မိန်းကလေးဆန်ဆန် အထာကျကျထိုးနိုင်မယ့် တက်တူးပုံလှလှလေးတွေ

မိန်းကလေးဆန်ဆန် အထာကျကျထိုးနိုင်မယ့် တက်တူးပုံလှလှလေးတွေ

{ZawGyi Version}




ဒီလို ပန်းပွင့်လေးတွေဆိုလည်း မိန်းကလေးဆန်တယ်နော်။
ဒီလို ပန်းပွင့်လေးတွေဆိုလည်း မိန်းကလေးဆန်တယ်နော်။
အရောင်လေးတွေလည်း ထည့်လို့ရတယ်။
ချစ်စရာအသုံးအဆောင်လေးတွေလည်း ထိုးလို့လှတယ်နော်။
The Tree
Aeroplane

 

Butterfly
Compass
Various Design

www.akhayar.com


{Unicode Version]

ဒီနေ့ခေတ် ခေတ်မီပြီး အထာကျကျနေထိုင်တတ်တဲ့ လူငယ်တွေအတွက် တက်တူးထိုးတဲ့ အနုပညာဟာ လူကြီးလူငယ်မရွေးကြား ပျံ့နှံ့လာတဲ့ ယဉ်ကျေးမှုတစ်ခုလို့ ဆိုနိုင်နေပါပြီ။ကိုယ့်ဘဝရဲ့ အထိမ်းအမှတ်တစ်ခုခု၊ နေ့စွဲအမှတ်အသားတစ်ခုခု၊ ရာသီခွင်တွေ၊ လွှမ်းမိုးတဲ့ ပုံရိပ်တွေ၊ စာသားတွေ၊ ချစ်ခင်မြတ်နိုးရသူတွေရဲ့ ရုပ်ပုံလေးတွေကို ခန္ဓာကိုယ်ပေါ်မှာ တစ်သက်လုံး သေရာပါအမှတ်အသားတစ်ခုအနေနဲ့ မှတ်တမ်းတင်ပုံဖော်လာကြတာဟာ ခုဆိုရင် လူထုကြားအတော်လေးကို စိမ့်ဝင်မှုအားကောင်းတဲ့ အနုပညာတစ်ရပ်ဖြစ်နေပါပြီ။

မြန်မာ့သမိုင်းမှာလည်း ရှေးယခင်က ထိုးကွင်းမင်ကြောင်ပုံစံအမျိုးစုံကို စုတ်ထိုးပြီး ယောက်ျားတို့သတ္တိကို အမျိုးမျိုးပြသခဲ့ရာကနေ ခေတ်ကာလရွေ့လျားမှုတွေကြား ခုလို လူနေမှုပုံစံစနစ်တွေပြောင်းလာတဲ့ (၂၁) ရာစုမှာတော့ တက်တူးဟာ ယောကျာ်းလေးတွကြားသာမက ခေတ်မီပြီးဖက်ရှင်ကျကျနေထိုင်တတ်တဲ့ မိန်းကလေးတိုင်းအတွက်ပါ ဖက်ရှင်ရေစီးကြောင်း အသစ်တစ်ခုအနေနဲ့ ကျယ်ပြန့်လာနေပါပြီ။

တက်တူးဆိုတိုင်း တစ်ကိုယ်လုံးနီးပါး ဒါမှမဟုတ် လက်မောင်း၊ ကိုယ်ထည်တွေမှာ ကြီးကြီးမားမားအပြည့်ကြီးတွေထိုးမှ အနုပညာဆန်တာမဟုတ်ပါဘူးနော်။ အဲ့လို ကြီးကြီးမားမား တက်တူးတွေဆိုလည်း ယောက်ျားလေးတွေအများစုသာ ထိုးတတ်ကြတာဆိုတော့ တက်တူးလည်းထိုးချင်၊ အရမ်းကြီး သိသာမှာလည်းမကြိုက်တဲ့ မိန်းကလေးတွေအတွက် အဓိပ္ပာယ်လည်းရှိ၊ အထာလည်းကျတဲ့အပြင် ထိုးထားမှန်းလည်း မသိသာတဲ့ မိန်းကလေးဆန်ဆန် တက်တူးလှလှလေးတွေကို အထာကျကျထိုးဖို့ တက်တူးပုံစံ အိုင်ဒီယာဆန်းဆန်းလေးတွေကို Akhayar Fashion ချစ်သူတွေအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီလို ပန်းပွင့်လေးတွေဆိုလည်း မိန်းကလေးဆန်တယ်နော်။
ဒီလိုု ပန်းပွင့်လေးတွေဆိုလည်း မိန်းကလေးဆန်တယ်နော်။
နောက်ကျောဘက်လေးတွေမှာလည်း လှတယ်နော်။
အရောင်လေးတွေလည်း ထည့်လိုု့ရတယ်။
ပန်းပွင့်လေးတွေကတော့ မိန်းကလေးတွေအတွက် အသင့်တော်ဆုံးပါ။
ကိုယ်သဘောကျတဲ့ အမှတ်အသားလေးတွေထိုးရင်လည်း အထာကျစေမှာပါ။
ဌက်ကလေးတွေက လွတ်လပ်မှုရဲ့ ပြယုဂ်တစ်ခုပါ။ ကိုယ့်အမှတ်တရ နေ့စွဲလေးတွေဆိုလည်း သေးသေးလေးနဲ့ လှနေစေမှာနော်။
ချစ်စရာအသုံးအဆောင်လေးတွေလည်း ထိုးလို့လှတယ်နော်။
The Tree
Aeroplane
Butterfly
Free
Compass
Various Design
Various Design

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။