[Zawgyi]

လက္စတာအသင္းအတြက္ ဒ႑ာရီဆန္တဲ့ ပုံျပင္ကုိ အသက္သြင္းခဲ့သူ ပဲ့ကုိင္ရွင္ ဗီခ်ိဳင္း Vichai

၂၈-၁၀-၂၀၁၈။ အဲဒီေန႔ဟာ လက္စတာပရိသတ္ေတြအတြက္ ဘယ္ေတာ့မွ ေမ့ႏုိင္စရာ၊ ထိခုိက္ေၾကကဲြစရာ အေကာင္းဆုံး ေန႔ရက္တစ္ခု ျဖစ္လာခဲ့ၿပီ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတို႔အသင္းအတြက္ ဒ႑ာရီဆန္ဆန္ ပုံျပင္ကုိ အသက္သြင္းခဲ့သူ၊ အသင္း ေအာင္ျမင္ဖုိ႔ စိတ္ေရာ၊ ကုိယ္ပါ ရင္းႏွီးျမဳပ္ႏွံခဲ့သူ အသင္းပုိင္ရွင္ ဗီခ်ိဳင္း Vichai Srivaddhanaprabha ရဟတ္ယာဥ္ မေတာ္တဆမႈေၾကာင့္ ေသဆုံးခဲ့တဲ့ေန႔ျဖစ္ၿပီး လက္စတာအသင္းအတြက္ ဘယ္ေတာ့မွ အစားထုိးလုိ႔မရတဲ့ လူတစ္ေယာက္ကုိ ဆုံး႐ႈံးလုိက္သလုိပါပဲ။ “The Foxes” လုိ႔ အမည္ေျပာင္ သတ္္မွတ္ခံထားရတဲ့ လက္စတာအသင္းဟာ ဗီခ်ိဳင္းလက္ထက္မွာ အသင္းပရိသတ္ေတြ ကုိယ္တုိင္ေတာင္ မေမွ်ာ္လင့္ထားတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကုိ ၂၀၁၅-၁၆ ရာသီမွာ ရယူႏုိင္ခဲ့တယ္။

A-helicopter-crashed-in-the-UK-on-Saturday-night-

A-helicopter-crashed-in-the-UK-on-Saturday-night-

အဲဒီမတိုင္ခင္ လက္စတာအသင္း သမုိင္းတစ္ေလွ်ာက္ အဂၤလန္အမွတ္ေပးလိဂ္ အျမင့္ဆုံး ရပ္တည္မႈက ၁၉၂၈-၂၉ ရာသီမွာ အဆင့္(၂)ေနရာ ရပ္တည္ႏုိင္ခဲ့တာျဖစ္ပါတယ္။ အဆင့္ျမင့္တန္း ခ်န္ပီယံဆုဆုိတာက လက္စတာ ပရိသတ္ေတြအတြက္ ဒ႑ာရီဆန္တဲ့ ပုံျပင္တစ္ခုျဖစ္ၿပီး အဲဒါကို ဗီခ်ိဳင္းက အသက္၀င္ေအာင္ ဖန္တီးေပးခဲ့တယ္။

2015-16-Premier-League-Champions-Leicester-City

2015-16-Premier-League-Champions-Leicester-City

တျခားအသင္းပုိင္ရွင္ေတြနဲ႔ မတူတာက ဗီခ်ဳိဳင္းဟာ အသင္းပရိသတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီး ေနတတ္သူျဖစ္ၿပီး ဒီႏွစ္၊ ဧၿပီလတုန္းက နယူးကာဆယ္နဲ႔ပဲြမတိုင္ခင္ ပရိသတ္ေတြနဲ႔အတူ သူ႔ေမြးေန႔ပဲြ က်င္းပခဲ့သူပါ။ ေနာက္ၿပီး လက္စတာအသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ခဲ့ေတာ့ ဗီခ်ိဳင္းဟာ ကစားသမား (၁၉)ဦးကုိ BMW i8 ကားတစ္စီးစီ လက္ေဆာင္ေပးခဲ့တယ္။

