This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကစားသမားမ်ိဳးဆက္ျပတ္မႈနဲ႔အတူ အာရွမွာပါ ရုန္းကန္လာရတဲ့ ၾသစေၾတးလ်အသင္း

ၾသစေၾတးလ်အသင္း
ၾသဇီလို႔ လူသိမ်ားတဲ့ သမုဒၵရာပိုင္းဇုန္က ၾသစေၾတးလ်အသင္းဟာ တစ္ခ်ိန္က နာမည္ေက်ာ္ ကစားသမားေတြနဲ႔ ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္ခဲ့တယ္။ ၂၀၀၆ ခုႏွစ္မွာ အာရွတိုက္ကို ေျပာင္းလာခဲ့တဲ့ ေနာက္ပိုင္း အဓိက ကစားသမားေတြ အနားယူသြားမႈနဲ႔အတူ ေျခစြမ္းပိုင္းပါ က်ဆင္းလာခဲ့တဲ့ အသင္းတစ္သင္းပါပဲ။ သမုဒၵရာပိုင္းဇုန္ ခ်န္ပီယံဆုဖလားကို (၄)ႀကိမ္အထိ ရယူႏိုင္ခဲ့ၿပီး အာရွဖလားခ်န္ပီယံဆုကိုေတာ့ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ ၂၀၁၅ ၿပိဳင္ပြဲမွာ ရယူႏိုင္ခဲ့ပါတယ္။ ကီးဝဲလ္၊ ဗီဒူကာ၊ ရွဝါဇာ၊ အလြိဳင္စီ၊ ဘရက္စီယာႏိုနဲ႔ လက္ရွိအခ်ိန္အထိ အသင္းအတြက္ ကစားေပးေနတဲ့ တိုက္စစ္မွဴး တင္မ္ကာေဟးလ္တို႔လို ေရႊေရာင္မ်ိဳးဆက္ ကစားသမား စုဖြဲ႔မႈနဲ႔ အေကာင္းဆံုး အခ်ိန္ကို ပိုင္ဆိုင္ႏိုင္ခဲ့တယ္။ ေနာက္ပိုင္းမွာ ကစားသမား မ်ိဳးဆက္ျပတ္မႈနဲ႔အတူ အသင္းပံုရိပ္ဟာ တစ္ေျဖးေျဖး က်ဆင္းလာခဲ့ၿပီး အာရွတိုက္မွာေတာင္ ေအာင္ျမင္မႈ ရယူႏိုင္ဖို႔ ရုန္းကန္လာရပါတယ္။ ၂၀၁၅ ခုႏွစ္မွာ အာရွဖလား ခ်န္ပီယံဆု ရယူေပးခဲ့ၿပီး ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲ ဝင္ခြင့္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ နည္းျပ ပိုစတီေကာ့ဂလူး ရာထူးက ရုတ္တရက္ ႏႈတ္ထြက္သြားခဲ့လို႔ ၂၀၁၀ ကမၻာ႔ဖလားမွာ နယ္သာလန္အသင္းကို ဗုိုလ္လုပြဲ ပို႔ေဆာင္ေပးခဲ့တဲ့ နည္းျပ ဗန္မာဝတ္ခ္ကို နည္းျပအျဖစ္ ခန္႔အပ္ခဲ့ပါတယ္။ နည္းျပ ဗန္မာဝတ္ခ္အေနနဲ႔လည္း အသင္းကို ကာလရွည္ ကိုင္တြယ္သြားမွာ မဟုတ္ဘဲ ကမၻာ႔ဖလားၿပိဳင္ပြဲ အၿပီးအထိသာ အသင္းကို ကိုင္တြယ္သြားမွာျဖစ္ပါတယ္။ ဒီလို နည္းျပ ျပႆနာေတြရွိေနၿပီး နာမည္ေက်ာ္ ကစားသမား ေမြးထုတ္ႏိုင္ျခင္းမရွိေတာ့တဲ့ ၾသစေၾတးလ်အသင္း ရုရွားေျမေပၚမွာ ဘယ္ေလာက္အထိ စြမ္းေဆာင္ျပႏိုင္မလဲဆုိတာ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

