[Zawgyi]

DJ Avicii ရဲ့ ေသဆံုးမႈမွာ ျပစ္မႈမလြတ္ကင္းတာမ်ိဳး မေတြ႔ရွိရဘူးလို႔ ရဲတပ္ဖြဲ႕ေျပာၾကား

“Wake Me Up” နဲ႔ “Levels” တို႔လို နာမည္ၾကီးသီခ်င္းေတြကို ထုတ္လုပ္ခဲ့တဲ့ ဆြီဒင္လူမ်ိဳး Avicii ဟာ ျပီးခဲ့တဲ့ ေသာၾကာေန႔က Oman၊ Muscat မွာ ေသဆံုးသြားခဲ့ပါျပီ။ နာမည္ရင္းက Tim Bergling ျဖစ္ျပီးေတာ့ ေသဆံုးခ်ိန္မွာ အသက္ ၂၈ ႏွစ္သာရွိပါေသးတယ္။

ေသဆံုးရတဲ့ အေၾကာင္းအရင္းကို မေဖာ္ျပထားခဲ့ေပမယ့္ Oman ရဲတပ္ဖြဲ႔ရဲ့ ေျပာၾကားခ်က္ေတြအရ ေသျပီး စစ္ေဆးခ်က္မ်ားမွာ ျပစ္မႈပိုင္းဆိုင္ရာ မလြတ္ကင္းတဲ့ ေသဆံုးမႈမ်ိဳး မေတြ႔ခဲ့ရဘူးလို႔ ဆုိပါတယ္။ Avicii ဘက္က လူေတြကေတာ့ ဒီကိစၥကို ဘာမွ ေျပာၾကားျခင္းမရွိပါဘူး။

သူ႔ရဲ့ ရုပ္အေလာင္းကို ဆြီဒင္ကို ဒီတစ္ပတ္ထဲ ျပန္ပို႔မွာ ျဖစ္ျပီး သူ႔ရဲ့ ညီအစ္ကုိေမာင္ႏွမေတြနဲ႔ မိဘေတြေတာ့ အရမ္းကို ေၾကကြဲဝမ္းနည္းေနၾကပါတယ္။ သူေသဆံုးတဲသတင္းဟာ တကယ့္ကို လူေတြကို တုန္လႈပ္ေစခဲ့ျပီး အထူးသျဖင့္ေတာ့ သူ႔ေမြးရပ္ေျမဆြီဒင္နဲ႔ ဥေရာပတိုက္မွာရွိတဲ့ သူ႔ပရိသတ္ေတြအတြက္ေတာ့ အရမ္းကို ေၾကကြဲစရာပါပဲ။

ကယ္လီဖိုးနီးယားမွာလုပ္တဲ့ ၂၀၁၈ Coachella ဂီတပြဲေတာ္မွာ ေနာ္ေဝလူမ်ိဳး DJ Kygo ကေတာ့ သူ႔ေဖ်ာ္ေျဖမႈ ေနာက္ဆံုးအပုဒ္အျဖစ္ Avicii ရဲ့ “Without You” ကို တီးသြားခဲ့ပါတယ္။ “သူ Electronic Music ေတြ စတီးခဲ့တာ Avicii ေၾကာင့္လည္း ပါပါတယ္။ သူ႔ေၾကာင့္သာ မဟုတ္ရင္ ဒီလိုေနရာမွာ ရွိေနမွာလည္း မဟုတ္ပါဘူး၊ ဒါေၾကာင့္ Avicii လို ဂီတပါရမီရွင္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီသီခ်င္းကို ဖြင့္ပါရေစ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

Coachell ရဲ့ Twitter မွာလည္း Thank you, Tim ဆိုျပီး တင္ထားခဲ့ပါတယ္။

ဒါတင္မဟုတ္ဘဲ Avicii ရဲ့ ေမြးရာျမိဳ႕ျဖစ္တဲ့ ဆြီဒင္၊ စေတာ့ခ္ဟုမ္းက Sergels Tog ရင္ျပင္မွာလည္း သူ႔ရဲ့ ပရိသတ္ေတြ ေထာင္ခ်ီစုေဝးျပီး ျငိမ္သက္ဆႏၵျပဳခဲ့ၾကပါေသးတယ္။

နယ္သာလန္မွာဆိုရင္လည္း ႏုိင္ငံရဲ့ အရွည္ဆံုးေမွ်ာ္စင္ဘုရားေက်ာင္းျဖစ္တဲ့ Dom Tower of Utrecht မွာ Avicii ရဲ့ “Wake Me Up, “Without You” နဲ႔ “Hey Brother” သီခ်င္းေတြကို ဖြင့္ထားခဲ့ပါေသးတယ္။