Vichai-and-Mahrez

Vichai-and-Mahrez

ဒီလုိ အသင္းပုိင္ရွင္မ်ိဳးကုိ မေမွ်ာ္လင့္ဘဲ ဆုံး႐ႈံးရမယ္လုိ႔ လက္စတာ ပရိသတ္ေတြ ဘယ္လုိထင္တားမွာလဲ။ ဗီခ်ိဳင္းရဲ႕ ကုိယ္ေရးအရာရွိေဟာင္းျဖစ္တဲ့ Alex Hylton က ဗီခ်ိဳင္းနဲ႔ပတ္သက္ၿပီး အခုလုိ ေျပာခဲ့ဖူးပါတယ္။ “ဗီခ်ိဳင္းဟာ တကယ့္ကုိ ေဘာလုံးပရိသတ္ စစ္စစ္ပါ။ တီဗီမွာ မန္ယူပဲြလာၿပီဆုိ ပဲြမတိုင္ခင္ကတည္းက ထုိင္ေစာင့္ေနသူျဖစ္ပါတယ္။ ဘယ္ကစားသမားက ဘယ္သူဆုိတာလဲ အကုန္သိၿပီးသား။ အဲဒါၿပီးရင္ လက္စတာပဲြကုိ ဆက္ၾကည့္ခဲ့ၿပီး ႐ုံးကေန ေတာ္ေတာ္နဲ႔ မျပန္ပါဘူး။ သူက လက္စတာပရိသတ္တစ္ဦးအျဖစ္ အသင္းကုိ ၀ယ္ယူခဲ့တာလည္းျဖစ္ပါတယ္”။

Vichai-Srivaddhanaprabha

Vichai-Srivaddhanaprabha

ျပည္တြင္းျဖစ္ လက္မႈပစၥည္းေလးေတြ ေရာင္းခ်တာက စၿပီး ၁၉၈၉ ခုႏွစ္မွာ King Power ကုမၸဏီကုိ ထူေထာင္ခဲ့တဲ့ ဗီခ်ိဳင္းဟာ ရည္မွန္းခ်က္ႀကီးသူ၊ ဇြဲရွိသူတစ္ဦးဆုိတာ ေျပာစရာလုိမယ္မထင္ပါဘူး။ ၂၀၁၀ ခုႏွစ္မွာ လက္စတာကုိ ၀ယ္ယူခဲ့ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကုိ ဆြတ္ခူးခဲ့သူ၊ စိတ္ထားေကာင္းၿပီး ဘာသာတရားကုိင္း႐ႈိင္းသူ ဗီခ်ိဳင္း အခုေတာ့ သူ ခ်စ္ျမတ္ႏုိးတဲ့ အရာအားလုံးကုိ လက္ျပႏႈတ္ဆက္သြားပါၿပီ။ ဗီခ်ိဳင္းမရွိေတာ့ေပမယ့္ သူ႔ရဲ႕ နာမည္ကေတာ့ လက္စတာအသင္းနဲ႔ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ထာ၀ရရွင္သန္ေနဦးမွာပါ။ သူ႔ရဲ႕မ်ိဳးဆက္ေတြက လက္စတာအသင္းကုိ ဗီခ်ိဳင္း ခ်မွတ္ခဲ့တဲ့ လမ္းေၾကာင္းအတုိင္း ဆက္ေလွ်ာက္လွမ္းႏုိင္ေအာင္ ႀကိဳးစားသြားမွာပဲ ျဖစ္ပါေတာ့တယ္ . . .

REF:ibtimes,Wikipedia
Photo:Fredericksburg,TheWorldNews,Sports Illustrated,Vaaju,Sportyou,.thesun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လက်စတာအသင်းအတွက် ဒဏ္ဍာရီဆန်တဲ့ ပုံပြင်ကို အသက်သွင်းခဲ့သူ ပဲ့ကိုင်ရှင် ဗီချိုင်း Vichai

၂၈-၁၀-၂၀၁၈။ အဲဒီနေ့ဟာ လက်စတာပရိသတ်တွေအတွက် ဘယ်တော့မှ မေ့နိုင်စရာ၊ ထိခိုက်ကြေကွဲစရာ အကောင်းဆုံး နေ့ရက်တစ်ခု ဖြစ်လာခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အသင်းအတွက် ဒဏ္ဍာရီဆန်ဆန် ပုံပြင်ကို အသက်သွင်းခဲ့သူ၊ အသင်း အောင်မြင်ဖို့ စိတ်ရော၊ ကိုယ်ပါ ရင်းနှီးမြုပ်နှံခဲ့သူ အသင်းပိုင်ရှင် ဗီချိုင်း Vichai Srivaddhanaprabha ရဟတ်ယာဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့တဲ့နေ့ဖြစ်ပြီး လက်စတာအသင်းအတွက် ဘယ်တော့မှ အစားထိုးလို့မရတဲ့ လူတစ်ယောက်ကို ဆုံးရှုံးလိုက်သလိုပါပဲ။ “The Foxes” လို့ အမည်ပြောင် သတ်မှတ်ခံထားရတဲ့ လက်စတာအသင်းဟာ ဗီချိုင်းလက်ထက်မှာ အသင်းပရိသတ်တွေ ကိုယ်တိုင်တောင် မမျှော်လင့်ထားတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၁၅-၁၆ ရာသီမှာ ရယူနိုင်ခဲ့တယ်။

