[Zawgyi]










ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

အသက်ထိပ်စီးပြောင်းသွားပြီ ဖြစ်တဲ့ မင်းသားချောအောင်ရဲလင်း

ဒီကနေ့ဟာဆိုရင်တော့ သရုပ်ဆောင်မင်းသားချောအောင်ရဲလင်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ အောင်ရဲလင်းကို ၁၉၈၈ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာမွေးတယ်တဲ့ အတွက် ဒီကနေ့ဟာ သူ့ရဲ့ အသက် ၃၀ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေကမွေးနေ့ဆုတောင်း ကို သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေပို့ထားတာတွေလည်း တွေ့ရပါတယ်။

မိတ်ကပ်မထက်ကလည်း “ Happy Birthday မင်းသား” ဆိုပြီးတော့ အောင်ရဲလင်းကို မွေးနေ့ဆုတောင်းပေးထားတာတွေ့ရပါတယ်။

မိတ်ကပ်မထက်ရဲ့မွေးနေ့ဆုတောင်း

ဒါရိုက်တာကြည်ဖြူရှင်ကလည်း “ချစ်တပည့်အောင်ရဲလင်းကောင်းကျိုးလိုအင်ဆန္ဒပြည့်ပါစေ” ဆိုပြီးတော့ မွေးနေ့ဆုတောင်းပေးထားတာကိုတွေ့ရပါသေးတယ်။

ဒါရိုက်တာကြည်ဖြူသျှင်ရဲ့မွေးနေ့ဆုတောင်း

ဒီနေ့ကဟာ အောင်ရဲလင်း အတွက်ထိပ်စီးပြောင်းတဲ့နေ့တစ်နေ့ဖြစ်တာကြောင့် ဘုရားတတ်ပြီး ကုသိုလ်ပြုခဲ့တဲ့ ပုံလေးနဲ့ သူ့အသက် ၃၀ ပြည့်မွေးနေ့မှာဆုတောင်းပေးကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းကိုရေးထားတာတွေ့ရပါတယ်။ ဒီနေ့မှာပဲ သူ့ရဲ့ဆုတောင်းလေးကတော့ လူသားအားလုံးကျန်းမာချမ်းသာပြီး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ရေးသားထားတာကိုလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ တွေ့ရပါတယ်။

မွေးနေ့မှာ ဘုရားသွားခဲ့တဲ့ ပုံ

“peaceful my full of 30th birthday (19.6.88 ) under the embrace of..” Lord Buddha ” n all my thanks goes to the ones who wish for me….
I wish all of the people…to b healthy…wealthy n…happy”

ကြည်သာ (Akhayar)

Photo Credit: Aung Ye Lin Facebook

www.akhayar.com