ဒါေၾကာင့္ Wake Me Up ဆိုျပီး ဘာလို႔ ျပန္လည္မႏုိးထေတာ့တာလဲ Avicii ရယ္လို႔သာ ေျပာၾကားခ်င္ပါေတာ့တယ္။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

DJ Avicii ရဲ့ သေဆုံးမှုမှာ ပြစ်မှုမလွတ်ကင်းတာမျိုး မတွေ့ရှိရဘူးလို့ ရဲတပ်ဖွဲ့ပြောကြား

“Wake Me Up” နဲ့ “Levels” တို့လို နာမည်ကြီးသီချင်းတွေကို ထုတ်လုပ်ခဲ့တဲ့ ဆွီဒင်လူမျိုး Avicii ဟာ ပြီးခဲ့တဲ့ သောကြာနေ့က Oman၊ Muscat မှာ သေဆုံးသွားခဲ့ပါပြီ။ နာမည်ရင်းက Tim Bergling ဖြစ်ပြီးတော့ သေဆုံးချိန်မှာ အသက် ၂၈ နှစ်သာရှိပါသေးတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းကို မဖော်ပြထားခဲ့ပေမယ့် Oman ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်တွေအရ သေပြီး စစ်ဆေးချက်များမှာ ပြစ်မှုပိုင်းဆိုင်ရာ မလွတ်ကင်းတဲ့ သေဆုံးမှုမျိုး မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ Avicii ဘက်က လူတွေကတော့ ဒီကိစ္စကို ဘာမှ ပြောကြားခြင်းမရှိပါဘူး။

သူ့ရဲ့ ရုပ်အလောင်းကို ဆွီဒင်ကို ဒီတစ်ပတ်ထဲ ပြန်ပို့မှာ ဖြစ်ပြီး သူ့ရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ မိဘတွေတော့ အရမ်းကို ကြေကွဲဝမ်းနည်းနေကြပါတယ်။ သူသေဆုံးတဲသတင်းဟာ တကယ့်ကို လူတွေကို တုန်လှုပ်စေခဲ့ပြီး အထူးသဖြင့်တော့ သူ့မွေးရပ်မြေဆွီဒင်နဲ့ ဥရောပတိုက်မှာရှိတဲ့ သူ့ပရိသတ်တွေအတွက်တော့ အရမ်းကို ကြေကွဲစရာပါပဲ။

ကယ်လီဖိုးနီးယားမှာလုပ်တဲ့ ၂၀၁၈ Coachella ဂီတပွဲတော်မှာ နော်ဝေလူမျိုး DJ Kygo ကတော့ သူ့ဖျော်ဖြေမှု နောက်ဆုံးအပုဒ်အဖြစ် Avicii ရဲ့ “Without You” ကို တီးသွားခဲ့ပါတယ်။ “သူ Electronic Music တွေ စတီးခဲ့တာ Avicii ကြောင့်လည်း ပါပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် ဒီလိုနေရာမှာ ရှိနေမှာလည်း မဟုတ်ပါဘူး၊ ဒါကြောင့် Avicii လို ဂီတပါရမီရှင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီသီချင်းကို ဖွင့်ပါရစေ”လို့ ပြောကြားသွားခဲ့ပါတယ်။

Coachell ရဲ့ Twitter မှာလည်း Thank you, Tim ဆိုပြီး တင်ထားခဲ့ပါတယ်။

ဒါတင်မဟုတ်ဘဲ Avicii ရဲ့ မွေးရာမြို့ဖြစ်တဲ့ ဆွီဒင်၊ စတော့ခ်ဟုမ်းက Sergels Tog ရင်ပြင်မှာလည်း သူ့ရဲ့ ပရိသတ်တွေ ထောင်ချီစုဝေးပြီး ငြိမ်သက်ဆန္ဒပြုခဲ့ကြပါသေးတယ်။

နယ်သာလန်မှာဆိုရင်လည်း နိုင်ငံရဲ့ အရှည်ဆုံးမျှော်စင်ဘုရားကျောင်းဖြစ်တဲ့ Dom Tower of Utrecht မှာ Avicii ရဲ့ “Wake Me Up, “Without You” နဲ့ “Hey Brother” သီချင်းတွေကို ဖွင့်ထားခဲ့ပါသေးတယ်။

ဒါကြောင့် Wake Me Up ဆိုပြီး ဘာလို့ ပြန်လည်မနိုးထတော့တာလဲ Avicii ရယ်လို့သာ ပြောကြားချင်ပါတော့တယ်။

Yoe Lu (Akhayar)

www.akhayar.com