[Zawgyi]

စေတာ္ဘယ္ရီသီးထဲ အပ္ေတြ ေရာထည့္ျပီး ျဖန္႔ေဝေရာင္းခ်တဲ့ အမ်ိဳးသမီးၾကီးကို ဖမ္းဆီး

ၾသစေၾတးလ်ရဲတပ္ဖြဲ႔ဟာ ျပီးခဲ့တဲ့ တနဂၤေႏြေန႔က အသက္ ၅၀ အရြယ္အမ်ိဳးသမီးၾကီး တစ္ေယာက္ကို စေတာ္ဘယ္ရီသီးထဲမွာ စက္ခ်ဳပ္အပ္ေတြ ေရာထည့္မႈနဲ႔ ဖမ္းဆီးလိုက္ပါတယ္။ စေတာ္ဘယ္ရီသီးထဲမွာ အပ္ေတြ ေတြ႔ရွိမႈဟာ စက္တင္ဘာလလယ္ေလာက္ထဲက ျဖစ္ျပီး လူတုိင္းက စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

ဒီအမ်ိဳးသမီးၾကီးရဲ႕ နာမည္နဲ႔ အေသးစိတ္ကို ထုတ္ေဖာ္မေျပာေသးေပမယ့္ ဒီအမ်ိဳးသမီးၾကီးဟာ စားေသာက္ကုန္ထဲကို တျခားပစၥည္းေတြနဲ႔ ေရာေႏွာမႈနဲ႔ အမႈေပါင္း ၇ မႈေလာက္ ရင္ဆုိင္ရမွာ ျဖစ္ပါတယ္။

စေတာ္ဘယ္ရီထဲမွာ အပ္ေတြ စေတြ႔ခဲ့တယ္လို႔ သတင္းပို႔ခဲ့တာကေတာ့ Queensland ျပည္နယ္မွာ ျဖစ္ျပီး အသက္ ၂၁ အရြယ္အမ်ိဳးသားတစ္ေယာက္ဟာ အပ္ပါတဲ့ စေတာ္ဘယ္ရီေတြကို စားမိျပီး ဝမ္းဗိုက္နာက်င္မႈနဲ႔ ေဆးရံုတက္ခဲ့ရတာ ျဖစ္ပါတယ္။

ခံခဲ့ရသူရဲ႕ သူငယ္ခ်င္းျဖစ္တဲ့ Joshua Gane ကေတာ့ “ကၽြန္ေတာ့ သူယ္ခ်င္းဟာ စေတာ္ဘယ္ရီထဲက အပ္အပိုင္းတစ္ခုကို မ်ိဳခ်မိျပီး ေဆးရံုေျပးခဲ့ရတာပါ။ က်န္တဲ့ စေတာ္ဘယ္ရီေတြကို ၾကည့္မိတဲ့အခါ တျခားတစ္လံုးမွာလည္း ေနာက္ထပ္အပ္တစ္ေခ်ာင္းပါေနတာကို ေတြ႔ခဲ့ရပါတယ္” လို႔ Facebook မွာ ေရးသားခဲ့ပါတယ္။

Queensland အာဏာပိုင္ေတြကလည္း ခ်က္ခ်င္းသတိျပဳမိျပီး အပ္ေတြပါဝင္ေနတဲ့ စေတာ္ဘယ္ရီသီးေတြ အေၾကာင္း သတင္းပို႔ခ်က္အမ်ားအျပားလည္း လက္ခံရရွိခဲ့ပါတယ္။ ဒီလို စားမိတဲ့အထဲမွာ ၾသစေၾတးလ်ေတာင္ပုိင္းက အသက္ ၇ ႏွစ္အရြယ္ကေလးမေလးလည္း ပါဝင္ပါတယ္။

သံသယတရားခံအမ်ိဳးသမီးၾကီးဟာ အျပစ္ရွိတာ ေသခ်ာရင္ ေထာင္ဒဏ္ ၁၀ ႏွစ္အထိ က်ခံရမွာ ျဖစ္ပါတယ္။ အပ္ေတြ႔ရတဲ့ အသီးကုမၸဏီေတြကေတာ့ Donnybrook Berries ၊ Love Berry ၊ Delightful Strawberries ၊ Oasis ၊ Berry Obsession နဲ႔ Berry Licious တို႔ပဲ ျဖစ္ပါတယ္။

