[Zawgyi]

ဝင္ေငြေဒၚလာ ၂ဘီလီယံေက်ာ္ ရရွိတဲ့ ဇာတ္ကားမ်ားစာရင္းမွာ ပါဝင္လာတဲ့ ‘Avengers : Infinity War (2018)’

Marvel Studios ရဲ့ ဝက္ဝက္ကြဲလူၾကဳိက္မ်ားတဲ့ ဇာတ္ကားျဖစ္တဲ့ ‘Avengers : Infinity War (2018)’ရဲ့ ဝင္ေငြဟာ ျပီးခဲ့တဲ့ တနလၤာေန႔က ေဒၚလာ ၂ ဘီလီယံ ေက်ာ္သြားခဲ့ပါတယ္။ ဒါဟာ ရံုတင္ျပီး ၄၈ ရက္ေျမာက္အၾကာမွာ ရရွိခဲ့တဲ့ စံခ်ိန္ျဖစ္ျပီး ဒါေၾကာင့္ပဲ Disney က ‘Infinity War’ ဇာတ္ကားဟာ ဝင္ေငြေဒၚလာ ၂ ဘီလီယံေက်ာ္ရရွိခဲ့တဲ့ ဇာတ္ကားမ်ားစာရင္းကို ဝင္ခဲ့ျပီလို႔ ေၾကညာခဲ့ပါတယ္။

Avengers : Infinity War

Avengers : Infinity War

ကမာၻတဝွမ္း ဝင္ေငြ ေဒၚလာ ၂ ဘီလီယံေက်ာ္ရရွိခဲ့တဲ့ တျခားဇာတ္ကားေတြကေတာ့ ‘Avatar (2009)၊ ‘Titanic (1997)’ နဲ႔ ‘Star Wars : The Force Awakens (2015)’ တို႔ပဲ ျဖစ္ပါတယ္။ အဲဒီဇာတ္ကား ၃ ကားလံုးဟာ ပိတ္ရက္ကာလျဖစ္တဲ့ ဒီဇင္ဘာလမွာ ျဖန္႔ခ်ိရံုတင္ျပသခဲ့ၾကတာ ျဖစ္ျပီး ‘Infinity War’ ကေတာ့ ပိတ္ရက္ကာလမဟုတ္တဲ့ အခ်ိန္မွာ ရံုတင္ျပသျပီး ေဒၚလာ ၂ ဘီလီယံေက်ာ္ရရွိခဲ့တဲ့ ပထမဆံုးဇာတ္ကားလည္း ျဖစ္ပါတယ္။

Avatar (2009)

Avatar (2009)

Titanic (1997)

Titanic (1997)

Star Wars : The Force Awakens (2015)

Star Wars : The Force Awakens (2015)

မီဂါစတားသရုပ္ေဆာင္ေတြ ျဖစ္တဲ့ Robert Downey Jr အျပင္ Chris Evans တုိ႔လို သရုပ္ေဆာင္ေတြ အမ်ားၾကီးပါတဲ့ ဒီဇာတ္ကားဟာ ကမာၻ႔ဝင္ေငြရရွိမႈအမ်ားဆံုးဇာတ္ကားစာရင္းမွာ အဆင့္(၄) ေနရာခ်ိတ္ခဲ့တဲ့အတြက္ Disney အတြက္ေတာ့ ေရႊထီးေဆာင္းတဲ့ ကာလလို႔ ေျပာလို႔ ရပါတယ္။

Robert Downey Jr

Robert Downey Jr

Chris Evans

Chris Evans

‘Avengers : Infinity War (2018)’ ရုပ္ရွင္ဟာ ဧျပီလကုန္မွာ စတင္ျပသတည္းက Box Office စံခ်ိန္ေတြကို တစ္ခုျပီးတစ္ခု ခ်ိဳးခဲ့တာ ျဖစ္ပါတယ္။ ‘Infinity War’ ဟာ စတင္ျပသတဲ့ အပတ္မွာပဲ တစ္ကမာၻလံုးအတုိင္းအတာနဲ႔ ေဒၚလာ သန္း ၆၄၀ နဲ႔ ဝင္ေငြေကာငးတဲ့ ဇာတ္ကားေတြ စာရင္းကို ဝုန္းဒုိင္းၾကဲ ဝင္ေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။