A-helicopter-crashed-in-the-UK-on-Saturday-night-

A-helicopter-crashed-in-the-UK-on-Saturday-night-

အဲဒီမတိုင်ခင် လက်စတာအသင်း သမိုင်းတစ်လျှောက် အင်္ဂလန်အမှတ်ပေးလိဂ် အမြင့်ဆုံး ရပ်တည်မှုက ၁၉၂၈-၂၉ ရာသီမှာ အဆင့်(၂)နေရာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆင့်မြင့်တန်း ချန်ပီယံဆုဆိုတာက လက်စတာ ပရိသတ်တွေအတွက် ဒဏ္ဍာရီဆန်တဲ့ ပုံပြင်တစ်ခုဖြစ်ပြီး အဲဒါကို ဗီချိုင်းက အသက်ဝင်အောင် ဖန်တီးပေးခဲ့တယ်။

2015-16-Premier-League-Champions-Leicester-City

2015-16-Premier-League-Champions-Leicester-City

တခြားအသင်းပိုင်ရှင်တွေနဲ့ မတူတာက ဗီချိုင်းဟာ အသင်းပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး နေတတ်သူဖြစ်ပြီး ဒီနှစ်၊ ဧပြီလတုန်းက နယူးကာဆယ်နဲ့ပွဲမတိုင်ခင် ပရိသတ်တွေနဲ့အတူ သူ့မွေးနေ့ပွဲ ကျင်းပခဲ့သူပါ။ နောက်ပြီး လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တော့ ဗီချိုင်းဟာ ကစားသမား (၁၉)ဦးကို BMW i8 ကားတစ်စီးစီ လက်ဆောင်ပေးခဲ့တယ်။

Vichai-and-Mahrez

Vichai-and-Mahrez

ဒီလို အသင်းပိုင်ရှင်မျိုးကို မမျှော်လင့်ဘဲ ဆုံးရှုံးရမယ်လို့ လက်စတာ ပရိသတ်တွေ ဘယ်လိုထင်တားမှာလဲ။ ဗီချိုင်းရဲ့ ကိုယ်ရေးအရာရှိဟောင်းဖြစ်တဲ့ Alex Hylton က ဗီချိုင်းနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့ဖူးပါတယ်။ “ဗီချိုင်းဟာ တကယ့်ကို ဘောလုံးပရိသတ် စစ်စစ်ပါ။ တီဗီမှာ မန်ယူပွဲလာပြီဆို ပွဲမတိုင်ခင်ကတည်းက ထိုင်စောင့်နေသူဖြစ်ပါတယ်။ ဘယ်ကစားသမားက ဘယ်သူဆိုတာလဲ အကုန်သိပြီးသား။ အဲဒါပြီးရင် လက်စတာပွဲကို ဆက်ကြည့်ခဲ့ပြီး ရုံးကနေ တော်တော်နဲ့ မပြန်ပါဘူး။ သူက လက်စတာပရိသတ်တစ်ဦးအဖြစ် အသင်းကို ဝယ်ယူခဲ့တာလည်းဖြစ်ပါတယ်”။

Vichai-Srivaddhanaprabha

Vichai-Srivaddhanaprabha

ပြည်တွင်းဖြစ် လက်မှုပစ္စည်းလေးတွေ ရောင်းချတာက စပြီး ၁၉၈၉ ခုနှစ်မှာ King Power ကုမ္ပဏီကို ထူထောင်ခဲ့တဲ့ ဗီချိုင်းဟာ ရည်မှန်းချက်ကြီးသူ၊ ဇွဲရှိသူတစ်ဦးဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ ၂၀၁၀ ခုနှစ်မှာ လက်စတာကို ဝယ်ယူခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့သူ၊ စိတ်ထားကောင်းပြီး ဘာသာတရားကိုင်းရှိုင်းသူ ဗီချိုင်း အခုတော့ သူ ချစ်မြတ်နိုးတဲ့ အရာအားလုံးကို လက်ပြနှုတ်ဆက်သွားပါပြီ။ ဗီချိုင်းမရှိတော့ပေမယ့် သူ့ရဲ့ နာမည်ကတော့ လက်စတာအသင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ထာဝရရှင်သန်နေဦးမှာပါ။ သူ့ရဲ့မျိုးဆက်တွေက လက်စတာအသင်းကို ဗီချိုင်း ချမှတ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်လှမ်းနိုင်အောင် ကြိုးစားသွားမှာပဲ ဖြစ်ပါတော့တယ် . . .

REF:ibtimes,Wikipedia
Photo:Fredericksburg,TheWorldNews,Sports Illustrated,Vaaju,Sportyou,.thesun
Naing Linn(Akhayar)
www.akhayar.com