တကယ္ေတာ့ အပ္ေတြကို စေတာ္ဘယ္ရီသီးေတြတင္မဟုတ္ဘဲ ငွက္ေပ်ာသီးတစ္လံုးနဲ႔ သရက္သီးတစ္လံုးမွာလည္း ေတြ႔ရွိခဲ့ရဖူးပါတယ္။ ဒီလုိေတြ႔ရွိရတာဟာတုိက္ဆုိင္မႈလား၊ တစ္ေယာက္တည္း၊ တစ္ဖြဲ႔တည္းကပဲ ျပဳလုပ္ေနသလားဆိုတာ စံုစမ္းေနဆဲပဲ ရွိပါေသးတယ္။

Queensland က စေတာ္ဘယ္ရီ စိုက္ပ်ိဳးသူမ်ားအစည္းအရံုးရဲ႕ Vice President Adrian Schultz ကေတာ့ “ဒီျဖစ္ရပ္မွာ ပါဝင္ပက္သက္တဲ့ လူေတြအားလံုးကို ကၽြန္ေတာ္အရမ္းစိတ္ဆုိးပါတယ္၊ လယ္သမားေတြလည္း ျဖစ္ႏုိ္င္တယ္၊ ထုပ္ပိုးတဲ့သူေတြလည္းျဖစ္ႏုိ္င္တယ္၊ ျဖန္႔ခ်ိတဲ့သူေတြလည္း ျဖစ္ႏုိင္ပါတယ္” လို႔ ဆုိခဲ့ပါတယ္။ အာဏာပိုင္ေတြကေတာ့ “Woolworth Supermarket ကေန ထြက္သြားတဲ့ စိတ္မေက်မခ်မ္းျဖစ္ေနတဲ့ အလုပ္သမားေဟာင္းတစ္ေယာက္ေယာက္က လုပ္တယ္လို႔ သံသယရွိတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။Woolworth ဆိုတာ အပ္ေတြ႔ရွိရတဲ့ စေတာ္ဘယ္ရီဘူးေတြ ေတြ႔ရတဲ့ ေနရာတစ္ခုပါ။

အခုထိေတာ့ စံုစမ္းေနဆဲျဖစ္ျပီး ဒီလို အႏၱရာယ္မ်ားလွတဲ့ စေတာ္ဘယ္ရီသီးထဲ အပ္ေတြ ထည့္တဲ့ အမႈကို ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : Huffingtonpost.com
[Unicode]

စတော်ဘယ်ရီသီးထဲ အပ်တွေ ရောထည့်ပြီး ဖြန့်ဝေရောင်းချတဲ့ အမျိုးသမီးကြီးကို ဖမ်းဆီး

သြစတြေးလျရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသက် ၅၀ အရွယ်အမျိုးသမီးကြီး တစ်ယောက်ကို စတော်ဘယ်ရီသီးထဲမှာ စက်ချုပ်အပ်တွေ ရောထည့်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ စတော်ဘယ်ရီသီးထဲမှာ အပ်တွေ တွေ့ရှိမှုဟာ စက်တင်ဘာလလယ်လောက်ထဲက ဖြစ်ပြီး လူတိုင်းက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒီအမျိုးသမီးကြီးရဲ့ နာမည်နဲ့ အသေးစိတ်ကို ထုတ်ဖော်မပြောသေးပေမယ့် ဒီအမျိုးသမီးကြီးဟာ စားသောက်ကုန်ထဲကို တခြားပစ္စည်းတွေနဲ့ ရောနှောမှုနဲ့ အမှုပေါင်း ၇ မှုလောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