Australia-Team-Celebrations

Australia-Team-Celebrations

ကမၻာ႔ဖလားသမိုင္းေၾကာင္း
၁၉၇၄ ၿပိဳင္ပြဲကို ပထမဆံုးအႀကိမ္ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့လုိ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ အုပ္စုတြင္း ႏိုင္ပြဲတစ္ပြဲမွမရဘဲ ၿပိဳင္ပြဲက ထြက္ခြာခဲ့ရပါတယ္။ အဲေနာက္ပိုင္းမွာ ေျခစစ္ပြဲေအာင္ျမင္ျခင္းမရွိေတာ့လို႔ ၿပိဳင္ပြဲနဲ႔ ေဝးကြာခဲ့ရၿပီး ၂၀၀၆ ၿပိဳင္ပြဲမွာေတာ့ တစ္ေက်ာ႔ျပန္ ပါဝင္ႏုိင္ခဲ့ပါတယ္။ ဒီၿပိဳင္ပြဲက ၾသစေၾတးလ်အသင္းအတြက္ အေအာင္ျမင္ဆံုး ၿပိဳင္ပြဲျဖစ္ခဲ့ၿပီး ရံႈးထြက္ (၁၆)သင္းအဆင့္အထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ၂၀၀၆ ၿပိဳင္ပြဲရဲ႕ ခ်န္ပီယံျဖစ္ခဲ့တဲ့ အီတလီအသင္းနဲ႔ (၁၆)သင္းရံႈးထြက္အဆင့္မွာ ထိပ္တိုက္ေတြ႔ဆံုခဲ့ၿပီး ပံုစံေကာင္းျပသႏိုင္ခဲ့ေပမယ့္ စပိန္ကြင္းလယ္ဒိုင္ ကန္တယ္လီဟိုရဲ႕ ပြဲၿပီးဖို႔ စကၠန္႔ပိုင္းအလိုမွာ သတ္မွတ္ေပးခဲ့တဲ့ အျငင္းပြားဖြယ္ ပယ္နယ္တီေၾကာင့္ ၿပိဳင္ပြဲက ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ ၂၀၀၆ ေနာက္ပိုင္း ၂၀၁၀နဲ႔ ၂၀၁၄ ၿပိဳင္ပြဲေတြမွာ ေတာက္ေလွ်ာက္ကို ပါဝင္ခဲ့ေပမယ့္ (၂)ႀကိမ္စလံုး အုပ္စုအဆင့္ကေန ထြက္ခြာခဲ့ရပါတယ္။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းမႈ
ၾသစေၾတးလ်အသင္းရဲ႕ ေျခစြမ္းပိုင္း က်ဆင္းလာမႈက ေျခစစ္ပြဲအဆင့္မွာ ေတာ္ေတာ္ေလးသိသာခဲ့ပါတယ္။ ေျခစစ္ပြဲ တိုက္ရိုက္ေအာင္ျမင္မယ့္ အုပ္စုပထမေနရာနဲ႔ ဒုတိယေနရာေတြကို ရယူႏိုင္ခဲ့ျခင္းမရွိဘဲ အုပ္စုတတိယေနရာသာ ရရွိခဲ့လို႔ ကြန္ကာကပ္ဖ္ဇုန္က အသင္းနဲ႔ Play-Off ကစားခြင့္ရဖို႔ တစ္ဖက္အုပ္စုမွာ တတိယေနရာကို ရယူႏိုင္ခဲ့တဲ့ ဆီးရီးယားအသင္းနဲ႔ ကစားခဲ့ရပါတယ္။ ဆီရီးယားအသင္းကိုေတာင္ ခက္ခက္ခဲခဲ ရင္ဆိုင္ခဲ့ရကာ အခ်ိန္ပို အႏိုင္ဂိုးေၾကာင့္ အာရွတိုက္ရဲ႕ အဆင့္ (၅)ေနရာကို ရယူႏိုင္ခဲ့ၿပီး ကြန္ကာကပ္ဖ္ဇုန္ အဆင့္ (၄)ေနရာရ ဟြန္ဒူးရပ္စ္အသင္းနဲ႔ Play-Off ကစားခြင့္ ရခဲ့ပါတယ္။ ဟြန္ဒူးရပ္စ္အသင္းနဲ႔ ပထမအေက်ာ႔မွာ ဂိုးမရွိ သေရက်ခဲ့ၿပီး ဒုတိယအေက်ာ႔အျဖစ္ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာေတာ့ ၾသစေၾတးလ်အသင္းရဲ႕ ေျခစစ္ပြဲတစ္ေလွ်ာက္ အေကာင္းဆံုး ေျခစြမ္းလို႔ ေျပာရမယ့္ ကစားပံုကို ျပသႏိုင္ခဲ့ၿပီး (၃-၁)ဂိုးဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ယူကာ ကမၻာ႔ဖလားဝင္ခြင့္ လက္မွတ္တစ္ေစာင္ကို ရရွိခဲ့တာ ျဖစ္ပါတယ္။

