[Zawgyi]

‘Head Above Water’ လို Christian Rock သီခ်င္းကို Avril Lavigne ဘာေၾကာင့္ဆိုခဲ့သလဲ

၂၀၀၂ ဝန္းက်င္ေလာက္စျပီး နာမည္ၾကီးခဲ့တဲ့ Pop-punk Queen ေလး Avril Lavigne ဟာ ဒီဘက္ေခတ္ေႏွာင္းပိုင္းမွာေတာ့ ေပ်ာက္ေနတာ ေတာ္ေတာ္ၾကာျပီးမွ ျပန္ေပၚလာခဲ့ပါတယ္။ Skateboard ေလးကိုင္ျပီး သီခ်င္းဆိုခဲ့တဲ့ ဂ်စ္ကန္ကန္ေကာင္မေလးကေန ‘Head Above Water’ လို သီခ်င္းမ်ိဳးကို သီက်ဴးတဲ့အထိ အေျပာင္းလဲၾကီး ေျပာငး္လဲခဲ့ပါျပီ။

သူဘယ္လို ေျပာင္းလဲခဲ့ပါသလဲ။ Avril ဟာ လူေရွ႕သူေရွ႕ Attention Seeking သိပ္မလုပ္ေပမယ့္ သူ ေသဆံုးသြားျပီဆုိတဲ့ သတင္းတစ္ပုဒ္ကေတာ့ အခုိင္အမာ ထြက္ခဲ့ပါေသးတယ္။ တကယ္ေတာ့ သူဟာ မေသဘဲ ေရာဂါတစ္ခုနဲ႔ တိုက္ခုိက္ခဲ့ရတာ ျဖစ္ပါတယ္။ Billboard နဲ႔ အင္တာဗ်ဴးမွာ သူ႔ရဲ႕ ခင္ပြန္းေဟာင္းေတြ ျဖစ္တဲ့ Nickelback ရဲ႕အဆိုေတာ္ Chad Kroeger နဲ႔ Sum 41 ရဲ႕ အဆိုေတာ္ Deryck Whibley တို႔အေၾကာင္းေျပာခဲ့သလို သူ႔ရဲ႕ ပရိသတ္ျမင္ကြင္းကေန ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ကြယ္ေနရတဲ့ အေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါတယ္။ ဒီလို ေပ်ာက္ကြယ္ေနခဲ့ရတာကေတာ့ Lyme Disease လို႔ ေခၚတဲ့ ေရာဂါကို ခံစားရတဲ့အတြက္ပါ။

Chad Kroeger and avril lavigne

Chad Kroeger and avril lavigne

Avril Lavigne and Deryck Whibley

Avril Lavigne and Deryck Whibley

Lyme Disease ဆိုတာ ကူးစက္တတ္တဲ့ ေရာဂါျဖစ္ျပီး ကုသမႈမခံယူလို႔ရွိရင္ အဆစ္အျမစ္ေတြနာတာ၊ ေခါင္းကိုက္တာနဲ႔ ႏွလံုးတုန္ရင္ခုန္လည္း ျဖစ္ပါလိမ့္မယ္။ Avirl ဟာ အင္တာဗ်ဴးမွာ ‘Pop နဲ႔ Rock သီခ်င္းေတြကို Hip Hop ကအစားထိုးသြားတဲ့ ဂီတေစ်းကြက္ကိုလည္း မ်က္ေျခမျပတ္ေၾကာင္း၊ ကြာရွင္းျပတ္စဲမႈေတြအတြက္လည္း ငိုေၾကြးေနတာမဟုတ္ေၾကာငး္နဲ႔ ေရာဂါနဲ႔သာ တုိက္ခုိက္ေနရတာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Avril Lavigne ဟာ ၂၀၁၄ ခုႏွစ္မွာ ေနမေကာင္းစျဖစ္ျပီးေတာ့ စစ္ေဆးတဲ့အခါမွာ Lyme ေရာဂါမွန္းသိတာပါ။ သူဟာ ဒီေရာဂါနဲ႔ အိပ္ရာထဲ ၂ ႏွစ္နီးပါးေလာက္လဲေနခဲ့ရပါတယ္။ တစ္ညမွာေတာ့ Avril မွတ္မိခဲ့တာက သူဟာ အိပ္ရာထဲမွာ လဲေလ်ာင္းေနျပီး အသက္ရႈဖို႔ ၾကိဳးစားရုန္းကန္ေနခဲ့ပါတယ္။ သူ႔အေမကေတာ့ သူ႔ေဘးမွာ အတူရွိလို႔ေပါ့။ “ကၽြန္မဟာ ေရေအာက္ေရာက္ေနတယ္၊ ေရနစ္ေနတယ္လို႔ ခံစားရျပီး ေလရဖို႔ အတင္းအထက္ကို တုိးထြက္ေနရသလိုပါပဲ။ ဒီလို ျဖစ္ေနခ်ိန္မွာ ကၽြန္မတုိင္တည္မိတာက God, help me keep my head above the water ဆုိတာ ျဖစ္ျပီး ဒါေၾကာင့္ပဲ ‘Head Above Water’ ဆိုတဲ့ သီခ်င္းရဲ႕ အဓိကအေၾကာင္းရင္း ျဖစ္ေစခဲ့ပါတယ္။

