[Zawgyi]

လူမႈကြန္ရက္ေပၚနာမည္ႀကီးေနတဲ့ Australia မီးသတ္သမားလူေခ်ာေလးေတြပံုနဲ႔ ျပကၡဒိန္

ႏွစ္စဥ္ႏွစ္တိုင္း Australian မီးသတ္ဌာနက ထုတ္တဲ့ျပကၡဒိန္ကေတာ့ ၂၀၁၉ခုႏွစ္ျပကၡဒိန္မွာလည္း ေကာင္မေလးေတြရဲ႕ အသည္းကို တစစီေႁခြလိုက္ျပန္ၿပီတဲ့။

Australian မီးသတ္ဌာနက မီးသတ္ကိုယ္ေတာ္ေခ်ာေလးေတြရဲ႕ Uniform ဝတ္စံုကိုမွ ခႏၶာကိုယ္အေပၚပိုင္းဗလာက်င္းကို Australia တိရိစာၦန္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕နဲ႔ ပူးေပါင္း႐ိုက္ကူးလိုက္တဲ့ 2019 Australian Firefighter Calendar ေပါက္ခ်က္က ေၾကာက္ဖို႔ေတာင္ေကာင္းေလရဲ႕။

ေကာင္းဆို ေတာင့္ေတာင့္တင္းတင္းသန္မာတဲ့ ကိုလူျဖဴေလးေတြရဲ႕ အမိုက္စား Body Structure ေတြရယ္၊ ခ်စ္စရာ တိရိစာၦန္ေလးေတြရယ္ကို Idea အဆန္းေတြနဲ႔ ကြန္႔ျမဴး႐ိုက္ထားေတာ့ တိရိစာၦန္ေလးေတြထိန္းသိမ္းေစာင့္ေရွာက္ဖို႔ သတိေပးရာလည္းေရာက္၊ ဆြဲေဆာင္မႈလည္း ရွိေနေရာေလ။

ဒီလိုႏွစ္စဥ္ျပကၡဒိန္႐ိုက္ကူးမႈတိုင္းဟာ နာမည္ေက်ာ္ၾကားၿပီး အဓိကအားျဖင့္ ႏိုင္ငံတြင္းက မီးသတ္သမားေတြရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြ၊ လုပ္ေဆာင္ခ်က္ေတြကို သတိျပဳေစလိုတဲ့ ရည္ရြယ္ခ်က္အျပင္ ဒီႏွစ္မွာေတာ့ တိရိစၧာန္ေလးေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္ေကာင္းေလးေတြနဲ႔ ႐ိုက္ကူးခဲ့တာမို႔ သေဘာက်စရာပါပဲ။

ပံုေလးေတြတစ္ခ်က္ၾကည့္လိုက္ပါဦး။

2019 ခုႏွစ္အတြက္ Australian Firefighter Calender ကေတာ့ Australian သူေလးေတြၾကားမွာသာမက လူမႈကြန္ရက္ေပၚမွာပါ တိရိစာၦန္ခ်စ္သူေတြၾကားမွာေရာ၊ နႈတ္ခမ္းနီမေလးေတြၾကားမွာပါ နာမည္ႀကီးေနေလရဲ႕။

EiEiKhineMinn (Akhayar)

[Unicode]

လူမှုကွန်ရက်ပေါ်နာမည်ကြီးနေတဲ့ Australia မီးသတ်သမားလူချောလေးတွေပုံနဲ့ ပြက္ခဒိန်

နှစ်စဉ်နှစ်တိုင်း Australian မီးသတ်ဌာနက ထုတ်တဲ့ပြက္ခဒိန်ကတော့ ၂၀၁၉ခုနှစ်ပြက္ခဒိန်မှာလည်း ကောင်မလေးတွေရဲ့ အသည်းကို တစစီခြွေလိုက်ပြန်ပြီတဲ့။

Australian မီးသတ်ဌာနက မီးသတ်ကိုယ်တော်ချောလေးတွေရဲ့ Uniform ဝတ်စုံကိုမှ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းကို Australia တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ ပူးပေါင်းရိုက်ကူးလိုက်တဲ့ 2019 Australian Firefighter Calendar ပေါက်ချက်က ကြောက်ဖို့တောင်ကောင်းလေရဲ့။

ကောင်းဆို တောင့်တောင့်တင်းတင်းသန်မာတဲ့ ကိုလူဖြူလေးတွေရဲ့ အမိုက်စား Body Structure တွေရယ်၊ ချစ်စရာ တိရိစ္ဆာန်လေးတွေရယ်ကို Idea အဆန်းတွေနဲ့ ကွန့်မြူးရိုက်ထားတော့ တိရိစ္ဆာန်လေးတွေထိန်းသိမ်းစောင့်ရှောက်ဖို့ သတိပေးရာလည်းရောက်၊ ဆွဲဆောင်မှုလည်း ရှိနေရောလေ။

ဒီလိုနှစ်စဉ်ပြက္ခဒိန်ရိုက်ကူးမှုတိုင်းဟာ နာမည်ကျော်ကြားပြီး အဓိကအားဖြင့် နိုင်ငံတွင်းက မီးသတ်သမားတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ၊ လုပ်ဆောင်ချက်တွေကို သတိပြုစေလိုတဲ့ ရည်ရွယ်ချက်အပြင် ဒီနှစ်မှာတော့ တိရိစ္ဆာန်လေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းလေးတွေနဲ့ ရိုက်ကူးခဲ့တာမို့ သဘောကျစရာပါပဲ။

ပုံလေးတွေတစ်ချက်ကြည့်လိုက်ပါဦး။

2019 ခုနှစ်အတွက် Australian Firefighter Calender ကတော့ Australian သူလေးတွေကြားမှာသာမက လူမှုကွန်ရက်ပေါ်မှာပါ တိရိစ္ဆာန်ချစ်သူတွေကြားမှာရော၊ နှုတ်ခမ်းနီမလေးတွေကြားမှာပါ နာမည်ကြီးနေလေရဲ့။

EiEiKhineMinn (Akhayar)