[Zawgyi]

Valentine’s Day’ မွာ Single ေတြ ဘာလုပ္သင့္သလဲ

‘Valentine’s Day’ မွာ Single ေတြ ဘာလုပ္သင့္သလဲဆုိေတာ့ ငွက္ေပ်ာတုံးဖက္အိပ္ခုိင္းတာေတာ့ မဟုတ္ပါဘူး။ ကုိယ့္မွာ ေလ်ွာက္လည္စရာ အတြဲမရွိေသးေတာ့ ‘ခ်စ္သူမ်ားေန႔’ ဆုိတာႀကီးကုိ ဘယ္လုိအက်ိဳးရွိရွိ ျဖတ္သန္းရမလဲဆုိတာ ေျပာျပခ်င္တာပါ။

(၁) ရုံးတက္လုိက္ပါ။

‘Valentine’s Day’ က အဂၤါေန႔ျဖစ္ေနေတာ့ ရုံးပိတ္မွာ မဟုတ္ဖူး။ ကုိယ္ဟာ ရုံးဝန္ထမ္း ဒါမွမဟုတ္ ေက်ာင္းသား ျဖစ္ေနရင္ေတာ့ လုပ္ေနက်အတုိင္း ရုံးပဲတက္လုိက္ပါ။ အတြဲရွိတဲ့သူေတြ ခြင့္ယူတုိင္း ကုိယ္လုိက္ယူစရာ အေၾကာင္းမရွိဘူးေလ။ အဲဒီေတာ့ ကုိယ့္အလုပ္ ကုိယ္လုပ္။

(၂) ဇာတ္ကားထုိင္ၾကည့္လုိက္ပါ။

ေနၾကာေစ့ေလွာ္စားၿပီး ဇာတ္ကားထုိင္ၾကည့္တာက ပုိအရသာရွိပါတယ္။ ‘Valentine’s Day’ မတုိင္ခင္မွာ ကုိယ္မၾကည့္ရေသးတဲ့ ဇာတ္ကားေတြကုိ ေရြးထား။ ၿပီးရင္ တစ္ေယာက္တည္း ဇာတ္ကားထုိင္ၾကည့္။ ရုပ္ရွင္ရုံကုိ သြားၾကည့္မယ္ဆုိရင္လည္း အဆင္ေျပတာပဲ။ Deception (ဥပါယ္တံမ်ဥ္) နဲ႔ Dimensions (မ်က္ႏွာျပင္မ်ား) ရုပ္ရွင္ဇာတ္ကားေတြ ရုံတင္ေနတယ္။ ရုပ္ရွင္ရုံမွာပဲ ေအးေအးလူလူ ေနလုိက္စမ္းပါ။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

(၃) အင္တာနက္သုံးလုိက္ပါ။

‘Valentine’s Day’ ဆုိရင္ စုံတြဲေတြက သူတုိ႔ဘာသာ အလုပ္ရႈပ္ေနေတာ့ အင္တာနက္သုံးၾကမွာ မဟုတ္ဖူး။ အဲဒီေတာ့ ကုိယ့္ကုိယ္ကုိ အင္တာနက္သုံးလုိက္။ လုိင္းပုိေကာင္းတာေပါ့။ ကံေကာင္းရင္ ဟုိဒင္းဗီဒီယုိေတြေတာင္ ၾကည့္ရဦးမယ္။ အဲဒီေတာ့ လုိင္းေကာင္းေကာင္းနဲ႔ အင္တာနက္ဖြင့္ထားလုိက္ပါ။

(၄) ဘဝတူေတြနဲ႔ ေလ်ွာက္လည္လုိက္။

ေလာကႀကီးထဲမွာ ကုိယ္တစ္ေယာက္တည္း Single ျဖစ္ေနတာ မဟုတ္ဖူး။ ကုိယ္လုိလူေတြ အမ်ားႀကီးရွိတယ္လုိ႔သာ သတ္မွတ္လုိက္ရင္ ဘာမွကုိ အားငယ္စရာ မရွိတာ။ အဲဒီေတာ့ ကုိယ့္သူငယ္ခ်င္းထဲက ဘဝတူေတြနဲ႔ ေလ်ွာက္လည္၊ မုန္႔စားလုိက္။ ပုိက္ဆံေလး ဘာေလး ပုိေနရင္ ေပ်ာ္ေပ်ာ္ပါးပါး ေသာက္လုိက္ပါဦး။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

(၅) ေလ့က်င့္ခန္းလုပ္လုိက္ပါ။

‘Valentine’s Day’ မွာ သူမ်ားေတြ အလုပ္ရႈပ္ေနတုန္း ကုိယ္က ေသြးပူေလ့က်င့္ခန္းလုပ္လုိက္။ Gym ေတြ ဘာေတြသြားၿပီး ေလ့က်င့္ခန္းလုပ္လုိက္။ စိတ္ညစ္စရာေတြ ေမ့ၿပီးေတာ့ အားလုံးအဆင္ေျပသြားလိမ့္မယ္။