Australia-Midfielder-Aaron-Mooy

Australia-Midfielder-Aaron-Mooy

ေစာင့္ၾကည့္ရမယ့္ ကစားသမား
ဥေရာပအေျခစိုက္ ကစားသမား အမ်ားစု အၿပီးသတ္ စာရင္းမွာ ပါဝင္လာခဲ့ေပမယ့္ တစ္ခ်ိန္က စုဖြဲ႔မႈေလာက္ အားရစရာေတာ့မရွိပါဘူး။ ဝါရင့္ကြင္းလယ္လူ ယဲလ္ဒီးနက္ခ္က အသင္းကို ဦးေဆာင္လာခဲ့ၿပီး အသက္ (၃၈)ႏွစ္ ရွိၿပီျဖစ္တဲ့ ဝါရင့္တိုက္စစ္မွဴး တင္မ္ကာေဟးလ္ အၿပီးသတ္ လူစာရင္းမွာ ပါဝင္လာခဲ့ပါတယ္။ ကြင္းလယ္စုဖြဲ႔မႈကေတာ့ အနည္းငယ္ အားရစရာေကာင္းေနၿပီး အာရြန္မြိဳင္း၊ အီယာဗိုင္းတို႔လို အဂၤလန္ေျမမွာ ပံုစံေကာင္းျပေနတဲ့ ကစားသမားေတြ ပါဝင္လာခဲ့ပါတယ္။ တိုက္စစ္ပိုင္းမွာ ဝါရင့္တိုက္စစ္မွဴး တင္မ္ကာေဟးလ္အျပင္ ဘြန္ဒစ္လီဂါအေျခစိုက္ ကစားသမားေတြျဖစ္တဲ့ လက္ကီး၊ ခရူဆဲလ္၊ မကၠလာရင္တို႔နဲ႔ စုဖြဲ႔ထားတာ ျဖစ္ပါတယ္။ အဓိက ေစာင့္ၾကည့္သြားရမယ့္ ကစားသမားကေတာ့ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ဟတ္ဒါဖီးလ္အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ အာရြန္မြိဳင္းပဲ ျဖစ္ပါတယ္။ အလားအလာရွိတဲ့ ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရေပမယ့္ ႏိုင္ငံအသင္းအတြက္ လံုေလာက္တဲ့ စြမ္းေဆာင္မႈမ်ိဳး ျပသႏိုင္ျခင္းမရွိေသးပါဘူး။ ရုရွားေျမမွာ က်င္းပမယ့္ ကမၻာ႔ဖလားၿပိဳင္ပြဲမွာေတာ့ အသက္အရြယ္ပိုင္းအရ အေကာင္းဆံုး အခ်ိန္ကို ေရာက္ေနသလို ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ကလပ္အသင္းမွာ ျပသခဲ့တဲ့ ေျခစြမ္းေတြအရ ၾသစေၾတးလ်ကြင္းလယ္မွာ ေျခစြမ္းျပ ကစားႏိုင္မလဲဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

REF:Wikipedia
Photo:Stadium Astro, Socceroos, PerthNow
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကစားသမားမျိုးဆက်ပြတ်မှုနဲ့အတူ အာရှမှာပါ ရုန်းကန်လာရတဲ့ သြစတြေးလျအသင်း

