ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်တဲ့ Lamborghini ၊ Pikachu ၊ Barca ၊ Guerlain တို့နဲ့ ပူးပေါင်းပြီး လူငယ်များအကြိုက်တွေ့စေမယ့် Limited Edition စမတ်ဖုန်းများ ထုတ်လုပ်ခဲ့သော OPPO ဟာ Marvel နဲ့ပူးပေါင်းပြီး Avengers Edition စမတ်ဖုန်းကို မကြာမီ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဟီးရိုးတစ်ယောက်ထဲနဲ့ ဖြေရှင်းတာထက် စုပေါင်းဖြေရှင်းတာက ပို Strong ဖြစ်တယ်ဆိုတဲ့ Avengers ဇာတ်ကားတွေလို စမတ်ဖုန်းအသုံးပြုသူတွေရဲ့ လိုအပ်ချက် အကောင်းဆုံးဖြည့်ဆည်းပေးမယ့် OPPO ကလည်း Portrait Master ဖြစ်သော F11 Pro ဖန်တီးခဲ့ပြီဖြစ်ပါတယ်။

Image (Rappler)

Avengers Edition ဖုန်းမှာဆိုရင် အဖွဲ့ခေါင်းဆောင် Captain America လို လှပခံ့ညားတဲ့ ကိုယ်ထည်ဒီဇိုင်း၊ Iron Man လို နည်းပညာမြင့် Rising Camera ၊ Thor လို မြန်ဆန်တဲ့ VOOC Charge 3.0 အားသွင်းစနစ်၊ Hulk လို 6GB RAM + 128GB ROM သိုလှောင်မှုပမာဏ၊ Black Widow လို လျှင်မြန်တဲ့ Hyper Boost စနစ်နဲ့ ညမှာလည်း မြားပစ်ကျွမ်းတဲ့ Hawkeye လို အလင်းမှိန်မှိန် ပုံရိပ်များကို ထင်ရှားစွာရိုက်ကူးနိုင်တဲ့ 48MP ပါ ကျောဘက်ကင်မရာနှစ်လုံးတို့ ပါဝင်ပါတယ်။

Image (Unbox)

စမတ်ဖုန်းအရောင်ကို Avengers: Endgame ရုပ်ရှင်ဇာတ်ကားမှ စေ့ဆော်ဖန်တီးထားခြင်းဖြစ်ပြီး Space Blue အရောင်လို့ နာမည်ပေးထားပါတယ်။ ဖုန်းကိုယ်ထည်နောက်ခံကို အပြာရောင်ဆဋ္ဌဂံအကွက်လေးများဖြင့် အလှဆင်ထားပြီး OPPO အမှတ်တံဆိပ်ရောင်ပြေး Effect များကို ထည့်သွင်းပုံဖော်ထားပါတယ်။ အနီရောင်ရင့်ရင့်ရှိတဲ့ Avengers Logo ကလည်း ဆန့်ကျင်ဘက်အရောင်ပေါင်းစပ်မှုကို ဖန်တီးပေးရုံသာမက ဘေးဖက်က အနီရောင်ခလုတ်ကိုလည်း သိသာထင်ရှားစေပါတယ်။

Image (Unbox)

OPPO Myanmar အနေနဲ့ F11 Pro Avengers Limited Edition ဖုန်းကို ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ OPPO F11 Pro စမတ်ဖုန်းဟာ Water Drop Notch မျက်နှာပြင်၊ ၆.၅ လက်မရှိတဲ့ Panoramic Screen ၊ ၉၀.၇၀% ရှိတဲ့ Screen to Body Ratio ၊ ညအချိန်မှာလဲ ပိုမိုကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကိုရရှိစေမယ့် 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ ပိုမိုလှပသော Selfie ပုံများကို ရရှိစေမယ့် 16MP AI Beauty ရှေ့ဘက်ကင်မရာတို့ ပါဝင်ပါတယ်။

Image (Timeincuk)

ပုံမှန်အားသွင်းစနစ်များထက် တစ်နာရီပိုမြန်တဲ့ VOOC 3.0 အမြန်အားသွင်းစနစ်၊ 4,020 mAh ဘက်ထရီပမာဏ၊ ဖုန်းစွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေပြီး တုံ့ပြန်အားကောင်းတဲ့ Hyper Boost စနစ်၊ 4GB RAM+ 128GB ROM နဲ့ ColorOS 6 ဖြင့် ထွက်ရှိလာမှာဖြစ်ပါတယ်။ F11 ဖုန်းကို ဆန်းသစ်လှပသော Fluorite Purple အရောင်နှင့် Marble Green 3D အရောင်ပြေးကာလာ ၂ မျိုးနဲ့ ရရှိဦးမှာဖြစ်ပါတယ်။ စူပါဟီးရိုးစွမ်းအားများကို စုပေါင်းထားသည့်အလား ဖန်တီးထားပြီး Avengers Limited Edition စမတ်ဖုန်းကို Endgame ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ရုံတင်ပြသမည့် ဧပြီလ (၂၆) ရက်နေ့တွင် ရန်ကုန်မြို့ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံ၌ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

2B (Akhayar)
www.akhayar.com