ကဲ . . . . ဒါေတြကေတာ့ Single ေတြ ‘ခ်စ္သူမ်ားေန႔’ ကုိ ဘယ္လုိျဖတ္သန္းရမလဲဆုိတာကုိ ေဖာ္ျပလုိက္ရတာျဖစ္ပါတယ္။ ကဲ . . . အႀကိဳက္ခ်င္းတူရင္ လက္မေထာင္လုိက္ပါဦး။

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Valentine’s Day’ မှာ Single တွေ ဘာလုပ်သင့်သလဲ

‘Valentine’s Day’ မှာ Single တွေ ဘာလုပ်သင့်သလဲဆိုတော့ ငှက်ပျောတုံးဖက်အိပ်ခိုင်းတာတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ လျှောက်လည်စရာ အတွဲမရှိသေးတော့ ‘ချစ်သူများနေ့’ ဆိုတာကြီးကို ဘယ်လိုအကျိုးရှိရှိ ဖြတ်သန်းရမလဲဆိုတာ ပြောပြချင်တာပါ။

(၁) ရုံးတက်လိုက်ပါ။

‘Valentine’s Day’ က အင်္ဂါနေ့ဖြစ်နေတော့ ရုံးပိတ်မှာ မဟုတ်ဖူး။ ကိုယ်ဟာ ရုံးဝန်ထမ်း ဒါမှမဟုတ် ကျောင်းသား ဖြစ်နေရင်တော့ လုပ်နေကျအတိုင်း ရုံးပဲတက်လိုက်ပါ။ အတွဲရှိတဲ့သူတွေ ခွင့်ယူတိုင်း ကိုယ်လိုက်ယူစရာ အကြောင်းမရှိဘူးလေ။ အဲဒီတော့ ကိုယ့်အလုပ် ကိုယ်လုပ်။

(၂) ဇာတ်ကားထိုင်ကြည့်လိုက်ပါ။

နေကြာစေ့လှော်စားပြီး ဇာတ်ကားထိုင်ကြည့်တာက ပိုအရသာရှိပါတယ်။ ‘Valentine’s Day’ မတိုင်ခင်မှာ ကိုယ်မကြည့်ရသေးတဲ့ ဇာတ်ကားတွေကို ရွေးထား။ ပြီးရင် တစ်ယောက်တည်း ဇာတ်ကားထိုင်ကြည့်။ ရုပ်ရှင်ရုံကို သွားကြည့်မယ်ဆိုရင်လည်း အဆင်ပြေတာပဲ။ Deception (ဥပါယ်တံမျဉ်) နဲ့ Dimensions (မျက်နှာပြင်များ) ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်နေတယ်။ ရုပ်ရှင်ရုံမှာပဲ အေးအေးလူလူ နေလိုက်စမ်းပါ။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

(၃) အင်တာနက်သုံးလိုက်ပါ။

‘Valentine’s Day’ ဆိုရင် စုံတွဲတွေက သူတို့ဘာသာ အလုပ်ရှုပ်နေတော့ အင်တာနက်သုံးကြမှာ မဟုတ်ဖူး။ အဲဒီတော့ ကိုယ့်ကိုယ်ကို အင်တာနက်သုံးလိုက်။ လိုင်းပိုကောင်းတာပေါ့။ ကံကောင်းရင် ဟိုဒင်းဗီဒီယိုတွေတောင် ကြည့်ရဦးမယ်။ အဲဒီတော့ လိုင်းကောင်းကောင်းနဲ့ အင်တာနက်ဖွင့်ထားလိုက်ပါ။

(၄) ဘဝတူတွေနဲ့ လျှောက်လည်လိုက်။

လောကကြီးထဲမှာ ကိုယ်တစ်ယောက်တည်း Single ဖြစ်နေတာ မဟုတ်ဖူး။ ကိုယ်လိုလူတွေ အများကြီးရှိတယ်လို့သာ သတ်မှတ်လိုက်ရင် ဘာမှကို အားငယ်စရာ မရှိတာ။ အဲဒီတော့ ကိုယ့်သူငယ်ချင်းထဲက ဘဝတူတွေနဲ့ လျှောက်လည်၊ မုန့်စားလိုက်။ ပိုက်ဆံလေး ဘာလေး ပိုနေရင် ပျော်ပျော်ပါးပါး သောက်လိုက်ပါဦး။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

(၅) လေ့ကျင့်ခန်းလုပ်လိုက်ပါ။

‘Valentine’s Day’ မှာ သူများတွေ အလုပ်ရှုပ်နေတုန်း ကိုယ်က သွေးပူလေ့ကျင့်ခန်းလုပ်လိုက်။ Gym တွေ ဘာတွေသွားပြီး လေ့ကျင့်ခန်းလုပ်လိုက်။ စိတ်ညစ်စရာတွေ မေ့ပြီးတော့ အားလုံးအဆင်ပြေသွားလိမ့်မယ်။

ကဲ . . . . ဒါတွေကတော့ Single တွေ ‘ချစ်သူများနေ့’ ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို ဖော်ပြလိုက်ရတာဖြစ်ပါတယ်။ ကဲ . . . အကြိုက်ချင်းတူရင် လက်မထောင်လိုက်ပါဦး။

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။