သြစတြေးလျအသင်း
သြဇီလို့ လူသိများတဲ့ သမုဒ္ဒရာပိုင်းဇုန်က သြစတြေးလျအသင်းဟာ တစ်ချိန်က နာမည်ကျော် ကစားသမားတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ အာရှတိုက်ကို ပြောင်းလာခဲ့တဲ့ နောက်ပိုင်း အဓိက ကစားသမားတွေ အနားယူသွားမှုနဲ့အတူ ခြေစွမ်းပိုင်းပါ ကျဆင်းလာခဲ့တဲ့ အသင်းတစ်သင်းပါပဲ။ သမုဒ္ဒရာပိုင်းဇုန် ချန်ပီယံဆုဖလားကို (၄)ကြိမ်အထိ ရယူနိုင်ခဲ့ပြီး အာရှဖလားချန်ပီယံဆုကိုတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၅ ပြိုင်ပွဲမှာ ရယူနိုင်ခဲ့ပါတယ်။ ကီးဝဲလ်၊ ဗီဒူကာ၊ ရှဝါဇာ၊ အလွိုင်စီ၊ ဘရက်စီယာနိုနဲ့ လက်ရှိအချိန်အထိ အသင်းအတွက် ကစားပေးနေတဲ့ တိုက်စစ်မှူး တင်မ်ကာဟေးလ်တို့လို ရွှေရောင်မျိုးဆက် ကစားသမား စုဖွဲ့မှုနဲ့ အကောင်းဆုံး အချိန်ကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ကစားသမား မျိုးဆက်ပြတ်မှုနဲ့အတူ အသင်းပုံရိပ်ဟာ တစ်ဖြေးဖြေး ကျဆင်းလာခဲ့ပြီး အာရှတိုက်မှာတောင် အောင်မြင်မှု ရယူနိုင်ဖို့ ရုန်းကန်လာရပါတယ်။ ၂၀၁၅ ခုနှစ်မှာ အာရှဖလား ချန်ပီယံဆု ရယူပေးခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ပိုစတီကော့ဂလူး ရာထူးက ရုတ်တရက် နှုတ်ထွက်သွားခဲ့လို့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်းကို ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြ ဗန်မာဝတ်ခ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ နည်းပြ ဗန်မာဝတ်ခ်အနေနဲ့လည်း အသင်းကို ကာလရှည် ကိုင်တွယ်သွားမှာ မဟုတ်ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးအထိသာ အသင်းကို ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ဒီလို နည်းပြ ပြဿနာတွေရှိနေပြီး နာမည်ကျော် ကစားသမား မွေးထုတ်နိုင်ခြင်းမရှိတော့တဲ့ သြစတြေးလျအသင်း ရုရှားမြေပေါ်မှာ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Australia-Team-Celebrations