အခုေတာ့ က်န္းမာေရးျပန္လည္ေကာင္းမြန္လာျပီျဖစ္လို႔ Avril တစ္ေယာက္ သီခ်င္းေကာငး္ေတြ ဆက္လက္ဖန္တီးႏုိင္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : themuse.jezebel.com
[Unicode]

‘Head Above Water’ လို Christian Rock သီချင်းကို Avril Lavigne ဘာကြောင့်ဆိုခဲ့သလဲ

၂၀၀၂ ဝန်းကျင်လောက်စပြီး နာမည်ကြီးခဲ့တဲ့ Pop-punk Queen လေး Avril Lavigne ဟာ ဒီဘက်ခေတ်နှောင်းပိုင်းမှာတော့ ပျောက်နေတာ တော်တော်ကြာပြီးမှ ပြန်ပေါ်လာခဲ့ပါတယ်။။ Skateboard လေးကိုင်ပြီး သီချင်းဆိုခဲ့တဲ့ ဂျစ်ကန်ကန်ကောင်မလေးကနေ ‘Head Above Water’ လို သီချင်းမျိုးကို သီကျူးတဲ့အထိ အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါပြီ။

သူဘယ်လို ပြောင်းလဲခဲ့ပါသလဲ။ Avril ဟာ လူရှေ့သူရှေ့ Attention Seeking သိပ်မလုပ်ပေမယ့် သူ သေဆုံးသွားပြီဆိုတဲ့ သတင်းတစ်ပုဒ်ကတော့ အခိုင်အမာ ထွက်ခဲ့ပါသေးတယ်။ တကယ်တော့ သူဟာ မသေဘဲ ရောဂါတစ်ခုနဲ့ တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ Billboard နဲ့ အင်တာဗျူးမှာ သူ့ရဲ့ ခင်ပွန်းဟောင်းတွေ ဖြစ်တဲ့ Nickelback ရဲ့အဆိုတော် Chad Kroeger နဲ့ Sum 41 ရဲ့ အဆိုတော် Deryck Whibley တို့အကြောင်းပြောခဲ့သလို သူ့ရဲ့ ပရိသတ်မြင်ကွင်းကနေ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေရတဲ့ အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ ဒီလို ပျောက်ကွယ်နေခဲ့ရတာကတော့ Lyme Disease လို့ ခေါ်တဲ့ ရောဂါကို ခံစားရတဲ့အတွက်ပါ။

Chad Kroeger and avril lavigne

Chad Kroeger and avril lavigne

Avril Lavigne and Deryck Whibley

Avril Lavigne and Deryck Whibley

Lyme Disease ဆိုတာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ကုသမှုမခံယူလို့ရှိရင် အဆစ်အမြစ်တွေနာတာ၊ ခေါင်းကိုက်တာနဲ့ နှလုံးတုန်ရင်ခုန်လည်း ဖြစ်ပါလိမ့်မယ်။ Avirl ဟာ အင်တာဗျူးမှာ ‘Pop နဲ့ Rock သီချင်းတွေကို Hip Hop ကအစားထိုးသွားတဲ့ ဂီတဈေးကွက်ကိုလည်း မျက်ခြေမပြတ်ကြောင်း၊ ကွာရှင်းပြတ်စဲမှုတွေအတွက်လည်း ငိုကြွေးနေတာမဟုတ်ကြောင်းနဲ့ ရောဂါနဲ့သာ တိုက်ခိုက်နေရတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Avril Lavigne ဟာ ၂၀၁၄ ခုနှစ်မှာ နေမကောင်းစဖြစ်ပြီးတော့ စစ်ဆေးတဲ့အခါမှာ Lyme ရောဂါမှန်းသိတာပါ။ သူဟာ ဒီရောဂါနဲ့ အိပ်ရာထဲ ၂ နှစ်နီးပါးလောက်လဲနေခဲ့ရပါတယ်။ တစ်ညမှာတော့ Avril မှတ်မိခဲ့တာက သူဟာ အိပ်ရာထဲမှာ လဲလျောင်းနေပြီး အသက်ရှုဖို့ ကြိုးစားရုန်းကန်နေခဲ့ပါတယ်။ သူ့အမေကတော့ သူ့ဘေးမှာ အတူရှိလို့ပေါ့။ “ကျွန်မဟာ ရေအောက်ရောက်နေတယ်၊ ရေနစ်နေတယ်လို့ ခံစားရပြီး လေရဖို့ အတင်းအထက်ကို တိုးထွက်နေရသလိုပါပဲ။ ဒီလို ဖြစ်နေချိန်မှာ ကျွန်မတိုင်တည်မိတာက God, help me keep my head above the water ဆိုတာ ဖြစ်ပြီး ဒါကြောင့်ပဲ ‘Head Above Water’ ဆိုတဲ့ သီချင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်စေခဲ့ပါတယ်။

အခုတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ Avril တစ်ယောက် သီချင်းကောင်းတွေ ဆက်လက်ဖန်တီးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : themuse.jezebel.com