ဇာတ္ကားႀကီးမွာ ေရႊထူး၊ ေရႊမႈံရတီနဲ႔ ေနျခည္ဦးတုိ႔က အဓိကပါဝင္ထားၾကၿပီး ၿဖိဳးေငြစုိးက ဧည့္သည္သရုပ္ေဆာင္အျဖစ္ အားျဖည့္ထားပါတယ္။

Photo Credit: Su Myat (Akhayar)

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

ရည်းစားရှုပ်တဲ့ အဆိုတော်အဖြစ် သရုပ်ဆောင်ထားတယ်ဆိုတဲ့ ရွှေထူး

ဧည့်သည် ဆိုတဲ့ ဇာတ်ကားအတွက် ကန်တော့ပွဲပေးတဲ့ အခမ်းအနားကို ဇွန်လ ၁ ရက်နေ့နံနက်ကရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ကန်တော့ပွဲတက်ရောက်လာကြတဲ့ရွှေထူး၊ရွှေမှုံရတီနဲ့နေခြည်ဦးတို့ကလည်း ဇာတ်ကားနဲ့ပတ်သက်လို့ အခုလိုပြောပြခဲ့ကြပါတယ်။

ရွှေထူး

“ဇာတ်ကားထဲက ကာရိုက်တာကဆိုးတဲ့ယောက်ကျားလေးတစ်ယောက် အဆိုတော်ပဲ အဲ့ဒါကိုမှ ရည်းစားရှုပ်တဲ့ပုံစံမျိုးပေါ့။ ဒုတိယဇာတ်ကားဆိုတော့ပြင်ဆင်ထားတာတွေကသရုပ်ဆောင်ပိုင်းကို အဓိကပြင်ဆင်ထားပါတယ်။ ဘာပဲဖြစ်ဖြစ်ကြည့်ကြတဲ့ ပရိသတ်တွေက ပထမဇာတ်ကားမှာ အသစ်တစ်ယောက်အနေနဲ့နားလည်ပေးတယ် ဆိုတော့သူတို့အတွက်လည်း အားနာတယ် သူတို့အတွက်လည်း ပိုကြိုးစားချင်တယ် ဒါကြောင့် ကျွန်တော်ဒုတိယကားမှာ ပြင်ဆင်ထားပါတယ်။ ဇာတ်ကားကတော့ လူငယ်တွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ဇာတ်လမ်းမျိုးဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျပါတယ်။”

ရွှေမှုံရတီ

“အဓိက ကတော့လူငယ်တွေအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ်လူတစ်ယောက်ရဲ့ အချစ်ကိုမကစားသင့်ဘူး ဆိုတာကိုပြတာပါ။ပြီးတော့ လူငယ်သဘာဝကို ရည်ညွှန်းထားတဲ့ ကာရိုက်တာက နည်းနည်းတော့ဆန်းတယ် ညီမကိုယ်တိုင်လည်း မဖြစ်ဖူးပါဘူး။ ဇာတ်လမ်းလေးကလည်းဆန်းတယ်။ ဒါရိုက်တာကလည်း ဦးညွှန့်အောင်ဆိုတော့ ရိုက်ဖြစ်သွားတာပါ။”

နေခြည်ဦး

“ဇာတ်လမ်းထဲမှာ နေခြည်က အချစ်ကို အရမ်းရှုးသွပ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်နဲ့ ရိုက်ကူးရမှာပါ။ ဒီဇာတ်ကားဟာ ပထမအနေနဲ့ ကမ်းလှန်းခံရတဲ့ ဇာတ်ကားပါ။ ဒီကား မှာ နေခြည်က မိန်းကလေးဆန်တယ်ဆိုတာထက် အချစ်ကိုပဲ ကိုးကွယ်ပြီးတော့ အချစ်ကို ရှုးသွပ်တဲ့ ကောင်မလေးတစ်ယောက်ပါ။ ကိုယ့်ချစ်ပျော်မယ်ဆိုရင် ဘာပဲလုပ်ပေးရလုပ်ပေးရ ဘာပဲပေးဆပ်ရပေးဆပ်ရဆိုတဲ့ ကာရိုက်တာလေးပေါ့နော်။ စိတ်တော့လှုပ်ရှားနေပါတယ် ဒီဇာတ်ကားထဲက ကာရိုက်တာလေးပေါ့နော်။ အပြင်မှာ ဒီဇာတ်ကားထဲကကောင်မလေးလို ယောက်ကျားလေးတစ်ယောက်အပေါ် တကယ်ရောချစ်နိုင်ပါ့မလား ဆိုပြီးတွေးပြီးစိတ်ပူနေမိပါတယ်။”

ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးမှာ ရွှေထူး၊ ရွှေမှုံရတီနဲ့ နေခြည်ဦးတို့က အဓိကပါဝင်ထားကြပြီး ဖြိုးငွေစိုးက ဧည့်သည်သရုပ်ဆောင်အဖြစ် အားဖြည့်ထားပါတယ်။

Photo Credit: Su Myat (Akhayar)

ကြည်သာ (Akhayar)

www.akhayar.com