Australia-Team-Celebrations

ကမ္ဘာ့ဖလားသမိုင်းကြောင်း
၁၉၇၄ ပြိုင်ပွဲကို ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့လို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အုပ်စုတွင်း နိုင်ပွဲတစ်ပွဲမှမရဘဲ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ အဲနောက်ပိုင်းမှာ ခြေစစ်ပွဲအောင်မြင်ခြင်းမရှိတော့လို့ ပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရပြီး ၂၀၀၆ ပြိုင်ပွဲမှာတော့ တစ်ကျော့ပြန် ပါဝင်နိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲက သြစတြေးလျအသင်းအတွက် အအောင်မြင်ဆုံး ပြိုင်ပွဲဖြစ်ခဲ့ပြီး ရှုံးထွက် (၁၆)သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ၂၀၀၆ ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းနဲ့ (၁၆)သင်းရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပုံစံကောင်းပြသနိုင်ခဲ့ပေမယ့် စပိန်ကွင်းလယ်ဒိုင် ကန်တယ်လီဟိုရဲ့ ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှာ သတ်မှတ်ပေးခဲ့တဲ့ အငြင်းပွားဖွယ် ပယ်နယ်တီကြောင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ၂၀၀၆ နောက်ပိုင်း ၂၀၁၀နဲ့ ၂၀၁၄ ပြိုင်ပွဲတွေမှာ တောက်လျှောက်ကို ပါဝင်ခဲ့ပေမယ့် (၂)ကြိမ်စလုံး အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းမှု
သြစတြေးလျအသင်းရဲ့ ခြေစွမ်းပိုင်း ကျဆင်းလာမှုက ခြေစစ်ပွဲအဆင့်မှာ တော်တော်လေးသိသာခဲ့ပါတယ်။ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်မယ့် အုပ်စုပထမနေရာနဲ့ ဒုတိယနေရာတွေကို ရယူနိုင်ခဲ့ခြင်းမရှိဘဲ အုပ်စုတတိယနေရာသာ ရရှိခဲ့လို့ ကွန်ကာကပ်ဖ်ဇုန်က အသင်းနဲ့ Play-Off ကစားခွင့်ရဖို့ တစ်ဖက်အုပ်စုမှာ တတိယနေရာကို ရယူနိုင်ခဲ့တဲ့ ဆီးရီးယားအသင်းနဲ့ ကစားခဲ့ရပါတယ်။ ဆီရီးယားအသင်းကိုတောင် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရကာ အချိန်ပို အနိုင်ဂိုးကြောင့် အာရှတိုက်ရဲ့ အဆင့် (၅)နေရာကို ရယူနိုင်ခဲ့ပြီး ကွန်ကာကပ်ဖ်ဇုန် အဆင့် (၄)နေရာရ ဟွန်ဒူးရပ်စ်အသင်းနဲ့ Play-Off ကစားခွင့် ရခဲ့ပါတယ်။ ဟွန်ဒူးရပ်စ်အသင်းနဲ့ ပထမအကျော့မှာ ဂိုးမရှိ သရေကျခဲ့ပြီး ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ သြစတြေးလျအသင်းရဲ့ ခြေစစ်ပွဲတစ်လျှောက် အကောင်းဆုံး ခြေစွမ်းလို့ ပြောရမယ့် ကစားပုံကို ပြသနိုင်ခဲ့ပြီး (၃-၁)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ကမ္ဘာ့ဖလားဝင်ခွင့် လက်မှတ်တစ်စောင်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Australia-Midfielder-Aaron-Mooy

Australia-Midfielder-Aaron-Mooy

စောင့်ကြည့်ရမယ့် ကစားသမား
ဥရောပအခြေစိုက် ကစားသမား အများစု အပြီးသတ် စာရင်းမှာ ပါဝင်လာခဲ့ပေမယ့် တစ်ချိန်က စုဖွဲ့မှုလောက် အားရစရာတော့မရှိပါဘူး။ ဝါရင့်ကွင်းလယ်လူ ယဲလ်ဒီးနက်ခ်က အသင်းကို ဦးဆောင်လာခဲ့ပြီး အသက် (၃၈)နှစ် ရှိပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး တင်မ်ကာဟေးလ် အပြီးသတ် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ကွင်းလယ်စုဖွဲ့မှုကတော့ အနည်းငယ် အားရစရာကောင်းနေပြီး အာရွန်မွိုင်း၊ အီယာဗိုင်းတို့လို အင်္ဂလန်မြေမှာ ပုံစံကောင်းပြနေတဲ့ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ ဝါရင့်တိုက်စစ်မှူး တင်မ်ကာဟေးလ်အပြင် ဘွန်ဒစ်လီဂါအခြေစိုက် ကစားသမားတွေဖြစ်တဲ့ လက်ကီး၊ ခရူဆဲလ်၊ မက္ကလာရင်တို့နဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။ အဓိက စောင့်ကြည့်သွားရမယ့် ကစားသမားကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဟတ်ဒါဖီးလ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ အာရွန်မွိုင်းပဲ ဖြစ်ပါတယ်။ အလားအလာရှိတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် နိုင်ငံအသင်းအတွက် လုံလောက်တဲ့ စွမ်းဆောင်မှုမျိုး ပြသနိုင်ခြင်းမရှိသေးပါဘူး။ ရုရှားမြေမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အသက်အရွယ်ပိုင်းအရ အကောင်းဆုံး အချိန်ကို ရောက်နေသလို ပြီးခဲ့တဲ့ ဘောလုံးရာသီက ကလပ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေအရ သြစတြေးလျကွင်းလယ်မှာ ခြေစွမ်းပြ ကစားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

REF:Wikipedia
Photo:Stadium Astro, Socceroos, PerthNow
Aung Kyaw Wai (Akhayar)
www.akhayar.com