စတော်ဘယ်ရီထဲမှာ အပ်တွေ စတွေ့ခဲ့တယ်လို့ သတင်းပို့ခဲ့တာကတော့ Queensland ပြည်နယ်မှာ ဖြစ်ပြီး အသက် ၂၁ အရွယ်အမျိုးသားတစ်ယောက်ဟာ အပ်ပါတဲ့ စတော်ဘယ်ရီတွေကို စားမိပြီး ဝမ်းဗိုက်နာကျင်မှုနဲ့ ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။

ခံခဲ့ရသူရဲ့ သူငယ်ချင်းဖြစ်တဲ့ Joshua Gane ကတော့ “ကျွန်တော့ သူယ်ချင်းဟာ စတော်ဘယ်ရီထဲက အပ်အပိုင်းတစ်ခုကို မျိုချမိပြီး ဆေးရုံပြေးခဲ့ရတာပါ။ ကျန်တဲ့ စတော်ဘယ်ရီတွေကို ကြည့်မိတဲ့အခါ တခြားတစ်လုံးမှာလည်း နောက်ထပ်အပ်တစ်ချောင်းပါနေတာကို တွေ့ခဲ့ရပါတယ်” လို့ Facebook မှာ ရေးသားခဲ့ပါတယ်။

Queensland အာဏာပိုင်တွေကလည်း ချက်ချင်းသတိပြုမိပြီး အပ်တွေပါဝင်နေတဲ့ စတော်ဘယ်ရီသီးတွေ အကြောင်း သတင်းပို့ချက်အများအပြားလည်း လက်ခံရရှိခဲ့ပါတယ်။ ဒီလို စားမိတဲ့အထဲမှာ သြစတြေးလျတောင်ပိုင်းက အသက် ၇ နှစ်အရွယ်ကလေးမလေးလည်း ပါဝင်ပါတယ်

သံသယတရားခံအမျိုးသမီးကြီးဟာ အပြစ်ရှိတာ သေချာရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။ အပ်တွေ့ရတဲ့ အသီးကုမ္ပဏီတွေကတော့ Donnybrook Berries ၊ Love Berry ၊ Delightful Strawberries ၊ Oasis ၊ Berry Obsession နဲ့ Berry Licious တို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ အပ်တွေကို စတော်ဘယ်ရီသီးတွေတင်မဟုတ်ဘဲ ငှက်ပျောသီးတစ်လုံးနဲ့ သရက်သီးတစ်လုံးမှာလည်း တွေ့ရှိခဲ့ရဖူးပါတယ်။ ဒီလိုတွေ့ရှိရတာဟာတိုက်ဆိုင်မှုလား၊ တစ်ယောက်တည်း၊ တစ်ဖွဲ့တည်းကပဲ ပြုလုပ်နေသလားဆိုတာ စုံစမ်းနေဆဲပဲ ရှိပါသေးတယ်။

Queensland က စတော်ဘယ်ရီ စိုက်ပျိုးသူများအစည်းအရုံးရဲ့ Vice President Adrian Schultz ကတော့ “ဒီဖြစ်ရပ်မှာ ပါဝင်ပက်သက်တဲ့ လူတွေအားလုံးကို ကျွန်တော်အရမ်းစိတ်ဆိုးပါတယ်၊ လယ်သမားတွေလည်း ဖြစ်နိုင်တယ်၊ ထုပ်ပိုးတဲ့သူတွေလည်းဖြစ်နိုင်တယ်၊ ဖြန့်ချိတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ “Woolworth Supermarket ကနေ ထွက်သွားတဲ့ စိတ်မကျေမချမ်းဖြစ်နေတဲ့ အလုပ်သမားဟောင်းတစ်ယောက်ယောက်က လုပ်တယ်လို့ သံသယရှိတယ်” လို့ ပြောကြားခဲ့ပါတယ်။Woolworth ဆိုတာ အပ်တွေ့ရှိရတဲ့ စတော်ဘယ်ရီဘူးတွေ တွေ့ရတဲ့ နေရာတစ်ခုပါ။

အခုထိတော့ စုံစမ်းနေဆဲဖြစ်ပြီး ဒီလို အန္တရာယ်များလှတဲ့ စတော်ဘယ်ရီသီးထဲ အပ်တွေ ထည့်တဲ့ အမှုကို ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Huffingtonpost.com