ကမာၻ႔ဝင္ေငြအေကာင္းဆံုးဇာတ္ကားစာရင္းမွာ Avatar (2009) က ေဒၚလာ 2,787,965,087 နဲ႔ ပထမ၊ Titanic (1997) က ေဒၚလာ 2,186,772,302 နဲ႔ ဒုတိယေနရာေရာက္ရွိေနျပီး တတိယေနရာမွာေတာ့ Star Wars: The Force Awakens က ေဒၚလာ 2,054,708,260 နဲ႔ ဦးေဆာင္ေနပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : money.cnn.com
[Unicode]

ဝင်ငွေဒေါ်လာ ၂ဘီလီယံကျော် ရရှိတဲ့ ဇာတ်ကားများစာရင်းမှာ ပါဝင်လာတဲ့ ‘Avengers : Infinity War (2018)’

Marvel Studios ရဲ့ ဝက်ဝက်ကွဲလူကြိုက်များတဲ့ ဇာတ်ကားဖြစ်တဲ့ ‘Avengers : Infinity War (2018)’ရဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဒေါ်လာ ၂ ဘီလီယံ ကျော်သွားခဲ့ပါတယ်။ ဒါဟာ ရုံတင်ပြီး ၄၈ ရက်မြောက်အကြာမှာ ရရှိခဲ့တဲ့ စံချိန်ဖြစ်ပြီး ဒါကြောင့်ပဲ Disney က ‘Infinity War’ ဇာတ်ကားဟာ ဝင်ငွေဒေါ်လာ ၂ ဘီလီယံကျော်ရရှိခဲ့တဲ့ ဇာတ်ကားများစာရင်းကို ဝင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

Avengers : Infinity War

Avengers : Infinity War

ကမ္ဘာတဝှမ်း ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော်ရရှိခဲ့တဲ့ တခြားဇာတ်ကားတွေကတော့ ‘Avatar (2009)၊ ‘Titanic (1997)’ နဲ့ ‘Star Wars : The Force Awakens (2015)’ တို့ပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်ကား ၃ ကားလုံးဟာ ပိတ်ရက်ကာလဖြစ်တဲ့ ဒီဇင်ဘာလမှာ ဖြန့်ချိရုံတင်ပြသခဲ့ကြတာ ဖြစ်ပြီး ‘Infinity War’ ကတော့ ပိတ်ရက်ကာလမဟုတ်တဲ့ အချိန်မှာ ရုံတင်ပြသပြီး ဒေါ်လာ ၂ ဘီလီယံကျော်ရရှိခဲ့တဲ့ ပထမဆုံးဇာတ်ကားလည်း ဖြစ်ပါတယ်။

Avatar (2009)

Avatar (2009)

Titanic (1997)

Titanic (1997)

Star Wars : The Force Awakens (2015)

Star Wars : The Force Awakens (2015)

မီဂါစတားသရုပ်ဆောင်တွေ ဖြစ်တဲ့ Robert Downey Jr အပြင် Chris Evans တို့လို သရုပ်ဆောင်တွေ အများကြီးပါတဲ့ ဒီဇာတ်ကားဟာ ကမ္ဘာ့ဝင်ငွေရရှိမှုအများဆုံးဇာတ်ကားစာရင်းမှာ အဆင့်(၄) နေရာချိတ်ခဲ့တဲ့အတွက် Disney အတွက်တော့ ရွှေထီးဆောင်းတဲ့ ကာလလို့ ပြောလို့ ရပါတယ်။

Robert Downey Jr

Robert Downey Jr

Chris Evans

Chris Evans

‘Avengers : Infinity War (2018)’ ရုပ်ရှင်ဟာ ဧပြီလကုန်မှာ စတင်ပြသတည်းက Box Office စံချိန်တွေကို တစ်ခုပြီးတစ်ခု ချိုးခဲ့တာ ဖြစ်ပါတယ်။ ‘Infinity War’ ဟာ စတင်ပြသတဲ့ အပတ်မှာပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ သန်း ၆၄၀ နဲ့ ဝင်ငွေကောငးတဲ့ ဇာတ်ကားတွေ စာရင်းကို ဝုန်းဒိုင်းကြဲ ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဇာတ်ကားစာရင်းမှာ Avatar (2009) က ဒေါ်လာ 2,787,965,087 နဲ့ ပထမ၊ Titanic (1997) က ဒေါ်လာ 2,186,772,302 နဲ့ ဒုတိယနေရာရောက်ရှိနေပြီး တတိယနေရာမှာတော့ Star Wars: The Force Awakens က ဒေါ်လာ 2,054,708,260 နဲ့ ဦးဆောင်နေပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : money.cnn.com

Photo Credit : screenrent.com